Fact Check: ဗီယက်နမ်မှာ ရထားစီးရင်း မိုးမလုံလို့ ထီးဆောင်းနေရတာလား-မဟုတ်ပါ

False နိုင်ငံတကာ၊ | International

C:\Users\User\Downloads\622 X 420 WordPress Main Image.jpg

ရထားပေါ်မှာ ထီးဖွင့်ထားတဲ့ ဓာတ်ပုံတွေနဲ့အတူ တရုတ်နည်းပညာနဲ့ ဆောက်လုပ်ခဲ့တဲ့ ဗီယက်နမ်က ရထားလိုင်းဟာ တနှစ်မကြာသေးခင်မှာ ပျက်စီးခဲ့ပြီး မြို့တွင်း ရထားစီးရင်း မိုးမလုံလို့ ရထားစီးသူတွေဟာ ထီးဆောင်းနေရတယ်လို့ပြောဆိုထားတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။  ဒါပေမဲ့ မှားယွင်းပြောဆိုချက်ဖြစ်ပြီး ဗီယက်နမ်က ရထားလေအေးပေး စက်ချို့ ယွင်းမှုဖြစ်စဉ်တခုနဲ့ သက်ဆိုင်တဲ့ ဓာတ်ပုံသာ ဖြစ်တာတွေ့ရပါတယ်။

ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။  တူညီစွာ  ပြောဆိုဖြန့်ဝေထားတာတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။

“တရုတ်နည်းပညာနဲ့ ရထားလိုင်းဖွင့်ပြီး တနှစ်မကြာသေးခင် ဗီယက်နမ်နိုင်ငံသားတွေဟာ မြို့တွင်းရထားစီးရင်း မိုးမလုံလို့ ထီးဆောင်းနေကြရရှာပါတယ်။ တရုတ်ရထားနည်းပညာအစွမ်း အံ့မခန်းပါပဲ။ 😁 photo: ASEAN urbanist”

Original link | Archive link

အချက်အလက်စိစစ်ချက်

ဓာတ်ပုံတွေကို Google မှာ ပုံရှာနည်းအသုံးပြုပြီး ပျံ့နှံ့ခဲ့ပုံကို ရှာဖွေကြည့်ရာမှာ မေ ၁၉ ရက်မှာ ဗီယက်နမ်နိုင်ငံမြို့တော် ဟန်နွိုင်းက Cat Linh – Ha Dong မြို့ပတ်လမ်းပိုင်း  2A လိုင်းက အမှတ် ၁ ရထားမှာ လေအေးပေးစက်ပိုင်လိုင်းချို့ယွင်းမှုကြောင့် ရေတွေ ခရီးသည်စီးနင်တဲ့ တွဲထဲပြန်ကျခဲ့တဲ့ဖြစ်စဉ် ဖြစ်တာတွေ့ရပါတယ်။ ဒီရထားတွဲနဲ့စပ်ဆက်ပစ္စည်းတွေဟာ ၂၀၁၇ ခုနှစ်က ထုတ်လုပ်တင်သွင်းခဲ့တာ ဖြစ်တယ်လို့လည်း ရထားလိုင်းတာဝန်ရှိသူကို ကိုးကားပြီး ဗီယက်နမ်အခြေစိုက် သတင်းဌာနဖြစ်တဲ့ VietNamNet က ရေးသားပါတယ်။

C:\Users\User\Downloads\Untitled123.jpg

Original link | Archive link

သုံးသပ်ချက်

ဓာတ်ပုံတွေဟာ ပြောဆိုချက်မှာပါသလိုပဲ ဗီယက်နမ်နိုင်ငံက ရထားခရီးစဉ်တခုပေါ်က အဖြစ်အပျက် အဖြစ်မှန်ကန်ပေမဲ့ တရုတ်နည်းပညာနဲ့ ဆောက်ထားတဲ့ ရထားလိုင်းဟာ တနှစ်မကြာသေးခင်မှာ မြို့တွင်းရထားစီးရင်း မိုးမလုံလို့ ထီးဆောင်းနေရတယ်လို့ဆိုတဲ့ပြောဆိုချက်ဟာ မှားယွင်းပါတယ်။ ရထားပေါ်မှာ ထီးဖွင့်ထားရတဲ့ ခရီးသည်တွေရဲ့ ဓာတ်ပုံဟာ မေ ၁၉ ရက်က ဟန်နွိုင်းက Cat Linh – Ha Dong လမ်းပိုင်မှာ ဖြစ်ပွားခဲ့တဲ့ လေအေးပေးစက်ချို့ယွင်းမှုပြဿနာနဲ့ သက်ဆိုင်ပြီး ရထားတွဲဟာ ၂၀၁၇ ခုနှစ်ကတည်း တင်သွင်းလာတာဖြစ်တယ်။ 

ပြောဆိုချက်- တရုတ်နည်းပညာနဲ့ဆောက်လုပ်ခဲ့တဲ့ ဗီယက်နမ်က ရထားလိုင်းဟာ တနှစ်မကြာသေးခင်မှာ မိုးမလုံလို့ ထီးဆောင်းရင်း ရထားစီးရ

Avatar

Title:Fact Check: ဗီယက်နမ်မှာ ရထားစီးရင်း မိုးမလုံလို့ ထီးဆောင်းနေရတာလား-မဟုတ်ပါ

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *