Fact Check: လွှတ်တော် စတင်တဲ့နေ့မှာပဲ အကျဉ်းသား သောင်းချီ လွတ်ငြိမ်း စစ်ကောင်စီ ကြေညာတဲ့ သတင်းတု

False နိုင်ငံရေး | Politics

လွှတ်တော် စတင်တဲ့နေ့မှာပဲ အကျဉ်းသား သောင်းချီတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို စစ်ကောင်စီ ကြေညာ လိုက်တယ်ဆိုပြီး ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထား ပျံ့နှံ့မှုအားကောင်းနေတယ်။ သတင်းတု ဖြန့်ချိ နေခြင်း ဖြစ်တယ်။

ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ 

“ပထမဆုံး လွှတ်တော် စတင်တဲ့နေ့ လူပေါင်း သောင်းချီ တဲ့ လွတ်ငြိမ်းကြေညာ စစ်ကောင်စီက လွှတ်တော် စတင်တဲ့နေ့မှာ အများအပြား လွတ်နေ သမ္မတကြီး ဦးဝင့်မြင့်နဲ့ အတိုင်ပင်ခံ သီးသန့်သတင်း ထွက်ပေါ်”

Original link | Archive link

အချက်အလက်စိစစ်ချက်

စစ်တပ်‌ကျောထောက်နောက်ခံပေးထားတဲ့ မတ် ၁၆ ရက်က စတင်ကျင်းပခဲ့တဲ့ လွှတ်တော်မှာ ဒီလို အကျဉ်းသား လွတ်ငြိမ်းချမ်းသာခွင့်ကို ကြေညာ လိုက်တယ်ဆိုတဲ့ဖော်ပြချက် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ အဓိကကျတဲ့ မီဒီယာတွေနဲ့ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ မတွေ့ရပါဘူး။ 

ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay KhitThit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ လုပ်ကြံရေးသားပြောဆိုချက်တွေနဲ့  သတင်းမီဒီယာတချို့မှာ‌ဖော်ပြခဲ့တဲ့ သတင်းအကြောင်းအရာတွေကို သတင်းခေါင်းစဉ်တပ်ကာ ပြန်လည် ဖြန့်ချိလေ့ရှိပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး  Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်မှုတွေကို ဒီနေရာမှာကြည့်ပါ။ 

၈ မိနစ်ကျော် ရှည်လျားတဲ့ ဗွီဒီယိုထဲမှာ‌ နောက်ထပ်ဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဖော်ပြခဲ့တဲ့ “CRPH နှင့် အကြမ်းဖက်စစ်တပ်တို့က တစ်ပြိုင်နက်တည်း လွှတ်တော်အစည်းအဝေးများ ခေါ်ယူ”၊ လူထုနွေဦးသတင်းဌာနက‌ဖော်ပြခဲ့တဲ့ “ကုလလူ့အခွင့်အရေးကောင်စီ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအစီရင်ခံစာတင်သွင်းသူ တွမ်အန်ဒရူးစ် မကြာခင်တာဝန်ပြီးဆုံးမယ်”၊ “ကွတ်ခိုင်မြို့မှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး MNDAA က TNLA တပ်စခန်းတွေကို အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေ”ဆိုတဲ့ သတင်းတွေကို ပြန်လည်‌ဖော်ပြထားတယ်။

သုံးသပ်ချက်

“Mandalay KhitThit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ လုပ်ကြံရေးသားပြောဆိုချက် တွေနဲ့ သတင်းခေါင်းစဉ်တု တပ် ဗွီဒီယိုတွေ ဖြန့်ချိတဲ့နေရာဖြစ်တယ်။ လွှတ်တော် စတင်တဲ့နေ့မှာပဲ အကျဉ်းသား သောင်းချီ တဲ့ လွတ်ငြိမ်း စစ်ကောင်စီ ကြေညာတယ်ဆိုတာ သတင်းတုသာဖြစ်တယ်။ 

Result Stamp

Title: Fact Check: လွှတ်တော် စတင်တဲ့နေ့မှာပဲ အကျဉ်းသား သောင်းချီ လွတ်ငြိမ်း စစ်ကောင်စီ ကြေညာတဲ့ သတင်းတု

Fact Check By: နေရာမောင်

Result: False


Leave a Reply

Your email address will not be published. Required fields are marked *