Fact Check: စစ်တပ်ခန့် ဝန်ကြီးချုပ်သစ်က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတဲ့ သတင်းတု 

False နိုင်ငံရေး | Politics

စစ်ကောင်စီခန့် ဝန်န်ကြီးချုပ်သစ် ဗိုလ်ချုပ်ကြီး ညိုစောက  ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလုပ်ပြီဆိုပြီး ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။  သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေသာဖြစ်ပြီး အမှန်တကယ်မဟုတ်ပါဘူး။

ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ 

“နိုင်ငံ‌‌‌တော် ဝန်ကြီးချုပ် ရယူပြီး ၁ ရက်အကြာ

ဒေါ်စုကို လွှတ်ငြိမ်းခွင့်ပေးတဲ့ ဦးညိုစော

မအလ လူယုံမှားပြီ/ အာဏာဖီဆန်ခံရပြီ”

C:\Users\User\Downloads\Firefox_Screenshot_2025-08-05T12-40-20.030Z.png

Original link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုတွေ ဖြန့်ဝေထားတဲ့ “Local Celegram” အမည်နဲ့ ယူကျူချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar က အချက်အလက်စိစစ်ချက်တွေ မကြာခဏဖော်ပြခဲ့ပြီးဖြစ်တယ်။ ဒီလင့်ခ်မှာကြည့်ပါ။ ဒီချန်နယ်ဟာ  သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပြီးအကြောင်းအရာတချို့ကို သတင်း‌ခေါင်းစဉ် တုတပ်ဖြန့်ချိနေခြင်းဖြစ်တယ်။ တခါတရံ လုံးဝလုပ်ကြံရေးသားဖြန့်ဝေမှုတွေလည်း ပြုလုပ်ပါတယ်။  ‌

ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာတဲ့ သတင်းကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာလည်း ဖော်ပြချက် မတွေ့ရပါဘူး။

အခုလည်း ၁ မိနစ်ကျော်ရှည်လျားတဲ့ ဗွီဒီယိုထဲမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(စစ်ကောင်စီ)ကို ဖျက်သိမ်းပြီးတော့ အာဏာသိမ်း စစစ်ခေါင်းဆောင် ရာထူးကနေ အနားပေးခံလိုက်တယ်ကြောင်း၊ ဖွဲ့စည်းလိုက်တဲ့ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်မှာ နိုင်ငံတော်ဝန်ကြီးချုပ်နေရာမှာ ဗိုလ်ချုပ်ကြီးညိုစောက လုယူလိုက်တာဖြစ်ကြောင်း၊  ဗိုလ်ချုပ်ကြီး ညိုစောဟာ သမ္မတဟောင်း ဦးသိန်းစိန်နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဦးသန်းရွှေတို့ရဲ့ လူရင်း တဦးဖြစ်ကြောင်း၊ သူ့ကိုထောက်ခံတဲ့ ဗိုလ်ချုပ်တွေနဲ့ အောက်ခြေစစ်သားတွေ များပြားကြောင်း၊ အခုဆိုရင် စစ်ကောင်စီဥက္ကဌဖြစ်တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုတိယစစ်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို ဖယ်ရှားပြီး အစိုးရသစ်ကို သူ့စိတ်ကြိုက်ဖွဲ့စည်းလိုက်ကြောင်း စသည်ဖြင့်ဖော်ပြထားတယ်။  ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်ချုပ်ကြီး ညိုစောက ပြန်လွှတ်ပေးတဲ့အကြောင်းလည်း မပါဝင်ပါဘူး။

တကယ်တမ်းမှာ ဗိုလ်ချုပ်ကြီး ညိုစောကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဝန်ကြီးချုပ်သစ်အဖြစ်ခန့်လိုက်တာဖြစ်ပြီး စစ်တပ်ရာထူးကနေအနားပေးကာ အခုလို အရပ်ဘက်ရာထူးပေး လိုက်တာဖြစ်တယ်။ အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ အရေးပါတဲ့ သမ္မတ၊ စစ်တပ်အကြီးအကဲနေရာမှာ လည်း ရာထူး ရယူထားဆဲဖြစ်သလို ဗိုလ်ချုပ်ကြီးညိုစောဦးဆောင်တဲ့ အစိုးရကို ဖွဲ့စည်းကြောင်း ကြေညာတဲ့ စစ်ကော်မရှင်မှာလည်း ဥက္ကဌရာထူး ရယူထားတယ်။

သုံးသပ်ချက်

ဗွီဒီယိုတွေ ဖြန့်ဝေထားတဲ့ “Local Celegram”ဟာ အခုလိုပဲ ပုံမှားရိုက် လုပ်ကြံ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိတဲ့နေရာဖြစ်ပြီး ဗွီဒီယိုထဲပါ ပြောဆိုချက်တွေဟာလည်း မှန်တဝက်မှားတဝက်နဲ့ ပုံဖျက်ပြောဆိုဖြန့်ဝေလေ့ရှိပါတယ်။ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ကို အာဏာသိမ်းစစ်ခေါင်းဆောင်က ဖွဲ့စည်းပေးလိုက်တာဖြစ်ပြီး ဗိုလ်ချုပ်ကြီး ညိုစောဟာ စစ်ခေါ်‌ဆောင်ကို ဆန့်ကျင်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်တယ်ဆိုတာလည်း မဟုတ်ပါဘူး။

ပြောဆိုချက်- စစ်တပ်ခန့် ဝန်ကြီးချုပ်အသစ်ဦးညိုစောက  ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေး

Avatar

Title:Fact Check: စစ်တပ်ခန့် ဝန်ကြီးချုပ်သစ်က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *