Fact Check: ဝန်ထမ်းတွေကို စစ်တပ်က လစာ ၂ ဆတိုးပေးဆိုတဲ့ သတင်းမှား

False စီးပွားရေး | Economy

ဧပြီ ၁ ရက်ကစပြီး ဝန်ထမ်းတွေကို စစ်တပ်က လစာ ၂ ဆတိုးပေးလိုက်ပြီလို့ ဆိုတဲ့ အမိန့်ကြေညာချက်တခု ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားတခုသာဖြစ်တယ်။ 

အောက်ပါစခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ မတ် ၁၉ ရက်စွဲနဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်မှတ်ရေးထိုး ထုတ်ပြန်တယ်ဆိုတဲ့ ဒီထုတ်ပြန်ချက်ထဲမှာ ခေတ်ကာလနဲ့ မကိုက်ညီတော့တာကြောင့် လစာနှုန်းထားတွေ ပြင်ဆင်သတ်မှတ်လိုက်တယ်လို့လည်း ဖော်ပြထားတယ်။ တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။

C:\Users\User\Downloads\Untitled.jpg

မူရင်းလင်ခ့် – Original link | Archive link

အချက်အလက်စိစစ်ချက်

ဒီလစာတိုး ထုတ်ပြန်ကြေညာချက်ကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ‌ဖော်ပြချက်မတွေ့ရပါ။ စစ်တပ်ထိန်းချုပ်မှုအောက်က ပြန်ကြားရေးဌာနနဲ့ မြဝတီသတင်းတွေမှာလည်း ဒီလို လစာတိုးတယ်ဆိုတဲ့ ဖော်ပြချက်မတွေ့ရပါဘူး။ စစ်ခေါင်းဆောင် ကိုယ်တိုင် လက်မှတ်ရေးထိုးထုတ်ပြန်ထားတဲ့ ပြန်ကြားရေးဝန်ကြီး ဌာန ကဖော်ပြတဲ့ စာတွေထဲမှာ စစ်အရာရှိဟောင်းတွေကို ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်တယ်ဆိုတဲ့ မတ် ၂ ရက်က ကြေညာချက်တွေဟာ နောက်ဆုံးဖြစ်တာတွေ့ရပါတယ်။

ဒီလိုပဲ တခြားသော လွတ်လပ်တဲ့ သတင်းဌာနကတွေမှာလည်း ဒီလို လစာတိုး‌ပေးမယ့်အကြောင်း ကြေညာတဲ့ ဖော်ပြချက်မတွေ့ရပါဘူး။ 

သုံးသပ်ချက်

စစ်ခေါင်းဆောင် လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တယ်ဆိုတဲ့ ဒီထုတ်ပြန်စာကို စစ်တပ်ထိန်းချုပ်မှုအောက်က ပြန်ကြားရေးဌာနမှာဖြစ်စေ လွတ်လပ်တဲ့သတင်းဌာနတွေမှာဖြစ်စေ ဖော်ပြချက်မရှိပါဘူး။ ဧပြီ ၁ ရက်ကစပြီး ဝန်ထမ်းတွေကို စစ်တပ်က လစာ ၂ ဆတိုးပေးလိုက်တယ်ဆိုတာ သတင်းမှားတခုဖြစ်တွေ့ ရပါတယ်။

Avatar

Title:Fact Check: ဝန်ထမ်းတွေကို စစ်တပ်က လစာ ၂ ဆတိုးပေးဆိုတဲ့ သတင်းမှား

Written By: နေရာမောင်  

Result: False