
မြန်မာစစ်တပ်က ကိုယ်စားလှယ်အဖြစ်စေလွှတ်ခဲ့တဲ့ ဦးမင်းသိန်းကို ကုလသမဂ္ဂက တရား၀င် အသိမှတ်ပြု လိုက်ပြီဆိုတဲ့ပို့စ်တစ်ခု စက်တင်ဘာ ၁၇ ရက်ကဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။ သတင်းမှား ဖြစ်ပါတယ်။ လက်ရှိကျင်းပနေတဲ့ ၇၇ ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံမှာ အမျိုးသားညီညွှတ်ရေး အစိုးရ(NUG)ကို ကိုယ်စားပြုတဲ့ ဦးကျော်မိုးထွန်းတက်ရောက်နေတာတွေ့ရပါတယ်။
“ကုလသမဂ္ဂက
မြန်မာသံအမတ်ကြီး
ဦးမင်းသိန်းကိုတရား၀င်အသိမှတ်ပြုလိုက်ပြီ”လို့ ရေးသားပြီး “သတင်းတမန် သတင်းတမန်” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
၇၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၄ ရက်(နယူးယောက်စံတော်ချိန် စက်တင်ဘာ ၁၃ ရက် ညနေ ၃ နာရီ)မှာစတင်ကျင်းပနေတာဖြစ်ပြီး ညီလာခံဖွင့်ပွဲကို မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းတက်ရောက်ခဲ့တယ်ဆိုပြီးတော့ NUG ရဲ့သတင်းဌာနတစ်ခုဖြစ်တဲ့ People’s Spring ကဖော်ပြပါတယ်။
ထို့အတူပဲ ဘီဘီစီ မြန်မာပိုင်းသတင်းမှာလည်း ကလေးငယ် ၁၃ ဦးအထိသေဆုံးခဲ့တဲ့ ဒီပဲယင်း လက်ယက်ကုန်း စာသင်ကျောင်း တိုက်ခိုက်ခံရတဲ့ကိစ္စ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ နိုင်ငံခေါင်းဆောင်တွေ တက်ရောက်နေတဲ့ High Level အစည်းအဝေးမှာ ဦးကျော်မိုးထွန်းက တင်သွင်းမယ်ဆိုပြီးတော့ စက်တင်ဘာ ၂၁ ရက်ကရေးသား ထားပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ မြန်မာစစ်တပ်က ကုလသမဂ္ဂကိုယ်စားလှယ်အဖြစ်စေလွှတ်ခဲ့တဲ့ ဦးမင်းသိန်းကို ကုလသမဂ္ဂက တရား၀င် အသိမှတ်ပြုလိုက်ပြီဆိုတဲ့ပို့စ်ဟာ သတင်းတုဖြန့်ချိနေခြင်းဖြစ်တာ တွေ့ရပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ်ရုံးမှာ NUG ကိုယ်စားလှယ် ဦးကျော်မိုးထွန်း ဆက်လက်ကိုယ်စားပြုနေဆဲဖြစ်ပါတယ်။

Title:Fact Check: မြန်မာစစ်တပ်ကိုယ်စားလှယ်ကို ကုလသမဂ္ဂကခွင့်ပြုဆိုတဲ့သတင်းတု သတင်းမှား
Fact Check By: Nayar MaungResult: False