Fact Check: လွှတ်တော် အဆောက်အအုံ မီးလောင်မှု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သေဆုံးတဲ့ သတင်းတု

False နိုင်ငံရေး | Politics

နေပြည်တော်မှာ လွှတ်တော် အဆောက်အအုံ မီးလောင်ပြာကျသွားပြီး သမ္မတလုပ်ဖို့ ကြံနေတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လည်း သေဆုံးသွားပြီလို့ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ် တခုက ဖြန့်ဝေထားတာမှာ ပျံ့နှံ့မှုအားကောင်း နေတယ်။ သတင်းတု ဖြန့်ချိ နေခြင်းဖြစ်တယ်။

ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ 

“လက်ဖြတ်ရဖို့ သေချာပြီ ဝမ်းသာတယ်ဟာ သမ္မတ လုပ်ဖို့ ကြံနေတဲ့ မင်းအောင်လှိုင် သေပြီ ပြည်သူ့လွှတ်တော် အဆောက်အအုံကြီး ပြာကျပြီ”

Original link | Archive link

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ အဓိကကျတဲ့ မီဒီယာတွေနဲ့ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ နေပြည်တော်မှာ လွှတ်တော်အဆောက်အဦး မီးလောင်ပြကျမှုဖြစ်စေ စစ်ခေါင်းဆောင် ထိခိုက်သေဆုံးမှုဖြစ်စေ ဖော်ပြချက် မတွေ့ရပါဘူး။ 

ဒီလိုပြောဆိုဖြန့်ဝေထားတဲ့ “The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ပြီး ပြန်လည်ဖြန့်ဝေတာ၊ လုပ်ကြံရေးသား ပြောဆိုချက်တွေ ဖြန့်ဝေတာတွေ ပြုလုပ်တဲ့ ချန်နယ် တခုဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar မှာ အချက်အလက်စိစစ်ချက် မကြာခဏဖော်ပြခဲ့ပြီးဖြစ်တယ်။

အခု ဖြန့်ဝေထားတဲ့ ဗွီဒီယိုထဲမှာ တကယ်တမ်းပါဝင်တဲ့အကြောင်းအရာတွေဟာ ရန်ကုန်ခေတ်သစ်သတင်းဌာန ကဖော်ပြခဲ့တဲ့ “မြောက်ဒဂုံမြို့နယ်၊ ၄၃ ရပ်ကွက် အားကစားကွင်းအတွင်း တပ်စွဲထားတဲ့ စစ်သားတွေ တိုက်ခိုက်ခံရမှု”၊ “အာဏာသိမ်းစစ်ခေါင်းဆောင်က စစ်ဦးစီးမှာတမ်းရေးသားနေ”စတဲ့ သတင်းတွေကို ပြန်လည်ဖော်ထားတယ်။

သုံးသပ်ချက်

“The Daily Lens”ဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဖော်ပြခဲ့တဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ စစ်ဦးစီးချုပ်မှာတမ်းရေးသားနေတဲ့အ‌ကြောင်းနဲ့ မြောက်ဒဂုံ ဘောလုံးကွင်းမှာ တပ်စွဲထားတဲ့ စစ်သားတွေ တိုက်ခိုက်ခံရတဲ့ သတင်းကို ခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။

Result Stamp

Title: Fact Check: လွှတ်တော် အဆောက်အအုံ မီးလောင်မှု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သေဆုံးတဲ့ သတင်းတု

Fact Check By: နေရာမောင်

Result: False


Leave a Reply

Your email address will not be published. Required fields are marked *