Fact Check:ရန်ကုန် ပြည်လမ်းမှာ စစ်ခေါင်းဆောင် တိုက်ခိုက်ခံရပြီး သေဆုံးတဲ့ သတင်းတု

False နိုင်ငံရေး | Politics

ရန်ကုန်မှာကျင်းပတဲ့  ရွေးကောက်ပွဲလာကြည့်တဲ့  စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တိုက်ခိုက်ခံရပြီး သေဆုံးသွားတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုသာဖြစ်တယ်။

ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဇန်နဝါရီ ၁၂ ရက်မှာ ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှု ၁ ဒဿမ ၈ သိန်းဝန်းကျင် ရရှိထားတယ်။ 

“ရန်ကုန် ရွေးကောက်ပွဲ လာတဲ့ မင်းအောင်လှိုင်

ရန်ကုန်-ပြည်လမ်းမ ပေါ်မှာ အဆုံးသတ် ခံရပြီ”(မူရင်းအရေးအသား)

Original link | Archive link

အလားတူစွာပဲ စစ်ခေါင်းဆောင် ရန်ကုန် ကြံ့ခိုင်ရေးရုံးချုပ်မှာ လုပ်ကြံသတ်ဖြတ်ခံရတယ်ဆိုပြီးတော့ ဒီချန်နယ်က မျှဝေထားပါသေးတယ်။ ဒီနေရာမှာကြည့်ပါ။ တခြားသော ယူကျူ့ချန်နယ်တခုကလည်း စစ်ခေါင်းဆောင် တိုက်ခိုက်ခံရပြီး သေဆုံးခဲ့တယ်လို့ ဖြန့်ဝေထားသေးတယ်။ ဒီနေရာမှာကြည့်ပါ။

အချက်အလက်စိစစ်ချက်

ရွေးကောက်ပွဲအပိုင်း ၂ မှာပါဝင်တဲ့ မြို့နယ်တချို့ကို စစ်တပ်‌ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာရောက်ခဲ့တဲ့အကြောင်း သတင်းတချို့မှာဖော်ပြပေမဲ့ ဒီလိုတိုက်ခိုက်ခံရပြီး သေဆုံးမှုသတင်းကို သတင်းလုပ်ငန်း လုပ်ကိုင်နေတဲ့ သတင်းဌာနတွေအပါအဝင် ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ဖော်ပြချက်မရှိပါဘူး။ 

ဗွီဒီယိုဖြန့်ဝေထားတဲ့ “The Daily Lens” ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို  ပြန်လည်ဖော်ပြပြီး သတင်းခေါင်းစဉ်တုဖြန့်ချိလေ့ရှိပါတယ်။ ဒီယူကျူ့ချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar က အချက်အလက်စိစစ်ဖော်ပြခဲ့ပြီးဖြစ်တယ်။ ဒီလင့်ခ်မှာကြည့်ပါ။ 

အခုလည်း ဗွီဒီယိုအစမှာပြတဲ့ရုပ်ကတ်အပါအဝင် အသံဖိုင်နဲ့ ဖတ်ကြားမှုမှာ ရန်ကုန် ပြည်လမ်းမ‌ပေါ်မှာ စစ်ခေါင်းဆောင် တိုက်ခိုက်ခံရပြီး နေပြည်တော်ကို အသက်လုထွက်ပြေးခဲ့ရတယ်လို့ ဆိုထားပြီး ကားမီးလောင်နေတဲ့ ဓာတ်ပုံနဲ့အတူ  စစ်ခေါင်းဆောင် လဲကျသေဆုံးနေပုံကိုလည်း မျှဝေထားတယ်။ တကယ်တော့ ဒီဓာတ်ပုံဟာ AI အသုံးပြုဖန်တီးထားတဲ့ ဓာတ်ပုံတပုံသာဖြစ်တာလည်း တွေ့ရတယ်။ (ဒီလို ဓာတ်ပုံကို AI ပလက်ဖောင်းအများအပြားမှာ ဖန်တီးနိုင်တာတွေ့ရတယ်။)

၈ မိနစ်ဝန်းကျင် ရှည်လျားတဲ့  ဒီဗွီဒီယိုထဲမှာ နောက်ထပ်ဖော်ပြထားတာကတော့ “အကြမ်းဖက် မင်းအောင်လှိုင် လိုက်လံကြည့်ရှုသည့် ရန်ကုန်မဲရုံများတွင် မဲပေးသူမရှိ၍ လော်စပီကာများဖြင့် မဲလာပေးကြရန် လိုက်လံ ခြိမ်းခြောက်ခေါ်ယူ”၊ “မြန်မာနိုင်ငံတွင် စစ်တပ်က ကျူးလွန်ထားသည့် ရိုဟင်ဂျာမျိုးတုံးသတ်ဖြတ်မှုကို ICJ တရားရုံးတွင် ပြန်လည်ကြားနာမှုအတွင်း အဆုံးအဖြတ် သက်သေနှင့်စစ်ဆေးချက်များ စစ်ဆေးတော့မည်”စတဲ့ သတင်းတွေကို ပြန်လည်ဖော်ပြထားတယ်။

သုံးသပ်ချက်

ဗွီဒီယို ဖြန့်ချိထားတဲ့ “The Daily Lens”ဟာ လုပ်ကြံရေးသားပြောဆိုမှုတွေနဲ့ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတချို့က သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ကာ ဖြန့်ချိတဲ့နေရာဖြစ်တယ်။ ရန်ကုန်မှာကျင်းပတဲ့  ရွေးကောက်ပွဲလာကြည့်တဲ့  စစ်ခေါင်းဆောင် တိုက်ခိုက်ခံရပြီး သေဆုံးတယ်လို့ဆိုတာ သတင်းတုသာဖြစ်တယ်။

ပြောဆိုချက်- ‌ရွေးကောက်ပွဲလာကြည့်စဉ် ရန်ကုန် ပြည်လမ်းမှာ စစ်ခေါင်းဆောင် တိုက်ခိုက်ခံရပြီး သေဆုံး

Avatar

Title:Fact Check: ရန်ကုန် ပြည်လမ်းမှာ စစ်ခေါင်းဆောင် တိုက်ခိုက်ခံရပြီး သေဆုံးတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *