စစ်တပ်ဝါဒဖြန့်ရေးသမား ကျော်စိုးဦး ဖမ်းဆီးခံရတယ်၊ အသတ်ခံရတယ်ဆိုတဲ့ ပို့စ်နဲ့ ဗွီဒီယိုတွေ ယူကျူ့နဲ့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုသာဖြစ်တယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ရဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၃ သိန်းဝန်းကျင်ရရှိထားတယ်။ ဒီချန်နယ်မှာပဲ အလားစွာ ထပ်မံမျှဝေထားတာကို ဒီလင့်ခ်မှာကြည့်ပါ။
“အသတ်ခံရမှာဆိုးလို့ နေပြည်တော် ကို
အပြေးလာတဲ့ ကျော်စိုးဦး လမ်းမှာပဲ အသတ်ခံရ”

ဒီလိုပဲ ဖေ့စ်ဘွတ်ရဲ့ ဒီနေရာ၊ ဒီနေရာမှာလည်း ကျော်စိုးဦးအဖမ်းခံရတဲ့ ဓာတ်ပုံဆိုပြီး မျှဝေထားတာတွေ့ရတယ်။ ဒီနေရာနဲ့ ဒီနေရာမှာ ကြည့်ပါ။
အချက်အလက်စိစစ်ချက်
ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာ တချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေနဲ့ လုံးဝ လုပ်ကြံပြောဆိုတာတွေကို ရောနှော ဖြန့်ချိမှုတွေ ပြုလုပ်ဖြန့်ချိတဲ့ နေရာဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo M yanmar ရဲ့ အချက်အလက်စိစစ်ချက် တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။
အခုလည်း ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်မှာ စစ်တပ်ဝါဒဖြန့်ချိရေး သတင်းသမားတဦးဖြစ်တဲ့ ကျော်စိုးဦး နေပြည်တော်အလာမှာပဲ အသတ်ခံရတယ်လို့ ဆိုထားပေမဲ့ ဒီအကြောင်းကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ဖော်ပြချက်မတွေ့ရပါဘူး။ ဒီအပြင် ကျော်စိုးဦးက သူသုံးစွဲနေတဲ့ ဖေ့စ်ဘွတ်ကဆင့် ဖမ်းဆီးခံရတယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆိုခဲ့တယ်။
၂၀၁၅ ခုနှစ်ကုန်ပိုင်းမှာ စစ်တပ်က စဉ့်ကူးမြို့ကို ပြန်လည် သိမ်းယူပြီးနောက် ကျော်စိုးဦးဟာ စစ်တပ်ထိန်းချုပ်မှု အောက်က စဉ့်ကူးမှာ တော်လှန်ရေးရဲဘော်တွေရဲ့ အုတ်ဂူပေါ်ကို တရုတ်ကပေးတဲ့ ရှူးဖိနပ်ကြိုးချည်တဲ့ ဗွီဒီယိုကို ရိုက်ကူးပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ မျှဝေခဲ့ပါသေးတယ်။ ဒီလို လုပ်ရပ်တွေနောက်မှာတော့ ကျော်စိုးဦးကို ဖမ်းဆီးပေးတဲ့သူတွေကို ဆုငွေချီးမြှင့်မယ်လို့ တော်လှန်ရေးကို ထောက်ခံတဲ့သူတွေက ကြေညာခဲ့တာတွေ့ရတယ်။
ကျော်စိုးဦးဟာ အာဏာသိမ်းစစ်တပ်ကို ထောက်ခံပြီး ဆန့်ကျင်သူတွေကို မြေလှန်ပစ်ဖို့ တိုက်တွန်းလေ့ရှိပြီး ရဲတပ်ဖွဲ့နဲ့ စစ်တပ်ကို မကြာခဏ ပြန်လည်ဝေဖန် တာကြောင့် ၂ ကြိမ်ထပ်မနည်း ဖမ်းဆီးခံခဲ့ရပြီး ဖမ်းဆီခံ ရတိုင်းမှာ တရားစွဲဆိုခံရခြင်းမရှိဘဲ ပြန်လည် လွတ်မြောက်ခဲ့သည်။ ဒီလိုပဲ သူဟာ သတင်းမှားတွေ ကိုလည်း ဖြန့်ချိလေ့ရှိပါတယ်။
သုံးသပ်ချက်
ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “The Daily Lens” ဟာ လုပ်ကြံရေးသားပြောဆိုချက်တွေနဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိတဲ့နေရာဖြစ်တယ်။ စစ်တပ်ဝါဒဖြန့်ရေးသမား ကျော်စိုးဦးကို တော်လှန်ရေးအဖွဲ့တွေက ဖမ်းဆီးတာမရှိသေးသလို အသတ်ခံရတယ်ဆိုတာလည်း မဟုတ်ပါဘူး။
ပြောဆိုချက်- စစ်တပ်ဝါဒဖြန့်ရေးသမား ကျော်စိုးဦး ဖမ်းဆီးခံပြီး အသတ်ခံရတယ်
Title:Fact Check: စစ်တပ်ဝါဒဖြန့်ရေးသမား ကျော်စိုးဦး အသတ်ခံရတဲ့ သတင်းတု
Fact Check By: Zun ZeeResult: False

