Fact Check: ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို ဂုဏ်ပြုရင်း ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီလွှတ်ပေးသလား- မဟုတ်ပါ

False နိုင်ငံရေး | Politics

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို ဂုဏ်ပြုရင်း ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီလွှတ်ပေးလိုက်တယ်လို့ ဆိုထားတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်နဲ့ ယူကျူ့ချန်နယ်တွေမှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။ သတင်းတုတခုဖြစ်တာတွေ့ရပါတယ်။

အောက်ပါစခရင်ရှော့ကတော့ ကြည့်ရှု့မှုများပြားနေတဲ့ ယူကျူ့ ဗွီဒီယိုနဲ့ ဒီဗွီဒီယို ပါစာသားကောက်နုတ်ချက်ဖြစ်ပါ တယ်။ 

“ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို ဂုဏ်ပြုရင်း 

ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ပေးလိုက်ပြီဟု 

အမိန့်စာနျဲ့အတူ မအလ ထုတ်ပြန်ကြေညာပြီ”

C:\Users\User\Downloads\Untitled.png

မူရင်းလင်ခ့် – Youtube link | Archive link

ဒီလိုပဲ ဖေ့စ်ဘွတ်မှာလည်း စစ်ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးလက်မှတ်ရေးထိုး ထုတ်ပြန်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတဲ့အမိန့်စာဆိုပြီးတော့လည်း ဖြန့်ဝေနေတာ ဒီနေရာမှာလည်းတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့ပြီး ဖြစ်တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာနဲ့ လုပ်ကြံရေးသားပြောဆိုချက်တွေ ဖြန့်ဝေတာတွေ လုပ်နေတဲ့ ချန်နယ်တခုဖြစ်တာတွေ့ရပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar အနေနဲ့ မကြာခဏ အချက်အလက်စိစစ်‌‌ဖော်ပြခဲ့ပြီးဖြစ်တယ်။ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ 

ဒီအပြင် ဖေ့စ်ဘွတ်မှာ စတင်ပျံ့နှံ့လာတဲ့ ဒီစာဟာ အတုတခုဖြစ်တာတွေ့ရပါတယ်။ ဖေ‌ဖော်ဝါရီ ၁၃ ရက်မှာ ကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည် လွှတ်ပေးလိုက်တယ်ဆိုတဲ့ စာကို စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြဝတီ၊ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ လွတ်လပ်တဲ့ သတင်းဌာနကတွေမှာလည်း ဖော်ပြချက်မတွေ့ရပါဘူး။

C:\Users\User\Downloads\၁၁.jpg

သုံးသပ်ချက်

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို ဂုဏ်ပြုရင်း ဒေါ်အောင်ဆန်းစုကြည် ကို စစ်ကောင်စီလွှတ်ပေးလိုက်တယ်လို့ ဆိုတာ မဟုတ်ပါဘူး။ “Star Vibes”ဟာ အခုလိုပဲ လုပ်ကြံရေးသားချက်တွေ ဖြန့်ဝေနေတဲ့ ချန်နယ်တခုဖြစ်တယ်။ စစ်တပ်ထိန်းချုပ်ထားတဲ့ မြဝတီသတင်း၊ ပြန်ကြားရေးဌာနဲ့ လွတ်လပ်တဲ့ မီဒီယာတွေမှာလည်း သတင်းဖော်ပြချက်မရှိပါဘူး။

ပြောဆိုချက်- ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို ဂုဏ်ပြုရင်း ဒေါ်အောင်ဆန်းစုကြည် ကို စစ်ကောင်စီလွှတ်ပေးလိုက်တယ်

Avatar

Title:Fact Check: ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို ဂုဏ်ပြုရင်း ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီလွှတ်ပေးသလား- မဟုတ်ပါ

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *