Fact Check: စစ်တပ်ပြောရေးခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း PDF ထံအလင်းဝင်တဲ့ သတင်းတု

False နိုင်ငံရေး | Politics

C:\Users\User\Downloads\622 X 420 WordPress Main Image (1).jpg

စစ်တပ်ပြောရေးခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း PDF ထံအလင်းဝင်သွားတယ်ဆိုပြီး ဗွီဒီယို ယူကျူ့မှာ ဖြန့်ဝေနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။

ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ 

“အထူးသတင်း

‌ဇော်မဲလုံးPDFထံအလင်းဝင်

နေပြည်တော်ပစည်းဝေးမှာသူ့ကိုဆဲကြလို့

စိတ်ဆိုးပြီး ဘက်ပြောင်းဖို့ ဆုံးဖြတ်ထားတာဟုဆို”

Original link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ဖော်ပြပြီး ခေါင်းစဉ်တုတပ် ဖြန့်ချိတာ၊ လုပ်ကြံရေးသားပြောဆိုမှုတွေ ဖြန့်ချိတာတွေ ပြုလုပ်တဲ့ ချန်နယ်တခုဖြစ်တာတွေ့ရပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ 

အခုလည်း ဗွီဒီယိုထဲမှာ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ “စစ်ကောင်စီ ကင်းစင်သွားသော ပြည်နယ်များတွင် တိုင်းရင်းသားလက်နက်ကိုင် EROs များက တာဝန်ယူအုပ်ချုပ်ပြီး တိုင်းဒေသများကို NUG အစိုးရက အုပ်ချုပ်ရန် တာဝန်ခွဲဝေယူထား”၊ “တနင်္သာရီမြို့နယ်ရှိ ခမရ ၅၅၈ စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံး၊ ရေဦးမြို့တွင်လည်း ကင်းလှည့်ရန် ထွက်လာသော စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်”၊ မီဒီယာတခုမှာ‌ဖော်ပြခဲ့တဲ့“စစ်ကောင်စီရဲ့ မတရားစစ်မှုထမ်းဥပဒေနဲ့ အတင်းအဓမ္မ တပ်သားစုဆောင်းခံခဲ့ရတဲ့ တပ်မ ၇၇ မှ ဒုတပ်စိပ်မှုး ၁ ဦးနဲ့ တပ်သား ၁ ဦး အလင်းဝင်”စတဲ့ သတင်းတွေကို ပြန်လည်ဖော်ပြထားတယ်။ 

သုံးသပ်ချက်စစ်တပ်ပြောရေးခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း PDF ထံအလင်းဝင်သွားတယ်ဆိုတာ မဟုတ်ပါ။ “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ဖော်ပြီး ‌ခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။

Avatar

Title:Fact Check: စစ်တပ်ပြောရေးခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း PDF ထံအလင်းဝင်တဲ့ သတင်းတု

Written By: နေရာမောင်  

Result: False