Fact Check: ကျောက်ဖြူတိုက်ပွဲမှာ မြန်မာစစ်တပ်ဘက်က စစ်ကူပေးလာတဲ့ တရုတ်စစ်တပ်မှ စစ်သား ၆၀ နီးပါးကျဆုံးတဲ့ သတင်းတု

False နိုင်ငံရေး | Politics

ကျောက်ဖြူတိုက်ပွဲတွင် မြန်မာစစ်တပ်ဘက်က စစ်ကူပေးလာတဲ့ တရုတ်စစ်တပ်မှ စစ်သား ၆၀ နီးပါးကျဆုံးခဲ့တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်မှာ ပျံ့နှံ့မှုအား ကောင်းလျှက်ရှိတယ်။ သတင်းတု ဖြန့်ချိနေခြင်းသာဖြစ်တာတွေ့ရတယ်။ 

နိုဝင်ဘာ ၂၄ ရက်က ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။ ဒီပို့စ်ဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၆၀၀၀၀ကျော်ရှိထားတယ်။ 

“ကျောက်ဖြူတိုက်ပွဲတွင် တရုတ်စစ်တပ်(၆၀)နီးပါး ကျဆုံး

အကြမ်းဖက်စစ်တပ်ကို စစ်ကူလာတဲ့ တရုတ်စစ်တပ်

ကျောက်ဖြူတိုက်ပွဲတွင်း (၆၀) နီးပါး ကျဆုံး”

C:\Users\User\Downloads\Untitled11.jpg

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေအပါအဝင် ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေက သတင်း‌ဖော်ပြချက် မတွေ့ရပါဘူး။ နိုဝင်ဘာ ၂၄ ရက်မှာ ‌ရခိုင်ပြည်နယ်ကျောက်ဖြူမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်ဆိုတဲ့ အထောက်အထားလည်းမရှိပါဘူး။

တကယ်တမ်းမှာ “Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေက ဖော်ပြခဲ့တဲ့ သတင်းတွေနဲ့ လူမှုကွန်ယက်အသုံးပြုသူတွေရေးသားခဲ့တဲ့ အကြောင်းအရာတွေကို သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိမှုတွေလုပ်နေတဲ့ ချန်နယ်တခုဖြစ်တာတွေ့ရပါတယ်။ 

အခုလည်း ဗွီဒီယိုထဲမှာပါတဲ့အကြောင်းအရာဟာ ဖေ့စ်ဘွတ်အသုံးပြုသူတဦးရေးသားတဲ့ “နိုင်ငံ မြေ ပေါ် တရုတ် စစ်ဖိနပ်သံ များ ဆူညံလာတော့မည် လော”ဆိုတဲ့ သတင်းကို ပြန်လည်မျှဝေနေခြင်းသာဖြစ်တယ်။ ဒီဆောင်းပါးထဲမှာလည်း ကျောက်ဖြူမှာ တိုက်ပွဲဖြစ်ပြီး တရုတ်စစ်သားတွေ သေတဲ့အကြောင်းမပါဝင်ပါဘူး။

C:\Users\User\Downloads\Untitled11၁.jpg

မြန်မာနိုင်ငံကို တရုတ်က လုံခြုံရေးအတွက် စစ်တပ်စေလွှတ်ဖို့ စစ်ကောင်စီနဲ့ ဆွေးနွေးခဲ့ပြီးနောက် မြန်မာနိုင်ငံမှာ ကြေးစားစစ်တပ်ချထားဖို့ စီစဉ်နေတာရှိပါတယ်။ အမေရိကန် စစ်တက္ကသိုလ်ပါမောက္ခ ဇက်ခါရီ အဘူဇာ ရေးသားပြီး လွတ်လပ်တဲ့ အာရှအသံက နိုဝင်ဘာ ၂၄ ရက်မှာ ထုတ်လွှင့်ခဲ့တဲ့ “တရုတ်ကြေးစားတပ်တွေ မြန်မာပြည်ကတိုက်ပွဲထဲ ဝင်ပါလာမှာလား” ဆိုတဲ့ခေါင်းစဉ်နဲ့ သုံးသပ်ချက်ဆောင်းပါးမှာတော့ တရုတ်က မြန်မာနိုင်ငံမှာ တရုတ်စစ်တပ်လက်အောက်ခံ ပုဂ္ဂလိက ကြေးစားစစ်တပ်တွေ မြန်မာနိုင်ငံကို တပ်ဆွဲဖို့ စီစဉ်ဆဲ အဆင့်သာရှိသေးပြီး မြန်မာအရေးမှာ ဘယ်လိုပါဝင်လာမလဲ မသိရသေးတဲ့အကြောင်းဖော်ပြပါတယ်။

သုံးသပ်ချက်

“Share Local Media”ဟာ သတင်းမီဒီယာတွေက ဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတဲ့ နေရာဖြစ်တယ်။ မြန်မာနိုင်ငံထဲမှာ တရုတ်ကြေးစားစစ်တပ်ချထားဖို့ စီစဉ်နေတာရှိပြီး မြန်မာနိုင်ငံထဲကို တရုတ်စစ်သားတွေ ဝင်ရောက်လာပြီဆိုတဲ့ အထောက်အထားတော့မရှိသေးပါဘူး။

ပြောဆိုချက်- ကျောက်ဖြူတိုက်ပွဲမှာ မြန်မာစစ်တပ်ဘက်က စစ်ကူပေးလာတဲ့ တရုတ်စစ်တပ်မှ စစ်သား ၆၀ နီးပါးကျဆုံး

Avatar

Title:Fact Check: ကျောက်ဖြူတိုက်ပွဲမှာ မြန်မာစစ်တပ်ဘက်က စစ်ကူပေးလာတဲ့ တရုတ်စစ်တပ်မှ စစ်သား ၆၀ နီးပါးကျဆုံးတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *