Fact Check: အစ္စရေးနဲ့ အီရန် ငြိမ်းချမ်းရေးအတွက် ကြားဝင်စေ့စပ်ပေးမယ်လို့ စစ်ခေါင်း‌ဆောင်ပြောတဲ့သတင်းတု

Satire နိုင်ငံရေး | Politics

အစ္စရေးနဲ့ အီရန် ငြိမ်းချမ်းရေးအတွက် ကြားဝင်စေ့စပ်ပေးမယ်လို့ စစ်ခေါင်း‌ဆောင်ပြောကြောင်း စစ်တပ်ပိုင် မြဝတီသတင်းဌာနက ‌ဖော်ပြချက်အဖြစ် စခရင်ရှော့ဓာတ်ပုံပို့စ် ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်း ဖြစ်တယ်။

ပျံ့နှံ့မှုအားကောင်းနေတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ 

“အစ္စရေးနှင့် အီရန်တို့ ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ကြရန် နစကဥက္ကဌကြီး တိုက်တွန်း ၊ နှစ်နိုင်ငံငြိမ်းချမ်းရေးအတွက် ကိုယ်တိုင်ကြားဝင်စေ့စပ်ပေးမည်ဟုပြောကြား”

Original link | Archive link

တူညီတဲ့ ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။

အချက်အလက်စိစစ်ချက်

ဒီလိုရေးသားဖြန့်ဝေထားတာတွေကို ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့ တုန့်ပြန်မှုကို လေ့လာကြည့်ရာမှာ အများစုက သရော်စာအဖြစ်နားလည်ပေမဲ့ တချို့က နားလည်းမှုလွဲစေတာတွေ့ရပါတယ်။ အချက်အလက်စိစစ်ကြည့်ရ အောင်ပါ။ မြန်မာစစ်တပ်နဲ့ စပ်ဆက်နေတဲ့ လူပုဂ္ဂိုလ်တွေနဲ့ စစ်တပ်ပိုင် သတင်းဌာနတွေကို စစ်အာဏာသိမ်း အပြီး ရက်ပိုင်းအတွင်းမှာပဲ အကြမ်းဖက်မှုကို အားပေးအားမြှောက်မှုဖြစ်တဲ့အကြောင်းပြချက်နဲ့ Facebook က ပိတ်သိမ်းခဲ့ပါတယ်။ ဒီအထဲမှာ မြဝတီသတင်းဌာနရဲ့ ဖေ့စ်ဘွတ်စာမျက်နှာလည်း ပါဝင်တယ်။ 

စစ်တပ်ပိုင် မြဝတီသတင်းဌာနက စစ်တပ်ခေါင်းဆောင်ရဲ့ လှုပ်ရှားမှုတွေကို အဓိကဖော်ပြတဲ့ ခေါင်းကြီးပိုင်းသတင်းနေရာမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ ဒီအပြင် ဇွန် ၁၅ ရက်စွဲနဲ့ ထုတ်ပြန်ချက် တစုံတရာမတွေ့ရပါဘူး။ ဇွန် ၁၄ ရက်မှာ KNLA နဲ့ PDF တွေရဲ့ အကြမ်းဖက်လုပ်ရပ်အဖြစ်‌ဖော်ပြချက်နဲ့ ဇွန် ၁၆ ရက်မှာ စစ်တပ်ခေါင်း‌ဆောင်တွေ သစ်ပင်ရေလောင်းနေတဲ့ အကြောင်း‌ဖော်ပြချက် မြဝတီသတင်းဌာနက တင်ဆက်ခဲ့တာတွေ့ရပါတယ်။ 

သုံးသပ်ချက်

အစ္စရေးနဲ့ အီရန် ငြိမ်းချမ်းရေးအတွက် ကြားဝင်စေ့စပ်ပေးမယ်လို့  မြန်မာအာဏာသိမ်းစစ်ခေါင်က ပြောကြားတယ်လို့ စစ်တပ်ပိုင် မြဝတီသတင်းဌာနက ‌ဖော်ပြချက်အဖြစ် စခရင်ရှော့ဓာတ်ပုံပို့စ်ဟာ နိုင်ငံရေးအရ သရော်ဖို့အတွက် လုပ်ကြံဖန်းတီး ထားခြင်းသာဖြစ်တယ်။ စစ်တပ်ခေါင်းဆောင်က ဒီလိုပြောကြားတယ်ဆိုတဲ့ အထောက်အထားမရှိသလို စစ်တပ်ပိုင် မြဝတီ သတင်းဌာနက ဖော်ပြခဲ့တယ်ဆိုတဲ့ အထောက်အထား လည်းမရှိပါဘူး။

ပြောဆိုချက်- အစ္စရေးနဲ့ အီရန် ငြိမ်းချမ်းရေးအတွက် ကြားဝင်စေ့စပ်ပေးမယ်လို့ စစ်ခေါင်း‌ဆောင်ပြော

Avatar

Title:Fact Check: အစ္စရေးနဲ့ အီရန် ငြိမ်းချမ်းရေးအတွက် ကြားဝင်စေ့စပ်ပေးမယ်လို့ စစ်ခေါင်း‌ဆောင်ပြောတဲ့သတင်းတု

Fact Check By: Zun Zee 

Result: Satire


Leave a Reply

Your email address will not be published. Required fields are marked *