Fact Check: ကုလလုံခြုံ‌ရေး‌ကောင်စီလက်မခံလို့ ရွေးကောက်ပွဲ စစ်တပ် ဖျက်သိမ်းတဲ့ သတင်းတု

False နိုင်ငံရေး | Politics

ကုလသမဂ္ဂလုံခြုံ‌ရေး‌ကောင်စီလက်မခံလို့ နှစ်ကုန်မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို စစ်တပ်ကဖျက်သိမ်းလိုက် တယ်ဆိုပြီးဗွီဒီယို ယူကျူ့ချန်နယ်တခု က ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်း လျက်ရှိတယ်။ သတင်းတုသာဖြစ်တယ်။

ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၂ သိန်းဝန်းကျင်ရှိထားတယ်။ 

“ရွေးကောက်ပွဲ ဖျက်သိမ်းလိုက်ရပြီ

လုံခြုံရေးကောင်စီလက်မခံလို့ ဖျက်သိမ်းခံရဟု 

ဇော်မင်းထွန်းဝန်ခံ၊ စစ်ကောင်စီအရှိုက်ထိနေပြီ”

Original link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူဖော်ပြရာမှာ သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိလေ့ရှိတယ်။ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေနဲ့ မီဒီယာတွေမှာ မြန်မာစစ်တပ်က ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတဲ့ အကြောင်းသာ‌တွေ့ရပြီး အပိုင်းလိုက် စီစဉ်နေတဲ့ ရွေးကောက်ပွဲကို ဖျက်သိမ်းတယ်ဆိုတဲ့ အထောက်အထားမတွေ့ရပါဘူး။

၈ မိနစ်ကျော်ရှည်လျားတဲ့ ဗွီဒီယိုထဲမှာဖော်ပြခဲ့တဲ့အကြောင်းအရာဟာ  PVTV သတင်းဌာနကဖော်ပြခဲ့တဲ့ “ထွက်ပေါက်မဟုတ်ဘူး ထောင်ချောက်ကြီး”၊ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ “အာရှလမ်းမကို ပြန်လည်ထိန်းချုပ်ရေး ကော့ကရိတ်မြို့မှ ထွက်လာသည့် အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၄၀ ကျော်သေ ဆုံးကာ အကြိမ်ကြိမ် တပ်ပြန်ဆုတ်သွား”စတဲ့ သတင်းတွေကို ပြန်လည်ဖော်ပြထားတယ်။

သုံးသပ်ချက်

“Khit Thit Media”ဟာ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိတဲ့နေရာ တခု ဖြစ်တယ်။ ကုလသမဂ္ဂ လုံခြုံ‌ရေး‌ကောင်စီလက်မခံလို့ ကျင်းပမယ့် ရွေးကောက်ပွဲကို စစ်တပ်ကဖျက်သိမ်း လိုက်တယ်ဆိုတာ မဟုတ်ပါဘူး။

Avatar

Title:Fact Check: ကုလလုံခြုံ‌ရေး‌ကောင်စီလက်မခံလို့ ရွေးကောက်ပွဲ စစ်တပ် ဖျက်သိမ်းတဲ့ သတင်းတု

Fact Check By: နေရာမောင်  

Result: False