Fact Check: အရေးပေါ် ဥပဒေတွေအပါအဝင် စစ်မှုထမ်း ဥပဒေ ရပ်ဆိုင်းဆိုင်းကြောင်း တပ်ချုပ်သစ်ကြေညာတဲ့ သတင်းတု

False နိုင်ငံရေး | Politics

အရေးပေါ် ဥပဒေတွေအပါအဝင် စစ်မှုထမ်း ဥပဒေ ရပ်ဆိုင်းဆိုင်းကြောင်း တပ်ချုပ်သစ်ကြေညာလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ  ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရတယ်။ သတင်းတု ဖြန့်ချိ နေခြင်း ဖြစ်တယ်။

ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ချန်နယ်တခုမှာ ဖော်ပြထားတဲ့  ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ မျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရတယ်။ 

“စစ်မှုထမ်း ဥပဒေ ရပ်ဆိုင်းမည် တပ်ချုပ်အသစ် ရဲဝင်းဦး ဒီနေ့စတင်ကြေညာ နိုင်ငံတော် အရေးပေါ် ဥဗဒေ အားလုံး ဖျက်သိမ်း အကျဉ်းသားများ အားလုံး လွတိငြိမ်းပေးမည်ဟု ဆို”

Original link | Archive link

အချက်အလက်စိစစ်ချက်

အရေးပေါ် ဥပဒေတွေအပါအဝင် စစ်မှုထမ်း ဥပဒေ ရပ်ဆိုင်းဆိုင်းကြောင်း တပ်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ကြေညာတယ်ဆိုတာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ အဓိကကျတဲ့ မီဒီယာတွေမှာဖြစ်စေ ယုံကြည်ရတဲ့ သတင်းအရင်းအမြစ်တွေမှာ ဖြစ်စေ ဖော်ပြချက် မတွေ့ရပါဘူး။ 

ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay KhitThit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ လုပ်ကြံရေးသားပြောဆိုချက်တွေနဲ့  သတင်းမီဒီယာတချို့မှာ‌ဖော်ပြခဲ့တဲ့ သတင်းအကြောင်းအရာတွေကို သတင်းခေါင်းစဉ်တပ်ကာ ပြန်လည် ဖြန့်ချိလေ့ရှိပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး  Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်မှုတွေကို ဒီနေရာမှာကြည့်ပါ။ 

တကယ်တမ်း ဗွီဒီယိုထဲမှာ‌ ဖော်ပြထားတဲ့အကြောင်းအရာတွေဟာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးဖို့နဲ့  လူငယ်တွေကို အတင်းအဓမ္မ ဖမ်းဆီးတာ၊ စစ်မှုထမ်းခိုင်းခြင်းများကို လုံးဝမပြုလုပ်ရန် နိုင်ငံရေးအင်အားစုတွေ စုပေါင်းထားတဲ့ PCB အဖွဲ့က တောင်းဆိုတဲ့ သတင်းနဲ့ တခြားသော သတင်းတွေကို ပြန်လည်ဖော်ပြထားတယ်။ 

သုံးသပ်ချက်

“Mandalay KhitThit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ လုပ်ကြံရေးသားပြောဆိုချက်တွေနဲ့ သတင်းခေါင်းစဉ်တု တပ် ဗွီဒီယိုတွေ ဖြန့်ချိတဲ့နေရာဖြစ်တယ်။ အရေးပေါ် ဥပဒေတွေအပါအဝင် စစ်မှုထမ်း ဥပဒေ ရပ်ဆိုင်းဆိုင်းကြောင်း တပ်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးu ကြေညာတယ်ဆိုတာ သတင်းတုသာဖြစ်တယ်။ 

Result Stamp

Title: Fact Check: အရေးပေါ် ဥပဒေတွေအပါအဝင် စစ်မှုထမ်း ဥပဒေ ရပ်ဆိုင်းဆိုင်းကြောင်း တပ်ချုပ်သစ်ကြေညာတဲ့ သတင်းတု

Fact Check By: နေရာမောင်

Result: False