Fact Check: စစ်မှုထမ်း ဥပဒေ ရုပ်သိမ်းကြောင်း တပ်ချုပ်ရဲဝင်းဦး ကြေညာတဲ့ သတင်းတု
စစ်မှုထမ်း ဥပဒေကို ရုပ်သိမ်းလိုက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ကြေညာလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရတယ်။ သတင်းတု ဖြန့်ချိ နေခြင်း ဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ချန်နယ်တခုမှာ ဖော်ပြထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ “စစ်မှုထမ်းဥပဒေ ရုတ်သိမ်းကြောင်း ကြေညာ တပ်ချုပ်ရဲဝင်းဦး အမိန့်နဲ့ ဖျက်သိမ်း ၊ ပြသာနာ တက်နေကြပြီ ၊ လက်နဲ့ရေးတာ ခြေနဲ့မဖျက်ဖို့ မင်းအောင်လှိုင်ဒေါသထွက်” Original link | Archive link အချက်အလက်စိစစ်ချက် ၈ မိနစ်ဝန်းကျင်ရှည်လျားတဲ့ ဗွီဒီယိုရဲ့ ပထမ ၂ မိနစ် ၂၈ စက္ကန့်မှာ စစ်မှုထမ်းဥပဒေကို ဖျက်သိမ်းတဲ့အကြောင်း သတင်းပုံစံနဲ့ ပြောဆိုတင်ဆက်ထားပေမဲ့ ဒီအကြောင်းအရာဟာ လုံးဝလုပ်ကြံရေးသား […]
Continue Reading
