Fact Check: NUG နဲ့ စစ်တပ် တရားဝင် အပစ်ရပ်သဘောတူညီချက်ရရှိပြီး တနိုင်ငံလုံးအပစ်ရပ်လိုက်ပြီဆိုတဲ့ သတင်းတု

နိုင်ငံရေး | Politics

NUG နဲ့ စစ်တပ် တရားဝင် အပစ်ရပ်စဲရေးသဘောတူညီချက်ရရှိပြီး တနိုင်ငံလုံးအပစ်ရပ်လိုက်ပြီလို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ ပြောဆိုရေးသားချက်ဖြစ်ပြီး သတင်းတုသာဖြစ်တယ်။

ပျံ့နှံ့နေတဲ့ ဗွီဒီယိုပို့စ်စာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာကြည့်ပါ။ 

“တစ်နိုင်ငံလုံး အပစ်ခတ် ရပ်လိုက်ပြီ

NUG နဲ့ စစ်တပ် တရားဝင် သဘောတူညီမှုရရှိပြီး

တစ်နိုင်ငံလုံး ငြိမ်းချမ်းရေး စတင်ကြေညာ”

C:\Users\User\Downloads\Firefox_Screenshot_2025-08-07T13-04-24.394Z.png

မူရင်းလင်ခ့် – Original link | Archive link

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်း လုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ သတင်းဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay khitThit”အမည်နဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ အကြောင်းအရာ တွေကို ပြန်လည်ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ကာ ဗွီဒီယို ပုံစံနဲ့ ပြန်လည်ဖြန့်ချိတဲ့နေရာဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ 

အခုလည်း သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုထဲမှာ လူထုနွေဦးသတင်းဌာနကဖော်ပြခဲ့တဲ့ “မြန်မာနိုင်ငံမှာ အပစ်ရပ် မဆွေးနွေးခင် တိုက်ခိုက်မှု အသစ်တွေ မလုပ်ကြဖို့ မလေးရှား ဝန်ကြီးချုပ် တောင်းဆိုထား”၊ “ရွေးကောက်ပွဲ ထပ်မပြိုင်တော့ဘူးလို့ ထရမ့်အတည်ပြု”၊ “ဝေါလေဗျူဟာစခန်း KNUပူးပေါင်းတပ် ပြန်လည်ထိုးစစ်ဆင်”စတဲ့ သတင်းတွေကို ပြန်လည်ဖော်ပြထားတယ်။

သုံးသပ်ချက်“Mandalay khitThit”ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိပါတယ်။  NUG နဲ့ စစ်တပ် တရားဝင် အပစ်ရပ်စဲရေးသဘောတူညီချက်ရရှိပြီး တနိုင်ငံလုံး အပစ်ရပ်လိုက်ပြီဆိုတာ မဟုတ်ပါဘူး။ 

Avatar

Title:Fact Check: NUG နဲ့ စစ်တပ် တရားဝင် အပစ်ရပ်သဘောတူညီချက်ရရှိပြီး တနိုင်ငံလုံးအပစ်ရပ်လိုက်ပြီဆိုတဲ့ သတင်းတု

Fact Check By: နေရာမောင်  

Result: False