
အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)အနေနဲ့ လေယာဉ်တွေရှိနေပြီလို့ NUG သမ္မတက ကြေညာတယ်ဆိုတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။ သတင်းမှာတခုသာ ဖြစ်တာတွေ့ရတယ်။
နိုဝင်ဘာ ၂၂ ရက်က ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။ ဒီပို့စ်ဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၂ သိန်းကျော်ရှိထားတယ်။
“NUG လေကြောင်းရလို့ ဗိုလ်ချုပ်တွေ လန့်ကုန်ပြီ
လေယဉ် ရပြီဟု NUG သမ္မတကြေငြာ
ဒီအတိုင်းဆို မြန်မာစစ်တပ် ၁လမခံတောဘူးဟေ့“
မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
NUG လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေဟာ ဒရုန်းကို အသုံးပြု တိုက်ခိုက်ကြတာများပြားပြီး ဒရုန်းသုံးစွဲမှုနဲ့ပတ်သက်ပြီး ယုံမှားစရာမရှိပေမဲ့ လေယာဉ်ပိုင်ဆိုင်နေပြီဆိုတဲ့ ဖော်ပြချက်ကို ယုံကြည်ရတဲ့ သတင်းအရင်းအမြစ်တွေကဖြစ်စေ NUG ကဖြစ်စေ ပြောဆိုထုတ်ပြန်တာ မရှိပါဘူး။ NUG သမ္မတရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း ဒီလို ထုတ်ပြန်ကြေညာချက်မရှိပါဘူး။
တကယ်တမ်းမှာ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ လုပ်ကြံသတင်းတုတွေ၊ သတင်းမီဒီယာတွေက ဖော်ပြချက်သတင်းတွေကို သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိမှုတွေလုပ်နေတဲ့ ချန်နယ်တခုဖြစ်တာတွေ့ရပါတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်မှုတွေကို ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ကြည့်ပါ။
သုံးသပ်ချက်
NUG အနေနဲ့ လေယာဉ်တွေရှိနေပြီလို့ NUG သမ္မတက ကြေညာတယ်ဆိုပြီး NUG အပါအဝင် ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေက ဖော်ပြချက် မတွေ့ရပါဘူး။ “Local Celegram” ယူကျူ့ချန်နယ်ဟာ လုပ်ကြံသတင်းတုတွေ ဖြန့်ချိတဲ့နေရာသာဖြစ်တာလည်း တွေ့ရပါတယ်။