တက္ကသိုလ် ကျောင်းသားကျောင်းသူတွေကို အင်တာနက်ဒေတာ 100 GB ပေးမယ်ဆိုတဲ့ သတင်းမှား

False လူမှုရေး

တက္ကသိုလ် ကျောင်းသားကျောင်းသူတွေကို အွန်လိုင်း စနစ်နဲ့ သင်ကြားမှာဖြစ်တဲ့အတွက် အင်တာနက် ဒေတာ 100 GB စီပေးမယ်ဆိုတဲ့ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိပါတယ်။

ပျံ့နှံ့ခဲ့တဲ့ ပို့စ်မှာ “ ၁။ အဆင့်မြင့်ပညာဦးစီး ဌာန၏ (၁၆-၇-၂၀၂၀)ရက်နေ့တွင် ကျင်းပပြုလုပ်သော ဗဟိုအ လုပ်အမှုဆောင် Tele-meeting အစည်းအဝေး ဆွေးနွေးညှိနှိုင်းချက်များအရ ကိုဗစ် ကပ်ရောဂါကာလာအတွင်း တက္ကသိုလ် ကျောင်းသားကျောင်းသူများ၏ ပညာသင်ယူမှူးအခွင့်အလမ်းများ မဆုံးရှုံးစေရန် Grline Teaching and Learring စနစ်ဖြင့်ဆောင်ရွက်ရန် ပါမောက္ခချုပ်များကော်မတီမှ ဇူလိုင်လ ၁၄ရက်နေ့တွင်ထုတ်ပြန်ကြေငြာခဲ့ ပါသည်။

 ၂။သို့ဖြစ်ပါ၍ တက္ကသိုလ်ကျောင်းသားကျောင်းသူများ စာလေ့လာရာတွင် အဆင်ပြေစေရန် ရည်ရွယ်၍ ကျောင်းသားတစ်ဦးချင်းစီ၏ သက်ဆိုင်ရာ ဖုန်းနံပါတ်များကိုတောင်းယူခါOnline Learning စနစ်အတွက် ကျောင်းသားတစ် ဦးလျှင် 100GB စီအား ထည့်သွင်းပေးသွားရန် စီစဉ်ထား ကြောင်း အသိပေးအပ်ပါသည်။” စသည်ဖြင့်ရေးသားထားတာတွေ့ရပါတယ်။

အဓိကကိုးကားပြီးရေးသားထားတဲ့ ရုံးစာရဲ့အောက်ခြေမှာ “(ဒေါက်တာကျော်ဇောလင်း၊ ညွှန်ကြားရေးမှူးချုပ်)” ဆိုပြီးလည်း ရေးသားထားပါတယ်။

Fb linkArchive link

အချက်အလက်စိစစ်ချက်

ပညာရေးဝန်ကြီးဌာနရဲ့ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာနဲ့ ဝက်ဘ်ဆိုဒ်စာမျက်နှာတွေမှာ ဒီလိုမျိုး သတင်းထုတ်ပြန်ချက် တစ်စုံတစ်ရာမတွေ့ရှိရပါဘူး။ 

အဓိကကျတဲ့ မီဒီယာကြီးတွေမှာ ဝင်ရောက်ရှာဖွေရာမှာလည်း ဒီလိုမျိုးသတင်း မတွေ့ရှိရပါဘူး။ အလားတူပဲ Google မှာ “ညွန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဇောလင်း”လို့ရိုက်ရှာမယ်ဆိုရင်လည်း  ပညာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ်တစ်ယောက်အနေနဲ့ ကိုးကားရေးသားချက် တစ်စုံတစ်ရာမတွေ့ရှိရပါဘူး။ 

တက္ကသိုလ်တွေနဲ့ ပတ်သက်ရင် စီမံခန့်ခွဲတာဟာ အဆင့်မြင့်ပညာဉီးစီးဌာနဖြစ်ပြီး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ဒီလိုမျိုးပေးမယ်ဆိုတဲ့ သတင်းဟာ မဟုတ်ဘူးလို့ realornot ကိုငြင်းဆိုထားတာတွေ့ရပါတယ်။ အောက်ပါ လင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

realornot


သုံးသပ်ချက်

အထက်ပါအချက်အလက်အရ တက္ကသိုလ် ကျောင်းသားကျောင်းသူတွေကို အွန်လိုင်း စနစ်နဲ့ သင်ကြားမှာ ဖြစ်တဲ့အတွက် အင်တာနက် ဒေတာ 100 GB စီပေးမယ်ဆိုတဲ့ အချက်အလက်ဟာ အချက်အလက်မှား ဖြစ်ပါတယ်။

Avatar

Title:တက္ကသိုလ် ကျောင်းသားကျောင်းသူတွေကိုအင်တာနက် ဒေတာ 100 GB ပေးမယ်ဆိုတဲ့ သတင်းမှား

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *