အစိုးရကပေးတဲ့ထောက်ပံ့ကြေးကို ဖြတ်စားတဲ့ကျေးရွာအုပ်ချုပ်ရေးမှုအဖြစ် ဖော်ပြနေတဲ့ ပုံအမှား

False လူမှုရေး

အစိုးကပေးတဲ့ ကိုဗစိနိုင်တင်းထောက်ပံ့ကြေးတွေကို ဖြတ်စားတဲ့ ကျေးရွားအုပ်ကြီးကိုဖမ်းလိုက်ပြီဆိုတဲ့ သတင်းကို Myanmar People Allianceဆိုတဲ့ ဝက်ဘ်ဆိုဒ်က ဩဂုတ်လ ၃၁ ရက်နေ့က သတင်းတင်ခဲပြီး ဖေ့စ်ဘွတ်အသုံးပြုသူ နှစ်ထောင်ကျော်က ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။

ဒီသတင်းမှာ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ကံဘဲ့လေးကျေးရွာအုပ်စုရှိ အိမ်ထောင်စု ၂၇၃ စုအတွက် တအိမ်ထောင်ကို ၂ သောင်းကျပ်စီနဲ့ နိုင်ငံတော်က ထောက်ပံ့ငွေ ၅၄ သိန်း ၆ သောင်းကျပ်ကို ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဝင်းက ပြည်သူကိုမပေးဘဲ ကိုယ်ကျိုးအတွက် သုံးစွဲခဲ့တာကြောင့် မြောင်းမြမြို့နယ် ဒုအုပ်ချုပ်ရေးမှုးဦးမျိုးခိုင်က တရားလိုပြုလုပ် တိုင်တန်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။

FB LinkArchive Link
Web LinkArchive Link

အချက်အလတ်စိစစ်ချက်

သတင်းပါအကြောင်းအရာနဲ့ပတ်သက်ပြီး မြောင်းမြမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇော်ဝင်းကို Factcrescendo Myanmarက မေးမြန်းခဲ့ရာမှာ “ဒီလိုဖမ်းတယ်၊ အရေးယူဖို့လုပ်တယ်ဆိုတာ ဟုတ်ပါတယ်၊ နဲနဲတောင်ကြာနေပြီဆိုတော့ ငွေဘယ်လောက်ပမာဏဆိုတာတွေတော့ မမှတ်မိတော့ဘူး”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

အထက်ပါသတင်းပါအကြောင်းအရာက မှန်နေပေမဲ့ သတင်းမှာသုံးထားသောပုံကတော့ Google မှာ ပုံပြောင်းရှာနည်းနဲ့ ရှာမယ်ဆိုရင် ပြည်တွင်းမီဒီယာတစ်ခုဖြစ်တဲ့ The Irrawaddyက ၂၀၂၀ခုနစ်၊ ဇွန် ၃၀ ရက်နေ့က “’မြောင်းမြသို့ အထောက်ထားမဲ့ မွတ်စလင်များခေါ်ဆောင်လာသူ ၈ ဦးကို ဖမ်းဆီးစစ်ဆေး”ဆိုတဲ့ သတင်းမှာသုံးခဲ့တဲ့ပုံဖြစ်နေပြီး နောက်ထပ်ပြည်တွင်းမီဒီယာတစ်ခုဖြစ်တဲ့ Ayeyarwaddy Timesမီဒီယာမှာလည်း “မြောင်းမြမြို့တွင်ဖမ်းမိသည့် အထောက်အထားမဲ့ ဝင်ရောက်လာသူ ဘင်္ဂါလီများနှင့်ပတ်သက်ပြီး တောင်ဒဂုံမြို့ နယ်နေသူ ၁ ဦးကို ထပ်မံဖမ်းဆီ”ဆိုတဲ့ သတင်းမှာလည်းသုံးထားတာတွေ့ရပါတယ်။

ဒီပုံကို ကိုယ်တိုင်ရိုက်ခဲ့သူ ဘိုဘို(မြောင်းမြ)ကို Factcrescendo Myanmarက ဆက်သွယ်မေးမြန်းရာမှာတော့ “ဘင်္ဂါလီတွေကို ခိုးသွင်းလို့ ရုံးထုတ်လာတဲ့ပုံက အမှန်ပါ၊ အရေးယူခံရတဲ့ ကျေးရွာအုပ်ချုပ်ရေးမှုးပုံ မဟုတ်ပါဘူး”လို့ ပြန်လည်ဖြေဆိုခဲ့ပါတယ်။

Ayeyarwaddy Times
The Irrawaddy

သုံးသပ်ချက်

အထက်ပါအချက်အလက်များအရ ကျေးရွာအုပ်ချုပ်ရေးမှုးကို အရေးယူတဲ့သတင်းဖြစ်စဉ်မှာ မှန်ကန်နေပေ မဲ့လည်း သတင်းမှာသုံးထားတဲ့ သတင်းဓာတ်ပုံကတော့ ပုံက ’မြောင်းမြသို့ အထောက်ထားမဲ့ မွတ်စလင် များခေါ်ဆောင်လာသူ ၈ ဦးကို ဖမ်းဆီးစစ်ဆေးသူတွေထဲက တစ်ဦးပုံဖြစ်တာ တွေ့ရပါတယ်။

Avatar

Title:အစိုးရကပေးတဲ့ထောက်ပံ့ကြေးကို ဖြတ်စားတဲ့ကျေးရွာအုပ်ချုပ်ရေးမှုအဖြစ် ဖော်ပြနေတဲ့ ပုံအမှား

Fact Check By: Lynn Yu 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *