Fact Check: ဒီမောဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်ထားတဲ့ ဓာတ်ပုံတွေကို အသုံးပြုပြီး သတင်းမှားဖြန့်

Misleading နိုင်ငံရေး

ဒီမောဆိုမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေက လယ်သမားတွေရဲ့စပါးကို ခိုးယူသွားတယ် ဆိုပြီးတော့ ဓာတ်ပုံတစ်ပုံကိုဖေ့စ်ဘွတ်မှာဖြန့်ဝေလျှက်ရှိပါတယ်။

သို့သော် ဓာတ်ပုံတွေဟာ ဒီမောဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားတဲ့ ဓာတ်ပုံတွေကိုအသုံးပြုပြီး အကြောင်းအရာကို ပုံမှားရိုက်ဖော်ပြနေခြင်းဖြစ်ပါတယ်။

 “နေမင်း၏သားတော်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “တော်လှန်ရေးရိက္ခာအတွက်ဟုဆိုကာ DMO-PDF တပ်ရင်းက နေရပ်စွန့်ခွာသွားတဲ့စစ်ရှောင်များရဲ့ စပါးများခိုးယူ

===============================

မိုးဗြဲ /ဒီး မာ့ဆို နယ်ကြား နှစ်ဖက်တိုက်ပွဲများကြား ရွာသူရွာသားများထိတ်လန့် ကြောက်ရွံပြီးအိုးအိမ်စွန့်ကာ ထွက်ပြေးခဲ့ကြရသည်။ ရိတ်သိမ်း နေဆဲစပါးခင်းများကိုလည်း ဆက်လက်မရိတ်သိမ်းနိုင်ဘဲ ထားပစ်ခဲ့ရာ  ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲအမည်ခံ ဒီး မော့ဆို(DMO-PDF)တပ်ရင်းရှိ  အကြမ်းဖက်သမားများမှ တော်လှန်ရေးရိက္ခာ အတွက်ဟုဆိုကာ နိုဝင်ဘာလ၂၁ ရက်နေ့က ရိတ်သိမ်းပြီး ၎င်းတိုစခန်းများသို ခိုးယူသွားကြတယ်လို ဒေသခံများ ထံမှသိရပါတယ်။”လို့ ရေးသားပြီး နိုဝင်ဘာ ၂၃ ရက်မျှဝေထားတာအောက်ပါအတိုင်းတွေ့ရပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – FB linkArchive link

 အချက်အလက်စိစစ်ချက်

အဓိကကျတဲ့စကားလုံးအချို့အသုံးပြုပြီး ဓာတ်ပုံကို ရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံဟာ “ပြည်သူ့ကာကွယ် ရေးတပ် – ဒီးမော့ဆိုမြို့နယ်”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ နိုဝင်ဘာ ၂၁ ရက်နေ့မှာစတင်ဖော်ပြခဲ့တဲ့ ဓာတ်ပုံ ဖြစ်တာ တွေ့ရပါတယ်။ ဒီစာမျက်နှာဟာ ဒီမောဆိုမြို့နယ်က စစ်ရေး၊ကာကွယ်ရေးသတင်းတွေ ထုတ်ပြန်နေတဲ့ စာမျက်နှာဖြစ်ပါတယ်။ 

ယခုပျံ့နှံ့လျက်ရှိတဲ့ဓာတ်ပုံအပြင် အခြား ကောက်လှိုင်းသယ်နေတဲ့ ဓာတ်ပုံ ၂ ပုံနှင့်အတူ ဒီစာမျက်နှာမှာ အောက်ပါ အတိုင်းဖော်ပြထား ပါတယ်။ 

 “အိုးအိမ်စွန့်ခွာတိမ်းရှောင် ပြည်သူများ၏ စပါးခင်းများကို DMO-PDF တပ်ရင်း( i )​က ရိတ်သိမ်းကူညီ​​ပေး​နေ

၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ(21)ရက်​နေ့တွက် မိုးဗြဲ /ဒီး​မာ့ဆို နယ်စပ်​ဖက်တွင် အကြမ်းဖက်စစ်​ကောင်စီတပ်ဖွဲ့ စစ်​ကြောင်းထိုးဆင်လာမှု​ကြောင့် ရွာသူရွာသားများထိတ်လန့်​ကြောက်ရွံပြီးအိုးအိမ်စွန့်ကာ ထွက်ပြေးခဲ့ကြပါသည်။ ရိတ်သိမ်း​နေဆဲစပါးခင်းများကိုလည်း ဆက်လက်မရိတ်သိမ်းနိုင်ဘဲ ထားပစ်ခဲ့ပြီး စပါးခင်းတွေကို  ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့-ဒီး​မော့ဆို(DMO-PDF)တပ်ရင်း( i )တပ်သားများက ရိတ်သိမ်းပေးခြင်း၊ ‌ခြွေပေးခြင်းဖြင့်ကူညီ​ ပြုလုပ်​ပေးခဲ့ပါသည်။

ပြည်သူ့ကာကွယ်​ရေးတပ် DMO-PDF

ပြန်ကြား​ရေးတာဝန်ခံ

ဖုန်း-09427223068

      -09798691676”

မူရင်းလင်ခ့် – ပြည်သူ့ကာကွယ်ရေးတပ် – ဒီးမော့ဆိုမြို့နယ်Archive link

အခြားသော သတင်းစာမျက်နှာတွေမှာလည်း ဒီမောဆိုးပြည်သူ့ကာကွယ်ရေးတပ်တွေက စပါးရိတ်သိမ်းပေး ပုံအဖြစ် နိုဝင်ဘာ ၂၁ ရက်က မျှဝေထားတာကို ဒီလင့်ခ့်နဲ့ ဒီလင့်ခ်မှာ တွေ့ရပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ ဒီမော့ဆိုကာကွယ်ရေးတပ်ဖွဲ့က မူလထုတ်ပြန်ထားတဲ့ ဓာတ်ပုံကို ပုံဖျက်ရေး သားပြီး ပြန်လည်မျှဝေနေခြင်းဖြစ်ပါတယ်။

Avatar

Title:ဒီမောဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်ထားတဲ့ ဓာတ်ပုံတွေကို အသုံးပြုပြီး သတင်းမှားဖြန့်

Fact Check By: Zun Zee 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *