
စွန်တစ်ကောင်ကို ဂြိုလ်တုကနောက်ယောင်ခံမှတ်တမ်းတင်တဲ့ နှစ် ၂၀ အတွင်း သူပြန်လေသမျှလမ်းကြောင်း တွေကို မြေပုံပေါ်မှာ မှတ်တမ်းတင်တယ်ဆိုတဲ့ပုံဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့လျက်ရှိ ပါတယ်။ နာလည်းမှုလွဲစေနိုင်တဲ့ သတင်းမှားတွေပါဝင်နေပါတယ်။ တကယ်တော့ စွန်အကောင် ၂၀ ရဲ့ ၁၀ လအတွင်း ပျံ့သန်းမှုမှတ်တမ်းသာဖြစ်ပါတယ်။
ပျံ့နှံ့လျက်ရှိတဲ့ပို့စ်တွေမှာ အောက်ပါအတိုင်းရေးသားထားပြီး ဓာတ်ပုံတွေထဲမှာ မြေပုံတစ်ခုပေါ်မှာ အရှေ့အလယ်ပိုင်းနဲ့ အာဖရိက တိုက်အစပ်ဒေသတစ်ဝိုင်မှာအကြိမ်ကြိမ်အထပ်ထပ် ခရမ်းရောင်မျဉ်းနဲ့ ဆွဲထားတဲ့ သေဆုံးနေတဲ့ ငှက်တစ်ကောင်လည်းပါဝင်ပါတယ်။
“စွန်တကောင်ရဲ့ခရီး
လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်၊ စွန်ရဲ့ကျောကုန်းမှာ ဂြိုလ်တုကနောက်ယောင်ခံမှတ်တမ်းတင်တဲ့ tracker ကို ရုရှားမှာ တတ်ဆင်ပြီး သူပြန်လေသမျှလမ်းကြောင်းတွေကို မြေပုံပေါ်မှာ မှတ်တမ်းတင်ထားတာပါ။ ခုတော့ ဒီစွန်ဟာ ဆော်ဒီအာရေဗီယ က သူငယ်တောင်ကြားမှာ သေဆုံးသွားပြီဖြစ်ပါတယ်။ ရုရှားကနေ အာဖရိက တိုက်က ဆူဒန်လောက်အထိ အရှေ့အလယ်ပိုင်းဒေသကိုဖြတ်ပြီး အကြိမ်ကြိမ် ခရီးဝေးပျံသန်းခဲ့တာတွေ့ရမှာပါ။ ဒါပေမဲ့သူဟာ ဘယ်တော့မှ ပင်လယ်ကိုတော့ ဖြတ်ပြီးမပျံသန်းဘူးဆိုတာတွေ့ရပါတယ်။ သူ့ရဲ့တောင်ပံ အင်အားပျံသန်းနိုင်စွမ်းအားကို ခြင့်ချိမ်ပြီး အန္တရာယ်ရှောင်ရှားကာ ပျံသန်းတဲ့သဘောပေါ့။ ကိုယ်ကတော့ သူ့ကျောကုန်းပေါ်တင်ထားတဲ့ ကရိယာကြောင့် သူအနေရခက်မှာပဲလို့ တွေးနေမိတာပါ။ နှစ်၂၀ တောင်ခံတယ် ဆိုတော့လည်း ဘယ်လို ဘက်ထရီသုံးလည်းသိချင်မိတယ်။
မူရင်းလင်ခ့် – FB link | Archive link
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
အဓိကျတဲ့စကားလုံးအချို့ကိုအသုံးပြုရှာဖွေကြည့်ရာမှာ ၂၀၂၁ ခုနှစ် မေ ၂၁ ရက်က AFP ရဲ့ အချက်အလက်စိစစ် ချက်တစ်ခုကိုတွေ့ရပါတယ်။ဓာတ်ပုံတွေပါလမ်းကြောင်းတွေဟာ စွန်ရဲ့ ပျံသန်းမှုလမ်းကြောင်းကို မှတ်တမ်းတင် ထားတာမှန်ပေမဲ့ စွန်တစ်ကောင်ရဲ့ နှစ် ၂၀ ပျံသန်းမှုမှတ်တမ်းမဟုတ်ဘဲ စွန်အကောင် ၂၀ ရဲ့ မှတ်တမ်းဖြစ် ပါတယ်။ ၂၀၁၈ ခုနှစ်က ကာဇက်စတန်နိုင်ငံမှာ စမ်းသပ်မှုဖြစ်ပြီး မြေပုံပေါ်က ခရမ်းရောင်လိုင်းတစ်ခုချင်းစီဟာ စွန်တစ်ကောင်စီရဲ့ ၁၀ လတာအတွင်း ပျံသန်းမှုမှတ်တမ်းဖြစ်တယ်ပါတယ်။ ဒီငှက်တွေရဲ့ ကာဇက်စတန်နိုင်ငံက နေ ဆော်ဒီအာရေးဗီယားကို ဘယ်လို ပြောင်ရွှေ့သလဲဆိုတာကို မှတ်တမ်းတင်ခဲ့တာဖြစ်တယ်လို့လည်း ဒီလေ့လာ ရေးအဖွဲ့မှာပါဝင်ခဲ့တဲ့ အမေရိကန် တောရိုင်းတရိစ္ဆာန် ဇီဝဗေဒဆိုင်ရာ ပညာရှင် ဒေါက်တာ တောဒ်ကတ် ဇနာ(Todd Katzner)ကပြောတယ်လို့လည်း AFP ကရေးသားပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။
ဒီလေ့လာရေးမှာပါဝင်ခဲ့တဲ့ ရုရှားငှက်ပညာရှင်အယ်လင်နာ ရှနိုက်ဒါ(Elena Schneider)က ၂၀၁၉ ခုနှစ် မတ် ၄ ရက်ကလည်း ဒီလို သိမ်းငှက်တစ်ကောင်ရဲ့ နှစ် ၂၀ ခရီးဆိုတာမဟုတ်ကြောင်း ရှင်းလင်းထားပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ က အခုလိုမျိုး ငှက်တစ်ကောင်ပေါ်မှာ GPS ကတစ်ဆင့် နောက်ယောင်ခံနိုင်တဲ့ နည်းပညာမျိုးမရှိသေးဘူး လို့လည်း သူက ရေးသားပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ စွန်တစ်ကောင်ကို နှစ် ၂၀ အတွင်း သွားသမျှလမ်းကြောင်းဆိုတာ မမှန်ကန်ပါ ဘူး။ ကာဇက်စတန်ကနေ ဆော်ဒီအာရေးဗီယားကို စွန်တွေဘယ်လို ပြောင်းရွှေ့အခြေချသလဲဆိုတာကို လေ့လာဖို့ စွန် အကောင် ၂၀ ရဲ့ ၁၀ လတာအတွင်း ပျံသန်းမှုကို လေ့လာမှတ်တမ်းတင်ထားခြင်းသာဖြစ်ပါတယ်။

Title:Fact Check: စွန်တစ်ကောင်ရဲ့ နှစ် ၂၀ ခရီးမှတ်တမ်းလား- မဟုတ်ပါ
Fact Check By: Nayar MaungResult: Misleading