၂၀၁၈ ခုနှစ် အလက်စကာငလျင်တုန်းကပုံတွေကို လျက်ရှိငလျင်မြင်ကွင်းအဖြစ်မျှဝေနေ

Misleading နိုင်ငံတကာ၊ | International

ဇူလိုင် ၂၂ ရက်က ဒေသစံတော်ချိန် ည ၁၀ နာရီဝန်းကျင်မှာ အမေရိကန်ုနိုင်ငံ အလက်စကာပြည်နယ်မှာ ပြင်းအား ၇ ဒသမ ၈ ရှိငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီးနောက်မှာ ၂၀၁၈ ခုနှစ်တုန်းက ငလျင်ကြောင့် လမ်းများပျက်စီးခဲ့ တဲ့ပုံတွေ လက်ရှိငလျင်ကပုံတွေအဖြစ် ဖေ့စ်ဘွတ် သုံးစွဲသူတွေအကြားမှာ ပြန်လည်မျှဝေနေကြတာ တွေ့ရပါတယ်။

“မြင့် ခိုင်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “22.07.2020✔ Alaska ကမ်းလွန်ပင်လယ်ကြမ်းပြင်အောက်လှုပ်ရှား သွားခဲ့သည့် 7.8 ရစ်ခ်ျတာစကေးအဆင့် အားပြင်းငလျင်လှုပ်ရှာပြီးနောက် တွေ့ရသည့်ပျက်စီးမှုအချို့။ #Credit photo”ဆိုပြီးတော့ ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။

Fb linkArchive link

Ko Sit”၊“Moe Chan”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူတွေက အလားတူ မျှဝေခဲ့တာတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

ပထမဆုံး Google မှာ ပုံပြောင်းပြန်ရှာနည်းအသုံးပြုပြီးရှာဖွေမယ်ကြည့်မယ်ဆိုရင် ဒီဓာတ်ပုံတွေဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်တုန်းက ပုံတွေဖြစ်တာအောက်ပါအတိုင်းတွေ့ရပါတယ်။

ဇူလိုင် ၂၂ ရက်က အမေရိကန်ုနိုင်ငံ အလက်စကာပြည်နယ်မှာ ပြင်းအား ၇ ဒသမ ၈ ရှိတဲ့ ငလျင် အပျက်အစီး အဖြစ်မျှဝေနေကြတဲ့ပုံ ၃ ပုံစလုံးဟာ ၂၀၁၈ ဒီဇင်ဘာ ၁ ရက်နေ့မှာ ဘီဘီစီသတင်းဌာနက တင်ဆက်ခဲ့တဲ့ သတင်းထဲက ပုံတွေဖြစ်နေတာလည်းတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

BBC

“မြင့် ခိုင်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူမျှဝေထားတဲ့ ပုံတွေနဲ့ ၂၀၁၈ ခုနှစ်က ဘီဘီစီသတင်းဌာနက တင်ဆက်ခဲ့တဲ့ သတင်းက ပုံတွေကို အောက်ပါအတိုင်းနှိုင်းယှဉ်ကြည့်နိုင်ပါတယ်။

ဇူလိုင် ၂၂ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်မှာ ၂၀၁၈ ခုနှစ်ကထက် ပြင်းအားများပေမဲ့ အပျက်အစီးနည်းခဲ့တဲ့ တွေ့ရပါတယ်။ အောက်ပါလင့်ခ်တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Link

သုံးသပ်ချက်

အထက်ပါအချက်အလက်စိစစ်ချက်တွေအရ ““မြင့် ခိုင်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ဇူလိုင် ၂၂ ရက်က အလက်စကာကမ်းလွန်ပင်လယ်ကြမ်းပြင်အောက်လှုပ်ရှား ငလျင်ကြီးအပြီး အပျက်အစီးများအဖြစ်ဖော်ပြနေတဲ့ ပုံတွေဟာ ၂၀၁၈ ခုနှစ်က အလက်စကာမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်တုန်းက အပျက်အစီးပုံတွေဖြစ်တာတွေ့ရ ပါတယ်။

Avatar

Title:၂၀၁၈ ခုနှစ် အလက်စကာငလျင်တုန်းကပုံတွေကို လျက်ရှိငလျင်မြင်ကွင်းအဖြစ်မျှဝေနေ

Fact Check By: Nayar Maung 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *