
ရုရှားရဲ့ ကျူးကျော်မှုကို ခံနေရပြီး စစ်ဖြစ်နေပေမဲ့ ယူကရိန်းနိုင်ငံသားတွေဟာ မြန်မာနိုင်ငံအတွက်လည်း ဆန္ဒပြ ပေးနေတယ်ဆိုပြီးတော့ ဓာတ်ပုံ ၃ ပုံနှင့်အတူ မျှဝေထားတဲ့ ပို့စ်ဟာ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအား ကောင်းလျက်ရှိ ပါတယ်။
အမွေးပွ အနွေးထည်အင်္ကျီဝတ်အမျိုးသားက ယူကရိန်းနဲ့ မြန်မာစပ်ထားတဲ့ သရုပ်ဖော်ကတ်တစ်ခုကို ကိုင်ဆောင် ထားတဲ့ ဓာတ်ပုံ၊ယူကရိန်းကို ကယ်တင်ပါ၊ မြန်မာကိုကယ်တင်ပါလို့ အဓိပ္ပာယ်ရတဲ့ အင်္ဂလိပ်ဘာသာနဲ့ ရေးသား ထားတဲ့ ဓာတ်ပုံတွေအပါအဝင် ဓာတ်ပုံ ၃ ပုံနဲ့အတူ “A Lawn Thin”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ဖေဖော်ဝါရီ ၂၈ ရက်မှာ မျှဝေထားတာတွေ့ရပါတယ်။
“မြန်မာနိုင်ငံ အတွက် ပြန်လည်စိုးရိမ်ပေးတဲ့ ယူကရိန်းနိုင်ငံကို ကျေးဇူးအများကြီးတင်ပါတယ်🇲🇲🤝🇺🇦
Велике спасибі Україні за те, що висловлює занепокоєння щодо М’янми 🇲🇲🤝🇺🇦
Many thanks to Ukraine for raising concerns for Myanmar 🇲🇲🤝🇺🇦
#Credit #photo
#SaveMyanmar😢🇲🇲
#Допоможіть М’янмі
#saveukraine🇺🇦😢”

မူရင်းလင်ခ့် – Fb link | Archive link
တူညီစွာရေးသားမျှဝေထားပြီး ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ပို့စ်တွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။
တကယ်တော့ ဓာတ်ပုံတွေဟာ ပြုပြင်ပြောင်းလဲ ဖန်တီးထားခြင်းသာ ဖြစ်ပါတယ်။ အချက်အလက်စိစစ်ကြည့်ရ အောင်ပါ။
အချက်အလက်စိစစ်ချက်
ပထမဆုံးဓာတ်ပုံဖြစ်တဲ့ အလံ ၂ ခုပေါင်းစပ်ထားတဲ့ ဓာတ်ပုံကို Google မှာပုံရှာနည်းအသုံးပြုပြီး ရှာဖွေရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။

“Canadian Broadcasting Cooperation-CBC”သတင်းဌာနက ၂၀၂၂ ခုနှစ်၊ဖေဖော်ဝါရီ ၁၂ ရက်က “ကျူးကျော်ခံရနိုင်ခြေအတွေက် စိုးရိမ်ထိန်လန့်နေချိန်မှာ ယူကရိန်းပြည်သူ ထောင်ပေါင်းများစွာဟာ ညီညွှတ်မှုရှိနေတယ်ဆိုတာကို ပြသဖို့အတွက် ကိဗ်ဘ်မြို့မှာ စုရုံးကြ”လို့ရေးသားထားတဲ့ သတင်းခေါင်းစဉ်မှာ ဒီဓာတ်ပုံကို အသုံးပြုထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – CBC | Archive link
နောက်ထပ် ဓာတ်ပုံတစ်ပုံဖြစ်တဲ့ “Save Ukraine” “Save Myanmar”လို့ရေးသားထားတဲ့ ဓာတ်ပုံကို Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ ကိုဗစ်ကာကွယ်ဆေးမထိုးဖို့ ဆန့်ကျင်ဆန္ဒပြတဲ့ဓာတ်ပုံတစ်ပုံဖြစ်တာတွေ့ ရပါတယ်။ ဆန္ဒပြသူ ကိုင်ဆောင်ထားတဲ့ ဆန္ဒပြ စာသားဟာ “ANTI VAX”ဖြစ်ပါတယ်။

မူရင်းလင်ခ့် – Independent | Archive link
ထို့အတူ တတိယဓာတ်ပုံဖြစ်တဲ့ စာသားအများအပြာပါဝင်ပြီးအမျိုးသမီးတစ်ယောက်ကိုင်ဆောင်ထားတဲ့ ဓာတ်ပုံကိုလည်း အောက်ပါအတိုင်းတွေ့ရပါတယ်။ ဒီဓာတ်ပုံဟာလည်း ဖေဖော်ဝါရီလထဲမှာ ယူကရိန်းမှာ ရုရှားကျူးကျော်မှု စိုးရိမ်နေရချိန်မှာ ဆန္ဒပြတဲ့ ဓာတ်ပုံဖြစ်ပြီး မူလစာသားဟာ “No Putin No Cry”ဖြစ်ပါတယ်။

မူရင်းလင်ခ့် – California18 | Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ မတူညီတဲ့ဖြစ်စဉ်တွေက ဓာတ်ပုံတွေကို ပေါင်းစပ်ထားပြီး လိုအပ်သလို ပြုပြင်ဖန်တီးဖော်ပြနေတာတွေ့ရပါတယ်။ မူလဓာတ်ပုံတွေဟာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ စကားလုံးတွေ မပါဝင်ပါဘူး။

Title:Fact Check: ယူကရိန်းနိုင်ငံသားတွေ မြန်မာနိုင်ငံအတွက်ပါ ဆန္ဒပြပေးနေတာလား-မဟုတ်ပါ
Fact Check By: Nayar MaungResult: False