Fact Check: ၂၀၁၄ ခုနှစ်က ဟာဝိုင်အီမှာ အသေးစားလေယာဉ်ပျက် ကျမှု မှတ်တမ်းကို အင်ဒိုနီးရှားလေယာဉ်ပျက်ကျမှုအဖြစ်မျှဝေနေ

False လူမှုရေး

လေယာဉ်စီးခရီသည်တစ်ဦးက လေယာဉ်ရေထဲပျက်ကျစဉ်မှာ ရိုက်ထားတဲ့ ဗွီဒီယိုတစ်ခုကို အင်ဒိုနီးရှား လေယာဉ် ပျက်မှုအဖြစ်လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေထားတွေ့ရပါတယ်။

၂ မိနစ်နဲ့ ၃၀ စက္ကန့်ရှည်လျားတဲ့  ဒီဗွီဒီယိုမှာ လေယာဉ်ရေထဲပျက်ကျသွားတာကို လေယာဉ်ပေါ်မှာ လိုက်ပါလာ တဲ့သူက မှတ်တမ်းရိုက်ကူးထားထားတာလည်းပါဝင်ပြီး လေယာဉ်ပေါ်ပါလာသူ အသက်ရှင်ကျန်ရစ်သူ က ပြန်ပြောနေတဲ့ အပိုင်းလည်းပါဝင်ပါတယ်။  ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း မျှဝေထားပါတယ်။

ဒီဗွီဒီယိုဟာ တကယ်တမ်း အင်ဒိုနီးရှားလေယာဉ်ပျက်ကျမှုမှတ်တမ်းမဟုတ်ဘဲ ၂၀၁၄ ခုနှစ်က ဟာဝိုင်အီမှာ အသေးစားခရီးသည်တင်လေယာဉ်ပျက်ကျစဉ်က ဗွီဒီယိုသာဖြစ်ပါတယ်။

“အင်ဒိုနီးရှား လေယာဥ်မှူးရေထဲကိုအညင်သာဆုံးဆင်းတာပဲ လေယဥ်ပေါ်ပါခရီးသည်ရိုက်ထားတဲ့ video file လူသားချင်းစာနာသနားမိပါတယ် M. T. A. Crd”လို့ ရေးသားပြီး အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ 

မူရင်းလင်ခ့် – Fb link  |  Archive link

အချက်အလက်စိစစ်ချက်

Google မှာ အဓိကျတဲ့စကားလုံးအချို့အသုံးပြုရှာဖွေရာမှာ လေယာဉ်ပေါ်မှာ စီးနင်းလိုက်ပါလာတဲ့ခရီးသည်က လေယာဉ်ပျက်ကျမှုကို မှတ်တမ်းတင်ထားတဲ့ ဗွီဒီယိုဟာ ၂၀၁၄ ခုနှစ်က ဟာဝိုင်အီမှာ ခရီးသည်တင်အသေးစား လေယာဉ်တစ်စီးပျက်ကျစဉ်က မှတ်တမ်းဗွီဒီယိုဖြစ်တာ တွေ့ရပါတယ်။

ABC သတင်းဌာနက ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၁၀ ရက်မှာ တင်ဆက်ထားတဲ့ ဗွီဒီယိုကို အောက်ပါလင့်ခ်မှာ ကြည့်ရှူ့ နိုင်ပါတယ်။ 

မူရင်းလင်ခ့် – ABC  |  Archive link

အင်ဒိုနီးရှားလေကြောင်းလိုင်းပျက်ကျမှုအဖြစ်မျှဝေနေတဲ့ ဗွီဒီယိုနဲ့ ABC သတင်းဌာနမှာဖော်ပြခဲ့တဲ့ ဟာဝိုင်အီ လေယာဉ်ပျက်ကျမှုဗွီဒီယိုက screenshot ကို အောက်ပါအတိုင်းယှဉ်ကြည်နိုင်ပါတယ်။

အင်ဒိုနီးရှားလေယာဉ်ပျက်ကျမှုအကြောင်းအရာကို ရှာကြည့်မယ်ဆိုရင် အင်ဒိုနီးရှားလေ ကြောင်းလိုင်း Sriwijaya က လေယာဉ် SJ182 ခရီးသည်တင်လေယာဉ်ဟာ ဂျကာတာမြို့က ပျံတက်ပြီး သိပ်မကြာခင် ဒီဇင်ဘာ ၉ ရက်က ၂ နာရီ ၄၀ မိနစ်ဝန်းကျင်မှာ ဂျာဗာပင်လယ်ထဲကို ပျက်ကျခဲ့တာ တွေ့ရပါတယ်။ လေယာဉ်ပေါ်မှာ ကလေးငယ် ၁၀ ဦးအပါအဝင် ခရီးသည် ၆၂ ယောက်စီးနင်းလိုက်ပါသွားပါတယ်။ လက်ရှိအချိန် အထိ အသက်ရှင်ကျန်ရစ်သူကို ရှာဖွေတွေ့တာမတွေ့ရသေးပါဘူး။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ အင်ဒိုနီးရှားလေယာဉ်ပျက်ကျမှုအဖြစ် မျှဝေနေတဲ့ ဗွီဒီယိုဟာ ၂၀၁၄ ခုနှစ်က ဟာဝိုင်အီမှာ အသေးစားခရီးသည်တင်လေယာဉ်ပျက်ကျခဲ့တဲ့ဖြစ်စဉ်က ဗွီဒီယိုဖြစ်တာတွေ့ရပါတယ်။

Avatar

Title:၂၀၁၄ ခုနှစ်က ဟာဝိုင်အီမှာ အသေးစားလေယာဉ်ပျက် ကျမှု မှတ်တမ်းကို အင်ဒိုနီးရှားလေယာဉ်ပျက်ကျမှုအဖြစ်မျှဝေနေ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *