Fact Check: စစ်ကောင်စီက ဖမ်းသွားတဲ့ ဒေါ်သက်သက်ခိုင် သေဆုံးဆိုတဲ့ သတင်းတု

False နိုင်ငံရေး | Politics

စစ်ကောင်စီက ဖမ်းဆီးခဲ့တဲ့ ပြည်သူ့ဦးဆောင်ပါတီ(PPP) ဥက္ကဌ ဒေါ်သက်သက်ခိုင် သေဆုံးသွားပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရတယ်။ သတင်းတုတွေသာဖြစ်တယ်။ 

ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပြောဆိုချက်နဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာကြည့်ပါ။ 

“ညက ဖမ်းခံထားရတဲ့ Pသုံး ဥက္ကဌ သက်သက်ခိုင် ကို

စစ်ကောင်စီက ဒီနေ့ အလောင်းပဲ လာပို့လို့ လန့်ကုန်ပြီ” 

Original link | Archive link

အလားတူရေးသားဖြန့်ဝေမှုကို ဒီလင့်ခ်မှာ ကြည့်ပါ။ 

အချက်အလက်စိစစ်ချက်

စစ်တပ်က သူတို့ခွင့်ပြုချက်မရှိဘဲ နိုင်ငံတခုက သံရုံးတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တဲ့အတွက် ပြည်သူ့ ရှေ့ဆောင်ပါတီ(PPP) ဥက္ကဌ ဒေါ်သက်သက်ခိုင်ကို ဖမ်းဆီးအရေးယူခဲ့ပါတယ်။ ဒါပေမဲ့ ဒီလို အဖမ်းခံရအပြီးမှာ သူ သေဆုံးသွားတဲ့အကြောင်းဖြစ်စေ စစ်တပ်က သူ့အလောင်းကို လာပို့တဲ့အကြောင်းဖြစ်စေ ယုံကြည်တဲ့ သတင်းအရင်းအမြစ်တွေမှာဖော်ပြချက် မရှိပါဘူး။

ဒီလိုပြောဆိုထားတဲ့ ဗွီဒီယိုဖြန့်ဝေနေတဲ့  ယူကျူ့ချန်နယ်တွေဟာ လုပ်ကြံရေးသားပြောဆိုချက်တွေနဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ဝေတဲ့နေရာတွေဖြစ်တာတွေ့ရတယ်။ “The Daily Lens” ဟာ လုပ်ကြံရေးသားပြောဆိုချက်တွေနဲ့ သတင်းမီဒီယာတချို့ရဲ့ သတင်း‌ဖော်ပြချက်တွေကို ရောနှောဖော်ပြလေ့ရှိပြီး အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာကြည့်ပါ။ ဒီချန်နယ်ဟာ ဓာတ်ပုံတွေကိုလည်း AI အသုံးပြုဖန်တီး ပုံဖော်တာတွေလည်း ပြုလုပ်ပါတယ်။ 

သုံးသပ်ချက်

ဒေါ်သက်သက်ခိုင်ကို စစ်တပ်က ဖမ်းဆီးသွားတာမှန်ပေမဲ့ သူသေဆုံးပြီဆိုတာ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ အထောက်အထားမတွေ့ရပါဘူး။ ဗွီဒီယိုဖြန့်ဝေထားတဲ့ “The Daily Lens” ဟာ လုပ်ကြံရေးသားပြောဆိုချက်တွေ ဖြန့်ချိတဲ့နေရာဖြစ်တယ်။

ပြောဆိုချက်- စစ်ကောင်စီက ဖမ်းဆီးခဲ့တဲ့ PPP ဥက္ကဌ ဒေါ်သက်သက်ခိုင် သေဆုံးသွားပြီ

Avatar

Title:Fact Check: စစ်ကောင်စီက ဖမ်းသွားတဲ့ ဒေါ်သက်သက်ခိုင် သေဆုံးဆိုတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *