Mask အဟောင်းတွေကို ဈေးကွက်ထဲသို့ရောင်းဝယ်နေမှုအထူးသတိပြုပါဆိုတဲ့ ပို့စ်မှာ ပါတဲ့ ဓာတ်ပုံတွေက မြန်မာနိုင်ငံက မဟုတ်ပါ

Misleading နိုင်ငံတကာ၊ | International လူမှုရေး

“ယခုဖြစ်ပေါ်နေသော ကမ္ဘာ့ကပ်ရောဂါ COVID-19 ရောဂါပိုးပြန့်ပွားနေမှု့ကို အကြောင်းခံပြီး မြန်မာနိုင်ငံရှိ ပြည်သူများကို လိမ်ညာရောင်းနေကြသည့် Mask များသည် အများပြည်သူများ ဝယ်ယူတပ်ဆင်ထားပြီးသော Mask အဟောင်းများကို ပြန်လည်ကောက်ယူကာ လျှော်ဖွတ်၍ အသစ်ပုံစံအတိုင်း ပြုလုပ်ပြီး ဈေးကွက်ထဲသို့ ဈေးပေါပေါဖြစ် ဖြန့်ချီးရောင်းဝယ်နေတာတွေ ရှိနေပါတယ်။ ၎င်းပြန့်ချီးရောင်းဝယ်နေသော Mask အဟောင်း များသည် အများပြည်သူများထံ ပြန်လည်းရောက်ရှိကာ COVID-19 ရောဂါပိုးမကူးဆက် နိုင်ရန်အတွက်၎င်း ၊ မျက်နှာပေါ်သို့ ကာကွယ်ထိန်းချုပ်ရန်အတွက်၎င်း ၊  တပ်ဆင်ရာတွင် ပုံပါအတိုင်း မျက်နှာပေါ်ရှိ အရည်ပြားများ ပျက်စီးဆုံးရှုးမှုနဲ့ တွေ့ကြုံရပါသည်”ဆိုတဲ့ ပို့စ် လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပါတယ်။

 “ပန်းနုရောင်ကောင်မလေး ပန်းနုရောင်ကောင်မလေး”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “မြန်မာသတင်းစုံ”အမည်နဲ့ ဖေ့စ်ဘွတ်အုပ်စုထဲကို “မေ သူ”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူရဲ့ပို့စ်ကို ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။ ဒီပို့စ်ကို “မေ သူ”က “ဝူဟန်/ကိုရိုနာဗိုင်းရပ်စ်COVID-19 ရောဂါအကြောင်း သိကောင်းစရာများ”ဖေ့စ်ဘွတ်အုပ်စု ထဲမှာ ဧပြီ ၁၀ ရက်နေ့က မျှဝေထားရာမှာ ဖေ့စ်ဘွတ်သုံးစွဲသူ ၃ သောင်းကျော်က ပြန်လည်မျှဝေခဲ့တာတွေ့ ရပါတယ်။

Fb linkFb link
Archive linkArchive link

အချက်အလက်စိစစ်ချက်

ဒီပို့စ်ထဲမှာပါတဲ့ မျက်နှာဖုံးစွပ်တွေပုံထားတဲ့ ဓာတ်ပုံကို Google မှာ ပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာဖွေရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။

ဒီဓာတ်ပုံဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါမဖြစ်ခင်ကတည်းက ၂၀၁၈ ခုနှစ်နဲ့၂၀၁၉ ခုနှစ် နိုဝင်ဘာလထဲတွေ မှာကတည်းက အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီးဖြစ်ပါတယ်။ အောက်ပါလင့်ခ်တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Fb linkFb link
Archive linkArchive link

အလားတူစွာပဲ မျက်နှာပေါ်မှာ အနာတွေနဲ့ ပုံကို Google မှာပဲနောက်ထပ်ပုံပြောင်းပြန်ရှာနည်းအသုံးပြု ရှာဖွေ ကြည့်ရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။

၂၀၁၆ ခုနှစ်၊ မတ်လ ၃ ရက်စွဲနဲ့ tinvn အမည်နဲ့ဝက်ဘ်ဆိုက်က သတင်းတစ်ခုမှာ ဒီမျက်နှာပေါ်မှာ အနာတွေနဲ့ လူတစ်ဉီးရဲ့ပုံကိုသုံးစွဲထားတာတွေ့ ရပါတယ်။ Google Translate ကိုအသုံးပြုပြီး ဗီယက်နမ်ဘာသာကနေ မြန်မာဘာသာ ကိုပြန်ဆိုကြည့်ရာမှာ ဟိုချီမင်းမြို့ပေါ်ကလမ်းပေါ်မှာ KT အမည်နဲ့ မျက်နှာဖုံးတွေကိ ကျယ်ကျယ် ပြန့်ပြန့် ရောင်းချနေပြီး အခု ၅၀ ရှိ အထုပ်တစ်ထုတ်ပို ဗီယက်နမ်သုံးငွေကြေး ဒေါင်း ၂၅၀၀၀ ကနေ ၄၀,၀၀၀ ပဲရှိပြီး ဈေးနှုန်းသက်သာနေတာနဲ့ အရည်အသွေးမပြည့်တဲ့ မျက်နှာဖုံးတွေဖြစ်တာကြောင့် သုံးစွဲသူတွေမှာ အသား အရေ ပျက်စီးတာတွေ ကြုံတွေ့ခဲ့ရကြောင်းဖော်ပြထားတာကို တွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက် လေ့လာ နိုင်ပါတယ်။

LinkArchive link

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ဒီမျက်နှာဖုံးတွေနဲ့ မျက်နှာမှာ ဒဏ်ရာတွေ ရရှိခဲ့တဲ့ပုံဟာ မြန်မာနိုင်ငံက ပုံတွေမဟုတ်သလို ကိုရိုနာဗိုင်းရပ်စ်ဖြစ်စဉ်နဲ့သက်ဆိုင်ခြင်းမရှိတာလည်းတွေ့ရပါတယ်။ ဒါကြောင့် အခုပုံတွေကို အသုံးပြုပြီး “ယခုဖြစ်ပေါ်နေသော ကမ္ဘာ့ကပ်ရောဂါ COVID-19 ရောဂါပိုးပြန့်ပွားနေမှု့ကို အကြောင်းခံပြီး မြန်မာနိုင်ငံရှိ ပြည်သူများကို လိမ်ညာရောင်းနေကြသည့် Mask များသည် အများပြည်သူများ ဝယ်ယူတပ်ဆင် ထားပြီးသော Mask အဟောင်းများကို ပြန်လည်ကောက်ယူကာ လျှော်ဖွတ်၍ အသစ်ပုံစံအတိုင်း ပြုလုပ်ပြီး ဈေးကွက်ထဲသို့ ဈေးပေါပေါဖြစ် ဖြန့်ချီးရောင်းဝယ်နေတာတွေ ရှိနေရပါတယ်”ဆိုတဲ့ရေးသားချက်ဟာ လှည့်စားထားတဲ့ သတင်းအဖြစ် သတ်မှတ်ပါတယ်။

Avatar

Title:Mask အဟောင်းတွေကို ဈေးကွက်ထဲသို့ရောင်းဝယ်နေမှုအထူးသတိပြုပါဆိုတဲ့ ပို့စ်မှာ ပါတဲ့ ဓာတ်ပုံတွေက မြန်မာနိုင်ငံက မဟုတ်ပါ

Fact Check By: Nayar Maung 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *