Fact Check: မုန်တိုင်းကြီး ရခိုင်ကမ်းလွန်ကို ဝင်ရောက်မှာဖို့ရှိလား- မဟုတ်ပါ

Misleading လူမှုရေး

အလွန်အားပြင်းတဲ့ မုန်တိုင်းကြီး ရခိုင်ကမ်းလွန်ကို ဝင်ရောက်မှာဖို့ရှိလို့ ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်ဖြူ၊ ဂွနဲ့ သံတွဲမြို့က လူတွေ အလျင်အမြန်ပြောင်းရွှေ့ကြဖို့လိုတယ်ဆိုပြီး ပို့စ်တခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေ တာ တွေ့ရပါတယ်။  နားလည်မှုလွဲစေနိုင်တဲ့ ပြောဆိုရေးသားချက်ဖြစ်ပြီး ၂၀၂၃ ခုနှစ်က မုန်တိုင်း သတိပေးချက်ကို ပြန်လည်မျှဝေနေခြင်းဖြစ်တယ်။ လတ်တလော မြန်မာနိုင်ငံကို မုန်တိုင်းဝင်ရောက်မယ့် သတိပေး ထုတ်ပြန်ချက် မရှိပါဘူး။

ပျံ့နှံ့နေတဲ့ ဓာတ်ပုံနဲ့ ပို့စ်စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ မျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

“စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ ဂွ ကလူတွေ အမြန်ပြောင်းရွေ့ကြပါ❗❗❗❗❗

ဂြိုလ်တုကပြတဲ့ ပုံအတိုင်းဆို မုန်တိုင်းအရွယ်အစားက

တအားကိုကြီးပြီး တော်တော်လေးကိုကျယ်ပါတယ်  ❌❌❌❌

ဖွဲ့စည်း နေတဲ့ တိမ်စုကြီးကလဲ အရွယ်အစားအားနဲ့ နိုင်းယှဉ်ရင် မြန်မာနိုင်ငံ အလယ်ပိုင်းတစ်ခုလုံးနီးပါးလောက်ကို ကြီး

နေလို့ပါ … 🔺🔺🔺🔺🔺

🔺နာဂစ်တုန်းက 

လေတိုက်နှုန်း =  ၁ နာရီ ၁၃၅ မိုင်

မုန်တိုင်း မျက်စိ အချင်း = ၁၂ မိုင်

🔺အခုလာမယ့် မိုခါ 

လေတိုက်နှုန်း = ၁ နာရီ ၁၀၃.၇ မိုင် (167 km per hr)

မုန်တိုင်းမျက်စိ အချင်း = 50 မိုင် (ခန့်မှန်း)

စက်ကွင်း ကျယ်ပြန့် အချင်းမိုင်ပေါင်း = 500 မိုင်

⚠️နာဂစ် မုန်တိုင်းမျက်စိ အချင်း (12) မိုင်ရဲ့ ပျက်စီးမှုကို မှတ်မိကြမှာပါ။ အခု လာမှာ အချင်း မိုင် (50) နဲ့ လာမယ့် မုန်တိုင်းကြီးပါ။

‼️မုန်တိုင်း အားအပြင်းဆုံးဝင်ရောက်မယ့် စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ ဂွ ကလူတွေ အမြန်ပြောင်းရွေ့ကြပါ။‼️

ရခိုင်ပြည်နယ်မြောက်ပိုင်း နဲ့ ကမ်းရိုးတန်းတစ်လျောက် အလွန် အန္တရာယ်ရှိပါတယ်”

မူရင်းလင်ခ့် – Original link | Archive link

အချက်အလက်စိစစ်ချက်

တကယ်တော့ ဒီတူညီတဲ့ ရေးသားမျှဝေချက်တွေကို ၂၀၂၃ ခုနှစ် မိုခါမုန်တိုင်း ဝင်ရောက်မတိုက်ခတ်ခင်မှာ တွေ့ရပါတယ်။ ၂၀၂၃ ခုနှစ် မေ ၉ ရက်ကနေ ၁၅ ရက်အတွင်းမှာ ရခိုင်ပြည်နယ် စစ်တွေမြို့တော်ကို ဦးတည်ပြီး အင်အားအလွန်ပြင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်ခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၂၅ ခုနှစ် ဧပြီလအတွက် မုန်တိုင်းသတိပေးချက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ထုတ်ပြန်ထားတာ မတွေ့ရ သလို မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း အသိပေးထုတ်ပြန်ထားတာမရှိပါဘူး။ 

ဒီအပြင် မိုးလေဝသခန့်မှန်းချက်တွေ ပုံမှန်ဖော်ပြလေ့ရှိတဲ့ “Win Naing”အမည်နဲ့ ဖေ့စ်ဘွတ်အကောင့်ကလည်း ပုံအဟောင်း၊ ခန့်မှန်းချက်အဟောင်းတွေအသုံးပြုပြီး သူ့နာမည်ကို အသုံးပြုကာ ဖြန့်ဝေနေကြောင်း သတိပေးထားပါတယ်။ ဧပြီ ၄ ရက်ကနေ ဧပြီ ၉ ရက်ကြားမှာ မြန်မာနိုင်ငံ တချို့ဒေသတွေအနေနဲ့ မိုးရွာသွန်းမှုရှိနိုင်ပေမဲ့  မြန်မာနိုင်ငံအနေနဲ့ ဧပြီ ၁၆ ရက်နောက်ပိုင်းမှသာ မုတ်သုံရာသီ၊ မုန်တိုင်းရာသီ ရောက်ရှိမယ်လို့လည်း သူ့က ခန့်မှန်းအသိပေးထားပါတယ်။ 

သုံးသပ်ချက်

၂၀၂၃ ခုနှစ်ထဲမှာ ရခိုင်ပြည်နယ် စစ်တွေမြို့ကို မိုခါမုန်တိုင်း ဝင်ရောက်မတိုက်ခတ်ခင်က လူမှုကွန်ယက်မှာ နှိုးဆော်ချက်ကို ပြန်လည်ဖြန့်ဝေနေခြင်းဖြစ်တယ်။ မြန်မာနိုင်ငံကို မုန်တိုင်းဝင်ရောက်မယ်ဆိုပြီး သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ကျွမ်းကျင်သူတွေက လတ်တလော ခန့်မှန်းပြောဆိုချက်မရှိသေးပါ။ 

ပြောဆိုချက်- အင်အားပြင်း မုန်တိုင်းကြီး ရခိုင်ကမ်းလွန်ကို ဝင်ရောက်မှာဖို့ရှိလို့ ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်ဖြူ၊ ဂွနဲ့ သံတွဲမြို့က လူတွေ အလျင်အမြန်ပြောင်းရွှေ့ကြပါ

Avatar

Title:Fact Check: မုန်တိုင်းကြီး ရခိုင်ကမ်းလွန်ကို ဝင်ရောက်မှာဖို့ရှိလား- မဟုတ်ပါ

Fact Check By: နေရာမောင် 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *