သီတဂူဆရာတော်ကြီးမှာ COVID-19 တွေ့ရှိဆိုတဲ့ သတင်းတု

False လူမှုရေး

သီတဂူဆရာတော်ကြီးမှာ COVID-19 တွေ့ရှိဆိုတဲ့ သတင်းတစ်ခု လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့ လျှက်ရှိတာတွေ့ရပါတယ်။

 “Covid 19 စစ်ဆေးရာဌာနသို့ သီတဂူဆရာတော်ကြီး ရောက်ရှိလာပြီ”ဆိုတဲ့ ဒီခေါင်းစဉ်နဲ့မျှဝေထားတဲ့သတင်းမှာ သီတဂူဆရာတော်ကြီးကူးစက်ခံရတဲ့ ဗိုင်းရပ်စ်မှာ “Covit 19 ၏အဆင့်အမြင့်ဆုံးဖြစ်သော #blackpigcovitvirus ဖြစ်ပြီးပျောက်ကင်းဖို့ရာမဖြစ်နိုင်နိုင်ကြောင်း”စသည်ဖြင့်ရေးသားပြီး အောက်ပါအတိုင်းမျှဝေထားပါတယ်။

Fb linkArchive link

ဒီပို့စ်ကို ဒီနေရာဒီနေရာနဲ့ ဒီနေရာတွေမှာလည်း မျှဝေထားတာတွေ့ရပါတယ်

အချက်အလက်စိစစ်ချက်

 “အဲဒီပုံက လွန်ခဲ့တဲ့နှစ်များစွာက အာရှတော်ဝင်မှာ နှလုံးစမ်းသပ်တဲ့ စက်ကြီးဝယ်လာလို့ သွားစစ်ဆေး ပေး တာပါ။ ပရိတ်ရွတ်ပေးတာပါ။ ဒီဓာတ်ပုံကိုပဲ သီတဂူဆရာတော် နေမကောင်းလို့ဆိုပြီး လွန်ခဲ့နှစ်က လျှောက် ဖွနေတာ တွေ့ဖူးပါတယ်”ဆိုပြီးတော့ သီတဂူဆရာတော်ကြီးရဲ့ လက်ရုံးတပည့်ဆရာတော်တစ်ပါးဖြစ်တဲ့ ဒေါက်တာကောဝိဒသိရီ(သီတဂူစတားဆရာတော်)က ကိုယ်ပိုင်လူမှုကွန်ယက်စာမျက်နှာတဆင့် ပြန်လည် ရှင်းလင်းထား တာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာ နိုင်ပါတယ်။

အလားတူ ဒီလိုသတင်းထွက်ပေါ်လာပြီးနောက် သီတဂူဆရာတော်ကြီးရဲ့ သာသနာရေးဆိုင်ရာလှုပ်ရှားမှုများကို ဖော်ပြနေတဲ့ “သီတဂူဆရာတော်ဓမ္မသဘင်- Live”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း “ဆရာတော်ဘုရားကြီး ကျန်းမာ ချမ်းသာစွာဖြင့် စစ်ကိုင်တောင်တွင်သီတင်းသုံးလျှက်ရှိပါကြောင်း ဓါတ်ပုံ-ယနေ့ပြုလုပ်သော ရဟန်းခံအလှူတော်မင်္ဂလာ”ဆိုပြီး မျှဝေထားတာတွေ့ရပါတယ်။ 

 သုံးသပ်ချက်

အထက်မှာပါ အချက်အလက်အရ သီတဂူဆရာတော်ကြီးမှာ COVID-19 တွေ့ရှိဆိုတဲ့ သတင်းနဲ့ ဗိုင်းရပ်စ်စစ်ဆေးဖို့လာရောက်တယ်ဆိုတဲ့အချက်ဟာ သတင်းတုသတင်းမှားဖြစ်တာတွေ့ရပါတယ်။

Avatar

Title:သီတဂူဆရာတော်ကြီးမှာ COVID-19 တွေ့ရှိဆိုတဲ့ သတင်းတု

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *