Fact Check: UEC ဉက္ကဌ၊အဖွဲ့ဝင်တို့နှင်ပတ်သက်သော ဝါဒဖြန့် သတင်းတု သတင်းမှားဆက်တိုက်ဖြန့်ဝေနေ

False နိုင်ငံရေး | Politics

နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲအပြီးကတည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)တာဝန်ရှိသူတွေ မဲခိုးတယ်လို့ ဝန်ခံတယ်၊ နုတ်ထွက်တယ်ဆိုတဲ့  ပို့စ်တွေကို လူမှုကွန်ယက်မှာ မကြာခဏမျှဝေနေတာ တွေ့ ရပါ တယ်။

အဓိကအားဖြင့် ရွေးကောက်ပွဲမှာ မဲခိုးခဲ့ကြောင်း UEC နဲ့ NLD ပါတီတာဝန်ရှိသူတွေ ဝန်ခံ၊ UEC ဖျက်သိမ်းလိုက်ပြီ၊ အဖွဲ့ဝင်တွေနုတ်ထွက်ကုန်ပြီ၊ NLD ခေါင်းဆောင်တွေ မဲခိုးမှုနဲ့ ထောင်ကျတော့မယ်၊ ထွက်ပြေးဖို့ ပြင်နေပြီး စတဲ့ အကြောင်း အရာတွေကို ထပ်ဖန်တလဲလဲ အုပ်စုဖွဲ့ မျှဝေနေကြတာကို Fact Crescendo Myanmar က သတိပြု မိပါတယ်။ တကယ်တော့ ဒီအချက်အလက်တွေဟာ မှန်ကန်မှုမရှိဘဲ လူမှုကွန်ယက် အသုံးပြုသူတွေကို ရှုတ်ထွေး ဝေဝါးသွားစေတာတွေ့ရပါတယ်။

ဒီဇင်ဘာ ၂၅ ရက်(ခရစ္စမတ်နေ့)ရုံးပိတ်ရက်မှာလည်း အခုလို သတင်းတုသတင်းမှားဖြန့်ဝေတဲ့ လူမှုကွန်ယက် အသုံးပြုသူအကောင့်တွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ UEC သမ္မတရုံးမှာပြဿနာဖြစ်ကြတယ်ဆိုပြီး ရေးသား မျှဝေခဲ့သလို ဉက္ကဌ ဦးလှသိန်း ပြဿနာတွေကို မဖြေရှင်းဘဲ နုတ်ထွက်တယ်လို့ ရေးသားဖြန့်ဝေခဲ့ တာတွေ့ ရပါတယ်။

လူမှုကွန်ယက်အသုံးပြုသူတွေအကြား ဖြန့်ဝေခဲ့ပြီး အခြားသူတွေက ကူးယူဖြန့်ဝေခဲ့တဲ့ ပို့စ်ကို အောက်ပါ အတိုင်းတွေ့ရပါတယ်။ 

“UECဥက္ကဌ.လှသိန်းနှုတ်ထွက်
အမှုပေါင်း..၅၃၇၂မှုဘယ်လိုမှမရှင်းနိုင်..ချောင်ပိတ်မိသွားပြီ
လွတ်မလား..ဒီအတိုင်းထားသွားလို့မရပါ..နောက်ဆက်တွဲသတင်းကိုမျှော်
…..သီရိ #ကျော်စွာထက် ”လို့ ရေးသားပြီး “ကျော်စွာထက်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူကရေးသားမျှဝေထားရာမှာ ပြန်လည်မျှဝေသူ ရာကျော်ရှိပါတယ်။ ဒီပို့စ်ကို လူမှုကွန်ယက်အသုံးပြုသူအသီးသီးကလည်း အောက်ပါ ပြန်လည်မျှဝေထားကြပါတယ်။

မူရင်းလင်ခ့် – Fb link  |  Archive link

အချက်အလက်စိစစ်ချက်

ကျော်စွာထက်”အမည်နဲ့အကောင့်ဟာ ဦးလှသိန်းနုတ်ထွက်တယ်ဆိုတဲ့ပို့စ်တင်ပြီး မကြာခင်မှာပဲ ဒေါ်အောင် ဆန်းစုကြည်နဲ့ UEC ရန်ဖြစ်တယ်လို့ မျှဝေခဲ့သလို နောက်ထပ် ၅ နာရီအကြာမှာ ဒေါ်အောင်ဆန်း စုကြည်ကို ရွေးကောက်ပွဲကော်မရှင် ဉက္ကဌ ဦးလှသိန်းနဲ့ အဖွဲ့ဝင်ဦးမြင့်နိုင်ပေါက်ကွဲဆိုပြီးတော့ ထပ်မံဖြန့်ချိခဲ့ တာတွေ့ရပါတယ်။ 

နိုင်ငံတော်သမ္မတရုံးနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက ယခုသီတင်းပတ်အတွင်းထုတ်ပြန်ချက် တွေမှာလည်း UEC တာဝန်ရှိ သူတွေနဲ့ တွေ့ဆုံတဲ့ ထုတ်ပြန်ချက်တစ်စုံတစ်ရာမရှိပါဘူး။ ဒီဇင်ဘာ ၂၅ ရက်နေ့ဟာ အစိုးရရုံးပိတ်ရက်ဖြစ်တာ လည်းတွေ့ရပါတယ်။

“ကျော်စွာထက်”နှင့်အတူ “သီ ရိ”အမည်နဲ့ အကောင့်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းများအတွင်းမှာ UEC နဲ့ ပတ်သက်တဲ့ သတင်းတု သတင်းမှား အမြောက်အများတင်ခဲ့တာလည်းတွေ့ရပါတယ်။ ဒီအကောင့် (၂) ခုမှာ တူညီတဲ့အချက် အလက်က တော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ပရိုဖိုင်းပုံအဖြစ်တင်ထား သလို စစ်တပ်နဲ့ပတ်သက်သော ဝါဒဖြန့်ချိရေးဆန်တဲ့ ရေးသားချက်အချို့ကိုလည်းတွေ့ရပါတယ်။ ဒီအကောင့် ၂ ခုဟာ ဒီဇင်ဘာ ၁၈ ရက်မှာ မဲခိုးကြောင်းဝန်ခံတဲ့အတွက် UEC ကိုဖျက်သိမ်းကြောင်းရေးသားမျှဝေခဲ့ပါသေးတယ်။ ဒီအချက်အလက်ဟာ အထောက်အထားမရှိကြောင်း Fact Crescendo Myanmar က ဖော်ပြခဲ့ပါတယ်။ 

ကော်မရှင်ဉက္ကဌ ဦးလှသိန်းအပါဝင် အဖွဲ့ဝင် ၆ ဦးထက်မနည်းနုတ်ထွက်တယ်ဆိုပြီးတော့ သတင်းမှားဖြန့်ဝေ နေတာဟာ ဒီဇင်ဘာလအစကတည်းကဖြစ်ပါတယ်။ ဒီလိုရေးသားမျှဝေနေတာဟာ သတင်းတုသတင်းမှား ဖြစ်ကြောင်း UEC က ဒီဇင်ဘာ ၄ ရက်ကတည်းက ထုတ်ပြန်ကြေညာထားပြီးဖြစ်ပါတယ်။ ဒီလင့်ခ်မှာ လေ့လာ နိုင်ပါတယ်။

UEC နဲ့ပတ်သက်ပြီး သတင်းမှားဖြန့်ဝေမှုများကို Fact Crescendo Myanmar က စိစစ်ခဲ့တာကို ဒီလင့်ခ်၊ ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ လေ့လာ နိုင်ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်ရ ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့မှာ ဒေါ်အောင်ဆန်း စုကြည်နဲ့ စကားများကြတယ်၊ UEC ဉက္ကဌ နုတ်ထွက်တယ်ဆိုတဲ့ အချက်ဟာ အထောက်အထားမရှိတဲ့ သတင်းတု သတင်းမှားမျှဝေနေကြတာ တွေ့ရပါတယ်။

Avatar

Title:UEC ဉက္ကဌ၊အဖွဲ့ဝင်တို့နှင်ပတ်သက်သော ဝါဒဖြန့် သတင်းတု သတင်းမှားဆက်တိုက်ဖြန့်ဝေနေ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *