ရွှေတိဂုံဘုရားက ရွှေတန် ၄၀ ဒေါ်အောင်ဆန်းစုကြည် ယူသွားတယ်လို့ဆိုထားတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတု ဖြန့်ချိမှုဖြစ်တယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။
“ရွှေတိဂုံဘုရားရွှေ
တန်(40)ကို
ဒေါ်စုယူသွားကြောင်း
သူရအောင်ကို ဖေါ်ပြီ”

အချက်အလက်စိစစ်ချက်
ရွေးကောက်ပွဲ မသမာမှုကြောင့် အာဏာသိမ်းတယ်လို့ အကြောင်းပြပြီး စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ နိုင်ငံခေါင်းဆောင်တွေကို ဖမ်းဆီးခဲ့ပြီးနောက် ရွေးကောက်ပွဲနဲ့ မသက်ဆိုင်တဲ့ အမှုပေါင်းများစွာနဲ့ စွပ်စွဲဖမ်းဆီး ထောင်ချထားပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကတည်းက စစ်တပ်က ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၂ ခုနှစ်အောက်တိုဘာအထိ အမှုပေါင်း ၁၉ မှုနဲ့ စွဲချက်တင်ခံခဲ့ရပြီး ထောင်ဒဏ် ၃၃ နှစ်ချမှတ်ခံထားရတယ်။ ဒီအမှုတွေထဲမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ စီးပွားရေးသမား မောင်ဝိတ်က ဖြောင့်ချက်ပေးလာဘ်ပေးလာဘ်ယူမှုစတဲ့ အမှုအများအပြားပါဝင်တယ်။ ဒါပေမဲ့ ရွှေတိဂုံဘုရားက ရွှေတန် ၄၀ ဒေါ်အောင်ဆန်းစုကြည် ယူသွားတယ်လို့ သူရဦးအောင်ကိုက ဖြောင့်ချက်ပေးတယ်ဆိုတဲ့ အမှုမပါဝင်ပါဘူး။ အောက်ကတော့ မြန်မာနောင်းသတင်းဌာနက မှတ်တမ်းပြုစုထားတဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ် စစ်တပ်က လုပ်ကြံစွပ်စွဲ အမှုဆင်ထားတဲ့ စွပ်စွဲချက်တွေဖြစ်တယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်အာဏာသိမ်းအပြီးကတည်းက စစ်တပ်က ဖမ်းဆီးထားပြီး အပြင်လူထုနဲ့ ထိတွေ့ခွင့်မရသလို သူ့အပေါ် စွပ်စွဲထားတဲ့ ပြစ်မှုတွေကိုလည်း စစ်တပ်က ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ခဲ့ခြင်းမရှိပါဘူး။
သုံးသပ်ချက်
ရွှေတိဂုံဘုရားက ရွှေတန် ၄၀ ကို ဒေါ်အောင်ဆန်းစုကြည်က ရယူတယ်ဆိုတာ အထောက်အထားမရှိပါဘူး။ သူရဦးအောင်ကိုက ဒီလိုဖြောင့်ချက်ပေးတယ်ဆိုတဲ့ အထောက်အထားလည်းမရှိပါဘူး။
ပြောဆိုချက်- ရွှေတိဂုံဘုရားက ရွှေတန် ၄၀ ကို ဒေါ်အောင်ဆန်းစုကြည်က ရယူ
Title:Fact Check: ရွှေတိဂုံဘုရားက ရွှေတန် ၄၀ ဒေါ်အောင်ဆန်းစုကြည် ယူသွားတယ်ဆိုတဲ့ သတင်းတု
Fact Check By: နေရာမောင်Result: False

