Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားတဲ့ အကျဉ်းထောင်မီးလောင်ပြီး အကျဉ်းသား ၉၀ သေဆုံးတဲ့ သတင်းတု 

False နိုင်ငံရေး | Politics

ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားတဲ့ အကျဉ်းထောင်မီးလောင်ပြီး အကျဉ်းသား ၉၀ သေဆုံးတယ်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခုက  ဖြန့်ဝေနေတာတွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား တခုသာဖြစ်တယ်။ 

အောက်ပါစခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုက ရယူထား ခြင်းဖြစ်တယ်။ 

C:\Users\User\Downloads\Firefox_Screenshot_2025-03-21T13-52-03.630Z.png

မူရင်းလင်ခ့် – Original link | Archive link

အချက်အလက်စိစစ်ချက်

ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားတဲ့ အကျဉ်းထောင်မီးလောင်တာဖြစ်စေ ဒီလို အကျဉ်းထောင် မီးလောင်လို့  အကျဉ်းသား ၉၀ သေဆုံးတယ်ဆိုတာဖြစ်စေ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေနဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာတွေမှာဖော်ပြချက်မရှိပါဘူး။ 

ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် အခုလိုပဲ သတင်းခေါင်း စဉ် တုတပ်ဗွီဒီယိုတွေ ဒါမှမဟုတ် လုံးဝလုပ်ကြံရေးသားဖြန့်ဝေမှုတွေကို ပြုလုပ်တဲ့နေရာတခုဖြစ်တာတွေ့ရပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar အနေနဲ့ မကြာခဏ အချက်အလက်စိစစ်ဖော်ပြပြီး ဖြစ်ပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။ 

ဒီလိုပဲ ဗွီဒီယိုထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းချုပ်ထားတဲ့ အကျဉ်းထောင်ကို နေပြည်တော် PDF  က ချိန်ကိုက်ဗုံးခွဲခဲ့ရာမှာ တခြားအကျဉ်းသားတွေ သေဆုံးခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည် သေဆုံးခြင်းရှိမရှိ မသိရသေးကြောင်းနဲ့ လူထုက စိတ်ပူပင်လျှက်ရှိကြောင်း၊ စစ်တပ်က သတင်းထိန်းချုပ်ထားကြောင်း စသည်ဖြင့်လည်း အသံဖိုင်နဲ့ ဖတ်ကြားနေတာဟာ လုပ်ကြံ ပြောကြားချက်တခုသာဖြစ်တယ်။ ဒီအကြောင်းကိုလည်း ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေက ဖြစ်စေ၊ နေပြည်တော် PDF ကဖြစ်စေဖော်ပြချက်မရှိပါဘူး။

သုံးသပ်ချက်

ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားတဲ့ အကျဉ်းထောင်မီးလောင်ပြီး အကျဉ်းသား ၉၀ သေဆုံးတယ်ဆိုတာ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေက ဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Star Vibes”ဟာ အခုလိုပဲ သတင်းခေါင်း စဉ်တုတပ်ဗွီဒီယိုတွေနဲ့ လုပ်ကြံရေးသားဖြန့်ဝေမှုတွေပြုလုပ်တဲ့ နေရာတခုဖြစ်တယ်။

ပြောဆိုချက်- ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားတဲ့ အကျဉ်းထောင်မီးလောင်ပြီး အကျဉ်းသား ၉၀ သေဆုံး

Avatar

Title:Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားတဲ့ အကျဉ်းထောင်မီးလောင်ပြီး အကျဉ်းသား ၉၀ သေဆုံးတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *