Fact Check: – ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ပတ်သက်တဲ့ သတင်းတု သတင်းမှားများ ဆက်တိုက်ဖြန့်ဝေ

False နိုင်ငံရေး | Politics

ဆရာ၊ဆရာမတွေ မဲခိုးလို့ ရွေးကောက်ပွဲသိက္ခာကျရတယ်လို့  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ဉက္ကဌက ပြောတယ်ဆိုတဲ့သတင်းမှားပို့စ်တစ်ခု လူမှုကွန်ယက်မှာ ဖြန့်ဝေလျက်ရှိတာတွေ့ရပါတယ်။ 

ဆရာ၊ဆရာမတွေ မဲခိုးပေးလို့ နာမည်ပျက်ရတာလို့ UEC ဉက္ကဌကပြောတယ်၊ ဒီကိစ္စဟာ ဆရာ၊ဆရာမတွေကို စော်ကားမှုဖြစ်သလို မဲခိုးတယ်လို့ ဝန်ခံမှုလည်းဖြစ်တယ်စသည်ဖြင့် ပြောဆိုရေးသားမျှဝေနေတာဖြစ်ပါတယ်။ 

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲအပြီးကတည်းက ရွေးကောက်ပွဲကော်မရှင်နဲ့ ပတ်သက်တဲ့ သတင်းတု သတင်းမှားတွေ ဆက်တိုက်ဖြန့်ဝေနေတာ Fact Crescendo Myanmar အနေနဲ့ တွေ့ရပါတယ်။ ပို့စ်ပါအကြောင်းအရာဟာ အတုအယောင်ဖန်တီးထားတာဖြစ်ပါတယ်။ ဆရာ၊ဆရာမတွေနဲ့ပတ်သက်သော လူမှုကွန်ယက်မှာဒီလိုပျံ့ဝေနေတဲ့ ပို့စ်ပါအကြောင်းအရာတွေဟာ သတင်းတုသတင်းမှား ဖြစ်ကြောင်းလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ထုတ်ပြန်ထားတာလည်းတွေ့ရပါတယ်။ 

လူမှုကွန်ယက်အသုံးပြုသူတွေအကြားနားလည်မှုလွဲမှားစေနိုင်တဲ့ အရေးအသားနဲ့ပို့စ်ကို အောက်ပါအတိုင်း တွေ့ရပါတယ်။ တူညီစွာရေးသားမျှထားတဲ့ ပို့စ်တွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာတွေမှာ မျှဝေထားပါတယ်။ 

မူရင်းလင်ခ့် – Fb link  |  Archive link

အချက်အလက်စိစစ်ချက်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)ဉက္ကဌ ဦးလှသိန်းဟာ နိုဝင်ဘာ ၁၆ ရက်က MRTV သတင်းဌာနနဲ့ တွေ့ဆုံဆွေးနွေးမှုနောက်ပိုင်းမှာ သတင်းဌာနတွေနဲ့ တစ်စုံတစ်ရာတွေ့တာမျိုးမရှိခဲ့တာတွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး နိုဝင်ဘာ ၂၅ ရက်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က “သတင်းတုသတင်းမှားဖြစ်ကြောင်း ထုတ်ပြန်ချက်”ဆိုပြီးတော့ အောက်ပါအတိုင်းထုတ်ပြန်ထား တာတွေ့ရပါတယ်။ ဆရာ၊ဆရာမတွေ မဲခိုးပေးလို့ နာမည်ပျက်ရတာလို့ UEC ဉက္ကဌပြောတယ်ဆိုတဲ့ အကြောင်းအရာ၊ ပိုလျံမဲတွေကို အောက်ခြေမှာပဲ အစဖျောက်ဖို့အတွက် ဆရာမတွေကို စေခိုင်းခဲ့တယ်ဆိုတဲ့ အကြောင်းအရာတွေကို စုစည်းပြီးထုတ်ပြန်ထားတာဖြစ်ပါတယ်။

မူရင်းလင်ခ့် –  UEC  |  Archive link

နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲပြီးကတည်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)နဲ့ တာဝန်ရှိသူတွေ ကို တိုက်ခိုက်ဖို့အတွက် သတင်းတုသတင်းမှားတွေ ဆက်တိုက်ဖြန့်ဝေခဲ့တာကို Fact Crescendo Myanmar က တွေ့ရှိရပါတယ်။ ပထမဆုံးအနေနဲ့ ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးခွင့်ရှိသူစာရင်းထက် ဆန္ဒမဲပေးတဲ့သူအရေအတွက် ကပိုများခဲ့တယ် ဆိုပြီး သတင်းမှားဖြန့်ဝေခဲ့ပြီးနောက် နိုဝင်ဘာ ၁၀ ရက်မှာ နိုင်ငံတော်အရေးပေါ် ရွေးကောက်ပွဲရ လဒ် စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့တယ်လို့ သတင်းမှားသတင်းတုဖြန့်ဝေခဲ့ပါတယ်။ အဲဒီနောက်မှာ ရွေးကောက် ပွဲကော်မရှင်ကို လုံခြုံရေးချပြီး စစ်ဆေးရေးအဖွဲ့က စစ်ဆေးနေပြီလို့ သတင်းမှားဖြန့်ခဲ့ပြီးနောက် အောက်ခြေမှာ ဖြစ်ပျက်နေတာတွေဟာ UEC နဲ့မဆိုင်ဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဉက္ကဌ ဦးလှသိန်းက ပြောတယ်ဆိုပြီးတော့ သတင်းမှား ဖြန့်ခဲ့ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ ဆရာ၊ဆရာမတွေ မဲခိုးပေးလို့ နာမည်ပျက်ရတာလို့ UEC ဉက္ကဌ ဦးလှသိန်း ပြောတယ်ဆိုတဲ့အချက်အလက်ဟာ သတင်းတုသတင်းမှားဖြစ်တာတွေ့ရပါတယ်။

Avatar

Title:ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ပတ်သက်တဲ့ သတင်းတု သတင်းမှားများ ဆက်တိုက်ဖြန့်ဝေ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *