Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ အမေရိကန်ရွေးကောက်ခံ သမ္မတ ထရမ့်တောင်းဆိုတဲ့ သတင်းတု

False နိုင်ငံရေး | Politics

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ အမေရိကန်ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့် တောင်းဆိုလိုက်ပြီး မလိုက်နာရင် စစ်ရေးအရ အရေးယူမယ်လို့ ဆိုထားတဲ့ သတင်းတုဗွီဒီယိုတခု ‌ဖေ့စ်ဘွတ်နဲ့ ယူကျူ့ချန်နယ်မှာ ပျံ့နှံ့မှုအား ကောင်းလျှက်ရှိတယ်။ ဒီဗွီဒီယိုမှာပဲ သူ့ရဲ့တောင်းဆိုချက်ကို လိုက်နာပြီး ၃ မိနစ်အတွင်း ရာသက်ပန်လွတ်ငြိမ်းခွင့်နဲ့ စစ်ခေါင်းဆောင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးလိုက်တယ်လို့လည်း ဆိုထားပါတယ်။ 

နိုဝင်ဘာ ၂၈ ရက်မှာ စတင်ဖြန့်ဝေခဲ့တဲ့ ဒီဗွီဒီယိုဟာ  လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၃၂၀၀၀ ဝန်းကျင် ရှိထားတယ်။ ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ ဓာတ်ပုံကိုအောက်မှာ ကြည့်ပါ။ တူညီတဲ့ ရေးသား ဖြန့်ဝေမှုကို ယူကျူ့ရဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။

“သမ္မတဒေါ်နယ်ထရမ့် တောင်းဆိုမှုကြီးပြီ

‌ဒေါ်စုကိုမလွှတ်ရင် စစ်ရေးနဲ့အရေးယူမည်ပြောလို့

(၃)မိနစ်မကြာဘူး ရာသက်ပန် လွတ်ငြိမ်းခွင့်ပေးပြီ”

C:\Users\User\Downloads\Firefox_Screenshot_2024-11-29T04-14-02.306Z.png

မူရင်းလင်ခ့် – Facebook link | Archive link

အချက်အလက်စိစစ်ချက်

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ အမေရိကန်ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့် တောင်းဆိုလိုက်ပြီး မလိုက်နာရင် စစ်ရေးအရ အရေးယူမယ်လို့ ပြောကြားချက် သတင်းလုပ်ငန်း လုပ်ကိုင်နေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာမီဒီယာတွေအပါအဝင် ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေက ဖော်ပြချက် မတွေ့ရပါဘူး။  အာဏာသိမ်းစစ်တပ်က အာဏာသိမ်းအပြီးကတည်းက ဖမ်းဆီးထောင်ချထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်လိုက်တယ်ဆိုတဲ့ အထောက်အထားလည်းမရှိပါဘူး။

တကယ်တမ်းမှာ “D K TV”အမည်နဲ့ဖေ့စ်ဘွတ်ဟာ လုပ်ကြံသတင်းနဲ့ သတင်းမီဒီယာတွေက ဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိမှုတွေလုပ်နေတဲ့ “Local Celegram”အမည်နဲ့ ယူကျူ့ ချန်နယ်က  ဗွီဒီယိုကို ပြန်လည် ဖြန့်ချိနေတဲ့ နေရာတခုဖြစ်တယ်။

C:\Users\User\Downloads\Firefox_Screenshot_2024-12-02T10-39-30.797Z.jpg

“Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်က သတင်းတု ဖြန့်ချိမှုတွေအကြောင်း Fact Crescendo Myammar အနေနဲ့ မကြာခဏ အချက်အလက်စိစစ်ခဲ့ပြီးဖြစ်တယ်။  

သုံးသပ်ချက်“Local Celegram”ဟာ လုပ်ကြံရေးသားဖြန့်ဝေမှုတွေနဲ့ မီဒီယာတွေမှာ‌ဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတဲ့ နေရာဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ အမေရိကန်ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့် တောင်းဆိုလိုက်ပြီး မလိုက်နာရင် စစ်ရေးအရ အရေးယူမယ်လို့ ပြောကြားချက် အထောက်အထားတော့မရှိပါဘူး။

Avatar

Title:Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ အမေရိကန်ရွေးကောက်ခံ သမ္မတ ထရမ့်တောင်းဆိုတဲ့ သတင်းတု

Written By: နေရာမောင်  

Result: False