နေပြည်တော်ကို AA အလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ပြီလို့ ဆိုလိုထားတဲ့ ဗွီဒီယို ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်း နေတာ တွေ့ရပါတယ်။ သတင်းတုသာဖြစ်တယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ နိုဝင်ဘာ ၁၇ ရက်မှာ ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှု ၂၄၀၀၀ ဝန်းကျင်ရရှိထားတယ်။
“နေပြည်တော် တပ်ကုန်းကျသွားပြီ
တမြို့လုံး မြို့ဝင်မြို့ထွက် ပိတ်ဆို့လိုက်ထား
ဒီမနက်ပဲ နေပြည်တော် တပ်ကုန်းကို AA နဲ့ PDF တပ်မှ
အင်အား လုံရင်းနဲ့ ဝင်စီး၊ စစ်ခွေးအကျအရှုံးများနေ”(မူရင်းအရေးအသား)

အချက်အလက်စိစစ်ချက်
ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Thadin”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူဖော်ပြရာမှာ သတင်းခေါင်းစဉ်တု တပ်ကာ ပြန်လည်ဖြန့်ချိတာတွေ့ရတယ်။ ဒီယူကျူ့ချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar က မကြာခဏအချက်အလက်စိစစ်ဖော်ပြခဲ့ပြီးဖြစ်တယ်။ ဒီလင့်ခ်မှာကြည့်ပါ။
အခုလည်း ဗွီဒီယိုထဲမှာပါတဲ့ သတင်းအကြောင်းအရာဟာ “နေပြည်တော်တပ်ကုန်းနှင့် စစ်ကိုင်းမြို့နယ်တို့တွင် စစ်ကြောင်းနှင့် လှည့်ကင်းကားကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၂ ဦး သေဆုံးပြီး ကား ၁ စီးကို မီးရှို့ရှင်းလင်း”ဆိုဲ့ သတင်းနဲ့ တခြားသတင်းတွေကို ပြန်လည်ဖော်ပြထားတယ်။ ဒီသတင်းထဲမှာ နေပြည်တော် တပ်ကုန်းမြို့နယ်၊ ရတနာမြေကျေးရွာဘက်ကနေ အမြန်လမ်း မိုင်တိုင် ၂၄၁ ဘက်ကို ဆုတ်ခွာလာတဲ့ အင်အား ၄၀ ဝန်းကျင် မြန်မာစစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မြို့သစ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို ကိုးကားပြီး သတင်းမှာဖော်ပြထားတယ်။
မူလ သတင်းဖော်ပြချက်မှာ သတင်းတု ဗွီဒီယိုဖိုင်မှာပြောဆိုထားသလို နေပြည်တော်တပ်ကုန်းကို အလုံးအရင်းနဲ့ ဝင်ရောက်စီးနင်း တိုက်ခိုက်တဲ့ သတင်းမတွေ့ရသလို အာရက္ခတပ်တော်(AA) ပါဝင်တိုက်ခိုက်တယ်ဆိုတဲ့ အထောက်အထားလည်း မတွေ့ရပါဘူး။

ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ AA က အခုလို နေပြည်တော်တပ်ကုန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်တဲ့အကြောင်းဖော်ပြချက်မတွေ့ရပါဘူး။
သုံးသပ်ချက်
ဗွီဒီယို ဖြန့်ချိထားတဲ့ “Khit Thit Thadin”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတချို့က သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ကာ ဖြန့်ချိတဲ့နေရာဖြစ်တယ်။ နေပြည်တော်ကို AA က အလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်လာပြီဆိုတဲ့ အထောက်အထားမရှိပါဘူး။
ပြောဆိုချက်- နေပြည်တော်ကိ AA အလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်
Title:Fact Check: နေပြည်တော်ကို AA အလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ဆိုတဲ့ သတင်းတု
Fact Check By: နေရာမောင်Result: Misleading

