Fact Check: ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးခင်ရီ ဆူးလေဟိုတယ်မှာ လုပ်ကြံသတ်ဖြတ်ခံရတဲ့သတင်းတု

False နိုင်ငံရေး | Politics

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ(USDP)ဥက္ကဋ္ဌ ဦးခင်ရီ ဆူးလေဟိုတယ်မှာ လုပ်ကြံသတ်ဖြတ်ခံရတယ် လို့ဆိုထားတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ မှုပျံ့နှံ့မှုအားကောင်းနေတယ်။ သတင်းတု ဖြန့်ချိ နေခြင်း သာဖြစ်တယ်။

ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ မျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။

“ဆူးလေ ဟော်တယ်မှာ သတ်ခံရ ဗိုလ်ချုပ်အောင်ဆန်း ကို လုပ်ကြံတာထက် ဆိုးတယ် ကြံ့ခိုင်ရေး ဥက္ကဌ ဦးခင်ရီ ကို သတ်သွားတာ အားရ” (မူရင်းအရေးအသား)

Original link | Archive link

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ အဓိကကျတဲ့ မီဒီယာတွေနဲ့ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ USDP  ဥက္ကဌ လုပ်ကြံခံရတယ်ဆိုတဲ့ ဖော်ပြချက် မတွေ့ရပါဘူး။ 

ဒီလိုပြောဆိုပြီး ဖြန့်ဝေထားတဲ့ “The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ပြီး ပြန်လည်ဖြန့်ဝေတာ၊ လုပ်ကြံရေးသား ပြောဆိုချက်တွေ ဖြန့်ဝေတာတွေ ပြုလုပ်တဲ့ ချန်နယ် တခုဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar မှာ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာကြည့်ပါ။

အခုလည်း ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်မှာ ဦးခင်ရီအသတ်ခံရတယ်လို့ဆိုထားပြီး ဗွီဒီယိုထဲမှာ လုပ်ကြံခံရမှု ကြောင့် ဆေးရုံမှာ အသက်လုနေရတဲ့ ဓာတ်ပုံတွေ ထွက်ပေါ်လာတယ်လို့ ပြောဆိုသွားတယ်။  ပြောဆိုချက်နှစ်ခုစလုံးဟာ လုပ်ကြံရေးသားပြောဆိုချက်ဖြစ်ပြီး ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ် တခုတလေမျှ ဖော်ပြချက်မရှိပါဘူး။

၄ မိနစ်ကျော်ရှည်လျားတဲ့ ဗွီဒီယိုထဲမှာ နောက်ထပ် ဖော်ပြထားတာကတော့ “စစ်တပ်ကို သေသည်အထိ ချစ်ခင်နေသည်ဟု ကြွေးကြော်ထားသော လူသတ် ထောင်ထွက် မင်းအုပ်စိုး လက်နက်မှုဖြင့် အဖမ်းခံရပြန်”ဆိုတဲ့ သတင်းပဲဖြစ်တယ်။

သုံးသပ်ချက်

ဗွီဒီယိုဖြန့်ဝေထားတဲ့ “The Daily Lens”ဟာ လုပ်ကြံရေးသား ပြောဆိုချက်တွေ ဖြန့်ဝေတဲ့နေရာဖြစ်တယ်။ USDP ဥက္ကဋ္ဌ ဦးခင်ရီ ဆူးလေဟိုတယ်မှာ လုပ်ကြံသတ်ဖြတ်ခံရတယ်ဆိုတာ သတင်းတုသာဖြစ်ပြီး တကယ် မဟုတ်ပါ ဘူး။ 

Result Stamp

Title: Fact Check: ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးခင်ရီ ဆူးလေဟိုတယ်မှာ လုပ်ကြံသတ်ဖြတ်ခံရတဲ့ သတင်းတု

Fact Check By: နေရာမောင်

Result: False


Leave a Reply

Your email address will not be published. Required fields are marked *