Fact Check: ဘူးလက်လှဆွေ ပစ်ခတ်ခံရပြီး သေဆုံးတဲ့ သတင်းတု

False နိုင်ငံရေး | Politics

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ(USDP) ဗဟိုကော်မတီဝင် ဦးလှဆွေ(ဘူးလက်လှဆွေ) ပစ်ခတ် သတ်ဖြတ်ခံရတယ်ဆိုပြီး ဗွီဒီယိုကို ယူကျူ့ ချန်နယ်တခုက ဖြန့်ဝေထားရာ  ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုသာဖြစ်တယ်။ 

ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ရဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ ၂၄ နာရီအတွင်းမှာ ကြည့်ရှု့မှုပေါင်း ၂၃၀၀၀ ကျော်ရရှိခဲ့တယ်။

“ဘူးလတ်လှဆွေ ပစ်ခတ်ရှင်းလင်း ခံရပြီဟေ့ – အာချောင်ချင်တာ ခုတော့ သေပြီ”

Original link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “GZ သတင်းစုံ”အမည်နဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်ရာမှာ သတင်းမီဒီယာ တချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ခေါင်းစဉ်တုတပ် ဖြန့်ချိတဲ့ နေရာဖြစ်တယ်။ 

အခုလည်း ဗွီဒီယိုအစနဲ့ ဗွီဒီယိုထဲမှာ စာသားနဲ့ ဘူးလက်လှဆွေ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဆိုထားပေမဲ့ တကယ်တမ်း ဖော်ပြနေတဲ့အကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့  “ကြံ့ဖွတ်ပါတီ အတွင်း ပုဂ္ဂိုလ်ရေးခင်မင်မှုနှင့် စစ်တက္ကသိုလ် အပတ်စဉ်ကို ပြော၍ ရာထူးတောင်းမှုများဖြစ်ပွားနေဟု လှဆွေပြော”ဆိုတဲ့ သတင်းကို ပြန်လည်ဖော်ပြထားတယ်။ 

၁၀ မိနစ်ကျော်ရှည်လျားတဲ့ ဗွီဒီယိုထဲမှာ ဖော်ပြခဲ့တဲ့ နောက်ထပ် အကြောင်းအရာတွေဟာလည်း ရန်ကုန်ခေတ်သစ်သတင်းဌာနမှာဖော်ပြခဲ့တဲ့  ဘန်ကောက်က ကားပစ္စည်းစက်ရုံတခုမှာ အလုပ်လုပ်ခွင့်သက်တမ်းတိုးရန် ငွေကြေးအဆမတန်ကောက်ခံမှုကို မြန်မာအလုပ်သမားတွေ ဆန္ဒပြ၊ ကန့်ဘလူမြို့ပေါ်က စစ်တပ်မှာ ရိက္ခာပြတ်လပ်နေလို့ ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းတွင် သွားလာနေသော အရပ်သားပိုင် ကုန်ကား အစီး ၆၀ ကျော်ကို ဖမ်းဆီးကာ ပစ္စည်းအားလုံးကို သိမ်းဆည်းAA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးသစ် ထံ ဂုဏ်ပြုလွှာပေးပို့စတဲ့ သတင်းတွေကို ပြန်လည်‌ဖော်ပြထားတယ်။

သုံးသပ်ချက်

ယုံကြည်ရလောက်တဲ့ အရင်းအမြစ်တွေမှာ ဘူးလက်လှဆွေ ပစ်ခတ်သတ်ဖြတ်ခံရတဲ့အကြောင်း ဖော်ပြချက် အထောက်အထားမရှိချိန်မှာ သတင်းတုဗွီဒီယိုထဲမှာ ရန်ကုန်ခေတ်သစ်သတင်းဌာနက သတင်းတချို့ကို ပြန်လည်ဖော်ပြပြီး ခေါင်းစဉ်တုတပ်ထားတယ်။ “GZ သတင်းစုံ”ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေ သတင်းဖော်ပြချက်ကို ခေါင်းစဉ်တုတပ်ကာ ပြန်လည်ဖြန့်ချိတဲ့နေရာဖြစ်တာလည်း တွေ့ရတယ်။

Avatar

Title:Fact Check: ဘူးလက်လှဆွေ ပစ်ခတ်ခံရပြီး သေဆုံးတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *