Fact Check: KIA က ရဟတ်ယာဉ်တစ်စီး ပစ်ချလိုက်တဲ့ ဗွီဒီယိုလား-မဟုတ်ပါ

False နိုင်ငံရေး | Politics

ကချင်အမျိုးသားလွတ်လပ်ရေးတပ်မတော်(KIA) က ရဟတ်ယာဉ်တစ်စီး ပစ်ချလိုက်တဲ့ ဗွီဒီယိုလို့ ဆိုပြီး Reel ဗွီဒီယိုပို့စ်တစ်ခု ပျံ့နှံ့မှုအားကောင်းလျှက်ရှိ ပါတယ်။ ရဟတ်ယာဉ်တစီးကို တခုခုနဲ့ ထိမှန်ပြီးနောက် လေထဲမှာပဲ ပေါက်ကွဲသွားတဲ့ စက္ကန့်ပိုင်းမျှသာ ကြာမြင့်တဲ့ ဒီဗွီဒီယိုမြင်ကွင်းကို ကြည့်ရှု့မှုပေါင်း သောင်းချီရှိခဲ့ပါတယ်။ သတင်းမှားတခုသာဖြစ်တယ်။ 

အောက်ပါစာသားနဲ့ စခရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ် တယ်။ တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

“KIA ရဲ့ လက်စွမ်းဖြစ်ပါတယ်”

C:\Users\User\Downloads\Untitled.png

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

ဒီလို KIA က ရဟတ်ယာဉ်ပစ်ချခဲ့တဲ့အကြောင်း သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ လတ်တလော သတင်းဖော်ပြချက်မျိုးမရှိပါဘူး။ ဖြန့်ဝေထားတဲ့ ဗွီဒီယိုကို  Google မှာ ပုံရှာနည်းအသုံးပြု ရှာဖွေရာမှာတော့ မူရင်း ဗွီဒီယိုကို The Washington Post သတင်းဌာနရဲ့ ၂၀၁၆ ခုနှစ် မေ ၁၅ ရက်က သတင်းဖော်ပြချက်မှာ တွေ့ရပါတယ်။ မူလက ၅၀ ကြာမြင့်တဲ့ မူရင်း ဗွီဒီယို ဒီလင့်ခ်မှာကြည့်ပါ။ မြေပြင် တိုက်ခိုက်ရေးသမားတဦးက ပခုံးထမ်းလောင်ချာ တခုနဲ့ ပစ်ခတ်လိုက်ပြီးနောက်မှာ တောင်တန်းတွေပေါ်  ရဟတ်ယာဉ်တစီး ပျက်ကျသွားခဲ့ တာတွေ့ဗွီဒီယိုထဲမှာ တွေ့ရပြီး ဆီရီးယားက ခွဲထွက် ကာ့ဒ်တိုက်ခိုက်ရေး သမားတွေက တူရကီစစ်တပ် ရဟတ်ယာဉ်ကို ပစ်ချခဲ့တဲ့ ဗွီဒီယိုဖိုင်လို့ ရေးသားဖော်ပြခဲ့ပါတယ်။ အခု ဗွီဒီယိုမှာ ဒီမူလတင်ဆက်ထားတဲ့ ဗွီဒီယိုမြင်ကွင်းကို ဘယ်၊ညာပြောင်း ဖော်ပြခဲ့တာလည်းတွေ့ရပါတယ်။

C:\Users\User\Downloads\Untitled.png

၂၀၁၆ ခုနှစ် မေ ၁၅ ရက်စွဲနဲ့ အိန္ဒိယအခြေစိုက် Zee News သတင်းဌာနရဲ့ ယူကျူ့ချန်နယ်မှာလည်း ဒီဗွီဒီယို မြင်ကွင်းကို တွေ့ရပြီး “ကာ့ဒ်တိုက်ခိုက်ရေးသမားတဦးက တူရကီရဟတ်ယာဉ်ကို ပစ်ချခဲ့”လို့ ရေးသားထားတာတွေ့ရပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ဗွီဒီယိုပါမြင်ကွင်းဟာ ၂၀၁၆ ခုနှစ်အတွင်းက ကာ့ဒ်တိုက်ခိုက်ရေး သမားတဦးက တူရကီရဟတ်ယာဉ်ကို ပစ်ချခဲ့စဉ်က ဗွီဒီယိုဖြစ်တာတွေ့ရပါတယ်။ လတ်တလောမှာ KIA က ရဟတ်ယာဉ်ပစ်ချခဲ့တဲ့အကြောင်း သတင်းဖော်ပြချက်မျိုးမရှိပါဘူး။

ပြောဆိုချက်- KIA က ရဟတ်ယာဉ်တစ်စီး ပစ်ချလိုက်တဲ့ ဗွီဒီယို

Avatar

Title:Fact Check: KIA က ရဟတ်ယာဉ်တစ်စီး ပစ်ချလိုက်တဲ့ ဗွီဒီယိုလား-မဟုတ်ပါ

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *