Fact Check: စစ်ကိုင်းမြို့နယ်ထဲက ကျေးရွာတစ်ရွာကို လေယာဉ်နဲ့ပစ်ခတ်နေတဲ့ ရုပ်သံဆိုတဲ့ ဗွီဒီယိုသတင်းမှား
စစ်ကိုင်းမြို့နယ်ထဲက ကျေးရွာတစ်ရွာကို လေယာဉ်နဲ့ပစ်ခတ်နေတဲ့ ရုပ်သံဆိုပြီး ဗွီဒီယိုတခု ပျံ့နှံ့နေတာဟာ မှားယွင်းပြောဆိုမှုတခုဖြစ်တာတွေ့ရတယ်။ ဗွီဒီယိုထဲမှာ ရဟတ်ယာဉ် တစီးပေါ်ကနေ ဒုံးကျည်တွေ ပစ်လွှတ်နေပုံကို လေယာဉ်မှုးခန်းကနေရိုက်ကူးထားဟန်ရှိတဲ့ မြင်ကွင်းကို တွေ့ရပါတယ်။ အမှန်တကယ်မှာတော့ ဗွီဒီယိုပါမြင်ကွင်းမှာ မာလီနိုင်ငံက ဖြစ်စဉ်တခုဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုစခရင်ရှော့နဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ မျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။ “မအ-လ-တွေဆိုတာ လက်နက်မဲ့ပြည်သူတွေရဲ့ ရွာတွေကို အပေါ်စီးကနေ ဒီလိုတည့်တည့်ချိ_န်ပ+စ်တာ။ ဒီရုပ်သံဟာ စစ်ကိုင်းမြို့နယ်ထဲက ကျေးရွာတစ်ရွာကို လေယာဉ်နဲ့ပစ်ခတ်နေတာလို့ သိရပါတယ်။” Original link | Archive link အချက်အလက်စိစစ်ချက် ဖြန့်ဝေထားတဲ့ ဗွီဒီယိုကို Google မှာ အရင်က ပျံ့နှံ့ခဲ့ဘူးခြင်းရှိ၊မရှိ ရှာဖွေကြည့်ရာမှာ တူညီတဲ့ မြင်ကွင်းပါတဲ့ ဒီဗွီဒီယိုဟာ ၂၀၂၆ ခုနှစ် […]
Continue Reading
