သုံးထပ် သင်္ဘောနဲ့တိုက်ပြီး ရန်ကုန်-ဒလမြစ်ကူးတံတားကျိုးမှုလို့ ဆိုပြီး ဗွီဒီယိုတခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားမှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းမှာ တခုဖြစ်တယ်။ ဗွီဒီယိုဟာ ၂၀၂၄ ခုနှစ်အတွင်းမှာ ဖိလစ်ပိုင်နိုင်ငံက အဖြစ်အပျက်တခုသာဖြစ်တယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။
“ရန်ကုန်မြို့ ဒလ တံတာကျိုးသွားပြီး ၃ ထပ်သင်္ဘောကြီးဖြတ်သွားရင် အရှိန်မထိန်းနိုင်လို 6လ3ရက်2025 ညနေ့1နာရီ15မိနစ်”
အချက်အလက်စိစစ်ချက်
ဗွီဒီယိုပါမြင်ကွင်းတွေကို Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ ဒီဗွီဒီယိုဟာ ဖိလစ်ပိုင်နိုင်ငံမှာ ၂၀၁၄ ခုနစ်က ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်ဖြစ်တာတွေ့ရပါတယ်။ ၂၀၂၄ ခုနှစ် ဇူလိုင် ၂၅ ရက်က ABC သတင်းဌာနက x.com မှာ သတင်းဖော်ပြချက်ဗွီဒီယိုကို အောက်မှာ ကြည့်ပါ။ စာသားကတော့ မူလ အင်္ဂလိပ်ဘာသာကနေ မြန်မာဘာသို့ ပြန်ဆိုထားခြင်းဖြစ်တယ်။
“မာရီကီနာမြစ်၏ အားပြင်းသောရေစီးကြောင်းကြောင့် မနီလာမြို့တွင် သင်္ဘောများနှင့် စက်လှေများ ဆက်တိုက်ဝင်တိုက်ကာ တိုင်ဖွန်း-ရေလမ်းကြောင်းပေါ်ရှိ တံတားတစ်စင်းကို တိုက်မိခြင်း အံ့သြဖွယ်မြင်ကွင်းတစ်ခု ပေါ်ပေါက်ခဲ့သည်။”
ဒီအပြင် ဆောက်လုပ်နေဆဲ ဒလတံတားကို သင်္ဘောဝင်တိုက်လို့ ပျက်စီးသွားတယ်လို့ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ် တွေမှာဖြစ်စေ မီဒီယာတွေမှာဖြစ်စေ တစုံတရာ မတွေ့ရပါဘူး။
သုံးသပ်ချက်
သင်္ဘောနဲ့တိုက်ပြီး ရန်ကုန်-ဒလမြစ်ကူးတံတားကျိုးပျက်သွားတယ်ဆိုတဲ့ အထောက်အထားလည်းမရှိပါဘူး။ ဗွီဒီယိုဟာ ဖိလစ်ပိုင်နိုင်ငံမှာ ၂၀၁၄ ခုနစ်က တိုင်ဖွန်းမုန်တိုင်းကြောင့် မာရီကီနာမြစ်အတွင်း ရေစီးသန်ပြီး မနီလာမြို့မှာ သင်္ဘောနဲ့စက်လှေတွေ ဆက်တိုက်ဝင်တိုက်ကာ တံတားတစ်စင်းကို တိုက်မိတဲ့ဖြစ်စဉ်က ဖြစ်တယ်။
ပြောဆိုချက်- သင်္ဘောနဲ့တိုက်ပြီး ရန်ကုန်-ဒလမြစ်ကူးတံတားကျိုးပျက်သွား

Title:Fact Check: သုံးထပ် သင်္ဘောနဲ့တိုက်ပြီး ရန်ကုန်-ဒလမြစ်ကူးတံတားကျိုးပျက်မှုလား-မဟုတ်ပါ
Fact Check By: နေရာမောင်Result: False