လေယာဉ်ပေါ်က အဆင်းမှာ စောင့်ဆိုင်းနေတဲ့ ကားပေါ်ကို တန်းမတက်ဘဲ ချော်ထွက်သွားတဲ့ သမ္မတထရမ့်ရဲ့ ဗွီဒီယိုဟာ သူ့ရဲ့ လက်ရှိကျန်းမာရေးပြဿနာကို ပြသနေတယ်ဆိုပြီး ဖေ့စ်ဘွတ်မှာ ပျံ့နှံ့လျက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ မှားယွင်းပြောဆိုမှုတခုသာဖြစ်တယ်။ ဗွီဒီယိုဟာ ပထမ သမ္မတ သက်တမ်းအတွင်းက ဗွီဒီယိုဖြစ်တာတွေ့ရတယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။
“လေယာဉ်ပေါ်ကဆင်းပြီး ကားပေါ်မတက်ပဲ ဦးတည်ရာမဲ့ လျှောက်သွားနေလို့ Secret Service က သတိပေးနေရတဲ့ Video ပေါ်ထွက် လာပြီးနောက် Trump ရဲ့ ကျန်းမာရေးအခြေအနေကို မေးခွန်းထုတ်မှုတွေ ပိုများလာခဲ့ပါတယ်။”
အချက်အလက်စိစစ်ချက်
ဗွီဒီယိုပါမြင်ကွင်းတွေကို Google မှာ ပုံရှာနည်းအသုံးပြုပြီး အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပုံကို ရှာဖွေကြည့်ရာမှာ ဒီဗွီဒီယိုဟာ သမ္မတ ထရမ့်ရဲ့ ပထမသက်တမ်းအတွင်းက ဗွီဒီယိုဖြစ်တာတွေ့ရပါတယ်။
ဗွီဒီယိုကို အမေရိကန်အခြေစိုက် Fox သတင်းဌာနက ၂၀၁၇ ခုနှစ် ဇူလိုင် ၄ ရက်မှာ ဒီဗွီဒီယိုကို ဖော်ပြခဲ့တာ တွေ့ရပြီး အောက်ပါအတိုင်းရေးသားထားတာတွေ့ရပါတယ်။
“သမ္မတ ထရမ့်ဟာ သူ့ရဲ့စီးတော်ယာဉ်ရဲ့ အဝေးကို လျှောက်သွား အခြားကားကို စီးဖို့ရှာပေမဲ့ သူ့အတွက် ဒီတစီးပဲရှိနေတာကို နောက်မှ သဘောပေါက်သွားတာကို ကြည့်ပါ”
သုံးသပ်ချက်
ကားပေါ်ကို တန်းမတက်ဘဲ ချော်ထွက်သွားတဲ့ သမ္မတထရမ့်ရဲ့ ဗွီဒီယိုဟာ သူ့ရဲ့ လက်ရှိကျန်းမာရေးပြဿနာကို ပြသနေတယ်ဆိုတဲ့ ပြောဆိုချက်ဟာ မှားယွင်းပါတယ်။ ဗွီဒီယိုဟာ သမ္မတ ပထမသက်တမ်းအတွင်း ထရမ့် ရဲ့ ၂၀၁၇ ခုနှစ်အတွင်းက အပြုအမူတခုဖြစ်ပြီး အမေရိကန် မီဒီယာတွေမှာလည်း ကျန်းမာရေးပြဿနာ အဖြစ်ဖော်ပြခဲ့ခြင်းမရှိပါ။
ပြောဆိုချက်- ကားပေါ်ကို တန်းမတက်ဘဲ ချော်ထွက်သွားတာကြည့်ခြင်းအားဖြင့် သမ္မတ ထရမ့် ကျန်းမာရေးပြဿနာအကြီးအကျယ်ရှိနေ

Title:Fact Check: ကားပေါ်မတက်ဘဲ ချော်ထွက်သွားတဲ့ သမ္မတထရမ့်ရဲ့ ဗွီဒီယိုကို လက်ရှိအဖြစ်အပျက်သဖွယ်မျှဝေ
Fact Check By: နေရာမောင်Result: False