Fact Check: ကြံ့ခိုင်ရေးပါတီဥက္ကဌ ဦးခင်ရီ အသတ်ခံရတဲ့ သတင်းတု

False နိုင်ငံရေး | Politics

ကြံ့ခိုင်ရေးပါတီဥက္ကဌ ဦးခင်ရီကို မရမ်းကုန်းမြို့နယ်မှာ ရန်ကုန် UG အဖွဲ့က အနီးကပ်လုပ်ကြံသတ်ဖြတ်လို့ သေဆုံးသွားတယ်လို့ ဆိုပြီး ဗွီဒီယိုယူကျူ့ချန်နယ်တခု က ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်း လျက်ရှိတယ်။ သတင်းတုသာဖြစ်တယ်။

ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှုပေါင်း ၈၀၀၀၀ ဝန်းကျင်ရှိထားတယ်။ တူညီတဲ့ ပြောဆိုချက်ကို  ဒီနေရာမှာလည်း ဖြန့်ဝေထားတယ်။

“ကြံ့ဖွတ်ခင်ရီ အသက်ပေးလိုက်ရပြီ 

မရမ်းကုန်းမြို့နယ်မှာ ရန်ကုန် UG တပ်ဖွဲ့မှ အနီးကပ်

ပစ်သတ်၊ သွေးချောင်းစီးနေပြီ”

Original link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုဖြန့်ဝေထားတဲ့ “Yangon Khit Thit ”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ဖြစ်စေ၊ လူမှုကွန်ယက်အသုံးပြုသူတွေ ရေးသားခဲ့တဲ့ ပို့စ်တွေကို ဖြစ်စေ ပြန်လည်ကူးယူဖော်ပြရာမှာ သတင်းခေါင်းစဉ်တုတပ်ကာ ပြန်လည် ဖော်ပြလေ့ရှိတဲ့ နေရာ တခုဖြစ်တယ်။  ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေနဲ့ မီဒီယာတွေမှာတော့ ဦးခင်ရင် အသတ်ခံရတဲ့ သတင်းဖော်ပြချက် အထောက်အထားမတွေ့ရပါဘူး။

၈ မိနစ်ကျော်ရှည်လျားတဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုထဲမှာ ပါတဲ့အကြောင်းအရာကတော့ Era’s Eye ဝက်ဘ်ဆိုဒ်မှာဖော်ပြခဲ့တဲ့ “ရွေးကောက်ပွဲမှာ လုံခြုံရေးအတွက် စိုးရိမ်စရာမလိုဘူးဆိုပြီး ကြံ့ခိုင်ရေးပါတီပြော”၊ People’s Spring သတင်းဌာနကဖော်ပြခဲ့တဲ့ “ဗန်းမော်မြို့တွင်တိုက်ပွဲဆက်လက်ပြင်းထန် ၊အမတ(၃၆၆)တပ်ရင်း KIAပြန်သိမ်းရဟု သတင်းထွက်ပေါ်”၊ “မြိုင်နှင့်ပေါက်မြို့နယ်စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်မှ အင်အား ရာဂဏန်းကျော် အလင်းဝင်ရောက်နေဟု မြိုင်ပကဖ ထုတ်ပြန်”စတဲ့သတင်းတွေ ကို ပြန်လည်ဖော်ပြထားတယ်။

သုံးသပ်ချက်

ဗွီဒီယိုဖြန့်ဝေထားတဲ့ “Yangon Khit Thit”ဟာ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိတဲ့နေရာ တခုဖြစ်တယ်။ ရွေးကောက်ပွဲ လုံခြုံရေး စိုးရိမ်စရာမလိုဘူးဆိုတဲ့ ကြံ့ခိုင်ရေးပါတီက ဦးခင်ရီ ပြောကြားတဲ့ သတင်းကို လိုအပ်သလို ခေါင်းစဉ်တုတပ်ဖြန့်ချိထားခြင်းဖြစ်တယ်။

ပြောဆိုချက်- ကြံ့ခိုင်ရေးပါတီဥက္ကဌ ဦးခင်ရီ ရန်ကုန်မှာ အသတ်ခံရ

Avatar

Title:Fact Check: ကြံ့ခိုင်ရေးပါတီဥက္ကဌ ဦးခင်ရီ အသတ်ခံရတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *