Fact Check: တော်လှန်ရေးအင်အားစု၃သိန်းနဲ့နေပြည်တော်ဝင်သိမ်းနေလို့ ရွှေ့ပြောင်းပါဆိုတဲ့ သတင်းမှား

Misleading နိုင်ငံရေး | Politics

စစ်အာဏာသိမ်းဆန့်ကျင်ရေးအဖွဲ့တွေက အင်အား ၃ သိန်း နဲ့ ဝင်သိမ်းနေတဲ့အတွက် နေပြည်တော်က ပြည်သူတွေ နာရီဝက်အတွင်း ပြေးကြပါလို့ နားလည်ရတဲ့သတင်းတုသတင်းမှား  ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုတွေအကြားဖြန့်ဝေနေပါတယ်။

“မနေ့ကပဲစစ်ကြေငြာ။ခုပဲအင်အား၃သိန်းနဲ့ဝင်သိမ်းနေလို့နေပြည်တော်ကပြည်သူများနာရီဝက်အတွင်းပြောင်းရွှေ.ပါ”လို့ ရေးသားပြီး “Meal Breeze” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုက အောက်ပါအတိုင်း မျှဝေထားတာ တွေ့ရပါတယ်။ 

မူရင်းလင်ခ့် – FB linkArchive link  

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုကိုလေ့လာကြည့်ရာမှာလည်း ၂ မိနစ်ကျော်စာရှိတဲ့ဗွီဒီယိုထဲမှာ အင်အား ၃ သိန်းနဲ့  နေပြည်တော်ကိုသိမ်းနေပြီဆိုတဲ့အကြောင်းအရာ တစ်စုံတစ်ရာမပါဝင်ပါဘူး။

ဓာတ်ပုံထဲမှာ နိုင်ငံခြားသတင်း ဌာနတစ်ခုက အစီအစဉ်တင်ဆက်သူတစ်ဦးဓာတ်ပုံကို အသုံးပြုထားပြီး ဗွီဒီယို အသံဖိုင်မှာ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG )က စစ်ကောင်စီကို စစ်မျက်နှာ ၆ ခုဖွင့်ကာ တစ်နှစ်အတွင်း  အရှိန်ယူ ထိုးစစ်ဆင်မည့်အကြောင်း၊ လာမယ့်နှစ်သည်တော်လှန်ရေးကာလ၏ အဆုံးအဖြစ်ကြောင်းစတဲ့  သတင်းအကြောင်းအရာကို ဖတ်ကြားနေတာဖြစ်ပါတယ်။ 

အလားတူ တူညီတဲ့ သတင်းမှားမျိုးကို ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း အခုလိုပဲ PDF ၂ သိန်း နေပြည်တော်ကို သိမ်းနေပြီဆိုတဲ့ သတင်းတုဖြန့်ချိခဲ့ပါသေးတယ်။ Fact Crescendo Myanmar ကအချက်အလက်စိစစ်ထားတာ ကို ဒီလင့်ခ်မှာ ကြည့်ပါ။

သုံးသပ်ချက်

စစ်အာဏာသိမ်းဆန့်ကျင်ရေးအဖွဲ့တွေက အင်အား ၃ သိန်း နဲ့ ဝင်သိမ်းနေတဲ့အတွက် နေပြည်တော်က ပြည်သူတွေ နာရီဝက်အတွင်း ပြေးကြပါလို့ ဆိုတာ သတင်းတု သတင်းမှားသာ ဖြစ်ပါတယ်။ သတင်းတွေမှာ ဖော်ပြခဲ့တဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ ( NUG )ရဲ့ တော်လှန်ရေးကာလတစ်နှစ်တာ စီမံချက်များကို တင်ဆက်ပြောဆိုနေတဲ့ ဗွီဒီယိုဖိုင်တစ်ခုသာဖြစ်ပါတယ်။ 

Avatar

Title:Fact Check: တော်လှန်ရေးအင်အားစု၃သိန်းနဲ့နေပြည်တော်ဝင်သိမ်းနေလို့ ရွှေ့ပြောင်းပါဆိုတဲ့ သတင်းမှား

Fact Check By: Zun Zee 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *