Fact Check: လေတပ်အရာရှိ လေယာဉ်နဲ့အတူ NUG ထံအလင်းဝင်ဆိုတဲ့ သတင်းတု

Misleading နိုင်ငံရေး | Politics

နိုဝင်ဘာ ၅ ရက်နေ့မှာ လေတပ်အရာရှိ လေယာဉ်နဲ့အတူ NUG ထံအလင်းဝင်တယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုတစ်ခုဖြစ်ပါတယ်။

 “Meas Davuth” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းရေးသားပြီး ဗွီဒီယိုတစ်ခုကို မျှဝေထား ရာမှာ ၄ နာရီအတွင်း ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၁၄၀၀ ဝန်းကျင်ရှိပါတယ်။ ဗွီဒီယိုထဲမှာ “လေတပ်အရာရှိ လေယာဉ်နဲ့ထွက်ပြေးလာပြီ”လို့လည်းထပ်မံရေးသားထားပါတယ်။

မူရင်းလင်ခ့် – FB linkArchive link 

အချက်အလက်စိစစ်ချက်

ဗွီဒီယိုပါအကြောင်းအရာကိုလေ့လာကြည့်ရာမှာ စစ်တပ်အာဏာသိမ်းအပြီး ကယားပြည်နယ်က ဆန္ဒပြပွဲတွေမှာ ရဲတပ်ဖွဲ့ဝင်အချိုပါ ပူးပေါင်းဆန္ဒပြခဲ့ပြီးနောက် ဖေ့စ်ဘွတ်အသုံးပြုသူတစ်ဦးက ရဲနဲ့ စစ်သားတွေကို အာဏာရှင် စစ်ဦးစီးချုပ်အမိန့်ကို မနာခံဘဲ ပြည်သူလူထုနဲ့ပူးပေါင်းခြင်းအားဖြင့် တိုင်းပြည်အနာဂတ်ကိုကယ်တင်ဖို့ တောင်းပန်နေတဲ့ ဗွီဒီယိုသာဖြစ်ပါတယ်။ 

၁၁ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုရဲ့ ၇ မိနစ်ဝန်းကျင်မှာတော့ Khit Thit Media မှာဖော်ပြခဲ့တဲ့ “အငြိမ်းစား ဒုဗိုလ်မှူးကြီး ခင်မောင်ဝင်းနှင့် ဒုတိယဇနီး ခင်မြတ်နိုးက ငွေစု မဲဖောက် အလှည့်ကျ ရယူသည့် စနစ်ဖြင့် ငွေကျပ် သိန်းတစ်သောင်းကျော် လိမ်လည် ထွက်ပြေး၊ အမှုဖွင့်လှစ်သွားရန်ရှိ”ဆိုတဲ့သတင်းကို ဖတ်ကြားနေခြင်းဖြစ်ပါ တယ်။

https://www.facebook.com/khitthitnews/posts/pfbid0DrBfNkBC51fAWczZMaYTtS6fV6TEV15ZBfzLxg5aT7DALqrkpnDy6GCkesPMUdEEl

ထို့အပြင် ဒီဗွီဒီယိုထဲမှာ ဖေ့စ်ဘွတ်အသုံးပြုသူတစ်ဦးရေးသားတဲ့ “လေကြောင်း တိုက်ခိုက်မှု အပေါ် ‌မည်သို့ တုန့်ပြန်မည်နည်း နှင့် ပတ်သက်၍ ဒေါ်မီမီဝင်းဘတ်၏ သုံးသပ်ချက်”ဆိုတဲ့အတွေးအမြင်ဆောင်းပါးကို ဖတ်ကြားနေခြင်းဖြစ်ပါတယ်။

သုံးသပ်ချက်

ဖေ့စ်ဘွတ်မှာပျံ့နှံ့ခဲ့တဲ့ အကြောင်းအရာတွေကို ဖြန့်ဝေရာမှာ လူတွေ ပိုမိုစိတ်ဝင်စားမှုရရှိဖို့အတွက် သတင်း ခေါင်းစဉ်အတုအသုံးပြုပြီး ဖြန့်ချိနေခြင်းဖြစ်ပါတယ်။ ဗွီဒီယိုရဲ့ သတင်းခေါင်းစဉ်အနေနဲ့ thumbnail ဓာတ်ပုံမှာ လေတပ်အရာရှိ လေယာဉ်နဲ့အတူ NUG ထံအလင်းဝင်တယ်လို့ရေးသားထားပေမဲ့ ဗွီဒီယိုပါအကြောင်းအရာ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာမပါဝင်ပါဘူး။ လေတပ်အရာရှိက လေယာဉ်နဲ့အတူ NUG ဆီအလင်းဝင်တယ်ဆိုတာလည်းမဟုတ်ပါဘူး။

Avatar

Title:Fact Check: လေတပ်အရာရှိ လေယာဉ်နဲ့အတူ NUG ထံအလင်းဝင်ဆိုတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *