Fact Check: ဗြိတိန်နဲ့ EU က NUGကို စစ်ရေးအကူညီပေးလိုက်ပြီဆိုတဲ့ သတင်း ခေါင်းစဉ်တု

False နိုင်ငံရေး | Politics

ဗြိတိန်နဲ့ EU က NUG ကို စစ်ရေးအကူညီပေးလိုက်ပြီဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုနဲ့ ဖြန့်ချိ ထားတဲ့ ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ ဗွီဒီယိုပါအကြောင်းအရာဟာ မြန်မာစစ်တပ်ကို ICC နဲ့ ICJ မှာတရားစွဲဆိုမှုမှာပါဝင်ထောက်ခံရေးအတွက် EU နိုင်ငံတွေကို အရပ်ဘက် အဖွဲ့အစည်း ၆၀ ကျော်က တောင်းဆိုမှုသတင်းသာဖြစ်ပါတယ်။

“Ukနဲ့ EU NUGကို စစ်ရေးအကူညီပေးပြီ”လို့ ရေးသားထားသလို “ဒေါ်လာ ၅ သန်းတန် ဂျက်ဖိုက်တာ NUG စစ်ရေးအတွက်ပေးလိုက်ပြီ”လို့ဗွီဒီယိုထဲမှာရေးသားလျှက်“Man Media” အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာ ဖေဖော်ဝါရီ ၉ ရက်က အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီဗွီဒီယိုကို ကြည့်ရှု့မှုပေါင်း ၁ သိန်း ၄ သောင်းကျော်ရှိပါတယ်။ 

မူရင်းလင်ခ့် – FB linkArchive link  

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာမှာ လည်းတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

ဗွီဒီယိုပါအကြောင်းအရာဟာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်မှာ ခေတ်သစ်သတင်းဌာနက ဖော်ပြခဲ့တဲ့ “အကြမ်းဖက် မြန်မာစစ်တပ်ကို ICC တရားရုံးပို့ဆောင်ရေးနှင့် ICJ တွင် တရားစွဲဆိုထားမှုတွင် ဦးဆောင်ပါဝင်ရန် ဥရောပသမဂ္ဂနှင့် ဥရောပနိုင်ငံများ သို့ အဖွဲ့ ၆၁ ခုက တောင်းဆို”ဆိုတဲ့ သတင်းကို ပြန်လည်ဖတ်ကြား နေခြင်းဖြစ်ပါတယ်။ သတင်းဖော်ပြချက်အပြည့်အစုံကို အောက်ပါလင့်ခ်မှာကြည့်ပါ။ ၁၀ မိနစ်ရှည်ကျော်လျားတဲ့ ဒီဗွီဒီယိုတစ်ခုလုံးမှာ မြန်မာစစ်တပ်ကို ICC မှာတရားစွဲဆိုမှုနဲ့ ICJ မှာတရားစွဲဆိုမှုမှာပါဝင်ထောက်ခံရေးအတွက် EU နိုင်ငံတွေကို မြန်မာနိုင်ငံက အရပ်ဘက်အဖွဲ့အစည်း ၆၀ ကျော်က တောင်းဆိုမှု သတင်းသာဖြစ်ပါတယ်။

မူရင်းလင်ခ့် – Khit Thit MediaArchive link  

သုံးသပ်ချက်

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်က ခေတ်သစ်သတင်းဌာနက ဖော်ပြခဲ့တဲ့ ICC နဲ့ ICJ တရားရုံးတွေမှာ  တရားစွဲ ဆိုမှုမှာ EU က ဦးဆောင်ပါဝင်ရန်  အရပ်ဖက်အဖွဲ့ ၆၁ ဖွဲ့က တောင်းဆိုတဲ့ သတင်းကို ဗြိတိန်နဲ့ EU က စစ်ရေးအကူအညီပေးပြီ၊ ဒေါ်လာ ၅ သန်းတန် လေယာဉ်ပေးပြီ ဆိုတဲ့ခေါင်းစဉ်တုနဲ့ ဖြန့်ချိနေခြင်းဖြစ်ပါတယ်။

Avatar

Title:Fact Check: ဗြိတိန်နဲ့ EU က NUGကို စစ်ရေးအကူညီပေးလိုက်ပြီဆိုတဲ့ သတင်း ခေါင်းစဉ်တု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *