
NLD ကိုအာဏာပြန်ပေးမယ်လို့ မစ္စတာဆာဆာကာဝါကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကတိပေး လိုက်တယ်လို့ဆိုပြီး ယူကျူ့အကောင့်တစ်ခုက မျှဝေထားတာဟာ သတင်းတုဖြန့်ချိနေခြင်းသာဖြစ်ပါတယ်။
“NLD ကိုအာဏာပြန်အပ်မယ်လို့မစ္စတာဆာဆာကာဝါကိုမင်းအောင်လှိုင်ဂတိပေး”လို့ ရေးသားပြီး “Daily News Myanmar” အမည်နဲ့ ယူကျူ့အကောင့်ကမျှဝေထားတာကို အောက်ပါအတိုင်းတွေ့ရပါတယ်။ ဒီဗွီဒီယိုကို ယူကျူ့မှာ ဝင်ရောက်ကြည့်ရှူ့မှုပေါင်း ၅၀၀၀ ဝန်းကျင်ရှိပါတယ်။

မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
ဗွီဒီယိုပါအကြောင်းအရာဟာ ခေတ်သစ်သတင်းဌာနက ဇန်နဝါရီ ၁၆ ရက်မှာဖော်ပြခဲ့တဲ့ “မင်းအောင်လှိုင် ဘက်တော်သား နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ နဲ့ ထိုင်းဝန်ကြီးချုပ် တွေ့ဆုံမှု စစ်အာဏာရှင် တော်လှန်နေတဲ့ မြန်မာပြည်သူတွေဆီ အန္တရာယ်တွေ ဆောင်ယူလာနေသလား”ဆိုတဲ့ သတင်းဆောင်းပါးဖော်ပြချက်ကို ပြန်လည်ဖတ်ကြားနေခြင်းဖြစ်ပါတယ်။

မူရင်းလင်ခ့် – Khit Thit Media | Archive link
မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်အချို့နဲ့ စစ်တပ်အကြား ငြိမ်းချမ်းရေးပွဲစားအဖြစ်ဆောင်ရွက်နေတဲ့ ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်း ဉက္ကဌ မစ္စတာဆာဆာကာဝါနဲ့ ထိုင်းဝန်ကြီးချုပ်တို့ ဇန်နဝါရီ ၁၃ ရက်က ထိုင်းနိုင်ငံမှာတွေ့ဆုံပြီး အကြမ်းမဖက်တဲ့နည်းလမ်းနဲ့ မြန်မာအကြပ်အတည်း အပေါ်ဖြေရှင်းရေးကိစ္စရပ်နဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ထိုင်းအစိုးရသတင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
သုံးသပ်ချက်
မီဒီယာတွေမှာဖော်ပြခဲ့တဲ့ နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ နဲ့ ထိုင်းဝန်ကြီးချုပ် တွေ့ဆုံမှုသတင်းကို ပြန်လည်ကူးယူ ဖော်ပြရာမှာ လူစိတ်ဝင်စားမှုရဖို့အတွက် မူလစာသားနဲ့ဖော်ပြချက်ကို ဗွီဒီယိုပုံစံပြောင်းလဲပြီး သတင်းခေါင်းစဉ်တု အသုံးပြုပြီး ဖြန့်ဝေခဲ့ခြင်းဖြစ်ပါတယ်။ NLD ကို အာဏာပြန်အပ်ဖို့ မစ္စတာဆာဆာကာဝါကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကတိပေးခဲ့တယ်ဆိုတာ သတင်းမှားဖြစ်ပါတယ်။

Title:Fact Check: NLD ကိုအာဏာပြန်အပ်မယ်လို့မစ္စတာဆာဆာကာဝါကို မင်းအောင်လှိုင် ကတိပေးဆိုတဲ့ သတင်းတု
Fact Check By: နေရာမောင်Result: False