Fact Check: ချင်းပြည်နယ်မှာ ပျက်ကျခဲ့တဲ့ ရဟတ်ယာဉ်ကို ဟုမ္မလင်းမှာ ပစ်ချခံရတဲ့ လေယာဉ်အဖြစ် မျှဝေ

False လူမှုရေး

ဟုမ္မလင်းတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက မြန်မာစစ်တပ် ရဟတ်ယာဉ် ၁ စီးကို ပျက်ကျအောင် ပစ်ချခဲ့တဲ့ အပိုင်းအစပုံတွေလို့ဆိုထားတဲ့ ဓာတ်ပုံတစ်ပုံ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ အမျိုးသား ညီညွှတ်ရေးအစိုးရ(NUG)က ကာကွယ်ရေးဝန်ကြီးဌာနက အာဏာသိမ်းအကြမ်းဖက်စစ်တပ်၏ ရဟတ်ယာဉ် တစ်စီး ပစ်ချနိုင်ခဲ့တယ်လို့ သူတို့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာဖော်ပြခဲ့အပြီး အခုလို သတင်းဓာတ်ပုံ မှားတစ်ခုပျံ့နှံ့ လာတာပဲဖြစ်ပါတယ်။

“ဖေဖော်ဝါရီ ၃ ရက် နေ့လည် (၃:၄၅)နာရီခန့်တွင် ဟုမ္မလင်းမြို့နယ် ဖြစ်ပွားသော တိုက်ပွဲ၌ ပြည်သူ့ကာကွယ်ရေး တပ်မတော်မှ  စကစ ရဟတ်ယာဉ် ၁ စီးကို ပျက်ကျအောင် ပစ်ချခဲ့သည့် လေပျံ အပိုင်းအစ ပုံရိပ်။

Feb 3”လို့ ရေးသားပြီး “People’s Power” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားတာကို အောက်ပါအတိုင်း တွေ့ရပါတယ်။ 

မူရင်းလင်ခ့် – FB linkArchive link  

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ ဓာတ်ပုံဟာ ၂၀၂၂ ခုနှစ် မတ် ၂၉ ရက်က ချင်းပြည်နယ်၊ ဟားခါးမြို့မှာ ပျက်ကျခဲ့တဲ့ မြန်မာစစ်အစိုးရ ရဟတ်တစ်စီးရဲ့ ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။

ချင်းတွင်းသတင်းရဲ့ ဝက်ဘ်ဆိုဒ်မှာ ၂၀၂၂ ခုနှစ် မတ် ၂၉ ရက်စွဲနဲ့ အင်္ဂလိပ်ဘာသာနဲ့ဖော်ပြခဲ့တဲ့ သတင်းကို အောက်ပါအတိုင်းတွေ့ရပါတယ်။ ဓာတ်ပုံစာသားနေရာမှာ “မတ်လ ၂၉ ရက်က ဟားခါးမြို့ ရဟတ်ယာဉ်ပျက် မှုကြောင့် ဒုက္ခရောက်သူများကို စစ်အစိုးရအာဏာပိုင်များက ကယ်ဆယ်ပေးလျက်ရှိသည်။ ဓာတ်ပုံ/NP သတင်း”

မူရင်းလင်ခ့် – The Chin DwinArchive link  

သုံးသပ်ချက်

ဓာတ်ပုံဟာ ၂၀၂၂ ခုနှစ် မတ် ၂၉ ရက်က ချင်းပြည်နယ်၊ ဟားခါးမြို့မှာ ပျက်ကျခဲ့တဲ့ မြန်မာစစ်အစိုးရ ရဟတ်တစ်စီးရဲ့ ပုံဖြစ်ပါတယ်။ ဟုမ္မလင်းတိုက်ပွဲမှာ NUG ဘက် ရဟတ်ယာဉ်တစ်စီးကို ပစ်ချခဲ့တဲ့ သတင်းနဲ့ပတ်သက်ပြီး ဓာတ်ပုံ သို့မဟုတ် တစ်စုံတရာ တရားဝင်ထုတ်ပြန်ချက်မရှိပါဘူး။

Avatar

Title:Fact Check: ချင်းပြည်နယ်မှာ ပျက်ကျခဲ့တဲ့ ရဟတ်ယာဉ်ကို ဟုမ္မလင်းမှာ ပစ်ချခံရတဲ့ လေယာဉ်အဖြစ် မျှဝေ

Fact Check By: Zun Zee 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *