Fact Check: အာဆီယံက စစ်ကောင်စီကို လေယာဉ်အသုံးပြုခွင့်ပိတ်ပင်ဆိုတဲ့ သတင်းမှား

နိုင်ငံရေး | Politics

အာဆီယံက စစ်ကောင်စီကို လေယာဉ်အသုံးပြုခွင့်ပိတ်ပင်လို့ဆိုထားတဲ့ ဗွီဒီယိုပို့စ်တွေ ယူကျူ့မှာ ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ အလားတူ ရေးသားမျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Youtube link  | Archive link

အချက်အလက်စိစစ်ချက်

ဒီလိုဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်တွေကို ကြည့်မယ်ဆိုရင် သတင်း‌မီဒီယာတွေမှာဖော်ပြထားတဲ့ သတင်းတွေကို ခေါင်းစဉ်တုတပ်ပြီး ဖြန့်ချိနေတဲ့ ချန်နယ်တွေဖြစ်တာတွေ့ရပါတယ်။ အခြားသော သတင်းလုပ်ငန်း အဓိက လုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက် မရှိပါဘူး။ 

တကယ်တော့ ဗွီဒီယိုတွေအကြောင်းအရာဟာ စက်တင်ဘာ ၁၂ ရက်ကနေ ၁၅ ရက်အထိ နေပြည်တော်မှာ ကျင်းပမယ့် အာဆီယံ လေတပ်ဦးစီးချုပ်များ ညီလာခံကို အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဖိလစ်ပိုင် တို့လိုပဲ တခြား အာဆီယံနိုင်ငံတွေ မတက်ရောက်ဘဲ သပိတ်မှောက်ကြဖို့ Justice For Myanmar အဖွဲ့က ဒီနေ့ စက်တင်ဘာ ၈ ရက်နေ့မှာ ထပ်မံ တိုက်တွန်းလိုက်ကြောင်း လွတ်လပ်တဲ့အာရှအသံက သတင်းနဲ့ စစ်ကောင်စီဦးဆောင်သည့် အာဆီယံလေတပ်ညီလာခံ ၅ နိုင်ငံသာနေပြည်တော်သို့လာတက် တဲ့သတင်းတွေသာပါဝင်ပါတယ်။ 

https://www.facebook.com/rfaburmese/videos/1305815350053709/

သုံးသပ်ချက်

ဗွီဒီယိုတွေအကြောင်းအရာဟာ နေပြည်တော်မှာ ကျင်းပမယ့် အာဆီယံ လေတပ်ဦးစီးချုပ်များ ညီလာခံကို အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဖိလစ်ပိုင် တို့လိုပဲ တခြား အာဆီယံနိုင်ငံတွေ မတက်ရောက်ဘဲ သပိတ်မှောက်ကြဖို့ Justice For Myanmar အဖွဲ့ရဲ့တောင်းဆိုချက်ကို ခေါင်းစဉ်လွဲတပ်ထားခြင်းသာဖြစ်တယ်။

Avatar

Title:Fact Check: အာဆီယံက စစ်ကောင်စီကို လေယာဉ်အသုံးပြုခွင့်ပိတ်ပင်ဆိုတဲ့ သတင်းမှား

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *