
၂၀၂၂ခုနှစ် နိုဝင်ဘာ ၁၁ ရက်မှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီး လူထုနဲ့တွေ့မယ်လို့ ရေးသား ထားတဲ့ ဗွီဒီယိုကို တစ်တော့(tiktok)အသုံးပြုသူတစ်ဦးက မျှဝေထားရာမှာ ဗွီဒီယိုဟာ တစ်ရက်အတွင်း ကြည့်ရှူ့မှုပေါင်း ၂ သိန်းကျော်ရှိပြီး ပြန်လည်မျှဝေမှုပေါင်း ၁၃၀၀ ကျော်ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်တိုဘာ ၁၂ ရက်အထိ စုစုပေါင်း ထောင်ဒဏ် ၂၆ နှစ်ချမှတ်ခံထားရပြီး နောက်ထပ်အမှုတွေလည်း ဆက်လက်ရင်ဆိုင် နေရဆဲဖြစ်ပါတယ်။
ဒီလိုအခြေအနေမှာ “10.11.2022 ရက်နေ့ အမေဒေါ်အောင်ဆန်းစုကြည် ပြည်သူလူထုနဲ့ အတူတွေ့ဆုံခွင့်ရ တော့မည် သတင်းအမှန်ပါ။ Copy ယူပြီးလူများများသိအောင် ရှယ်ပေးခဲ့ပါ”လို့ ရေးသားပြီး “nayminkok59” အမည်နဲ့တစ်တော့ အသုံးပြုသူကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – မူရင်းလင့်ခ်| Archive link
အချက်အလက်စိစစ်ချက်
ဒီ “nayminkok59”အမည်နဲ့အကောင့်ကိုလေ့လာကြည့်ရာမှာ အောက်တိုဘာ ၂၀ ရက်မှာ “10.10.2022 နေ့ အမေ့ပြန်လားမည် သတင်းအမှန်ပါ R2P ဝင်ပေးမှာပါ”လို့ ရေးသားပြီး မျှဝေခဲ့ပါသေးတယ်။

အောက်တိုဘာ ၁၈ ရက်နေ့ကတော့ ဒီအကောင့်ဟာ “@phyothurakyaw998”အကောင့်က တစ်တော့ ဗွီဒီယိုတစ်ခုကို ပြန်လည်မျှဝေခဲ့ပြီး ဒီဗွီဒီယိုထဲမှာ “26.10.2022 ရက်နေ့ အမေဒေါ်အောင်ဆန်းစုကြည် ပြည်သူလူထုနဲ့အတူ တွေ့ဆုံခွင့်ရတော့မည် သတင်းအမှန်ပါ လူများများသိအောင်ရှယ်ပေးခြင်းဖြင့် ကူညီပေးကြပါ”လို့လည်းရေး သားထားတာတွေ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အိမ်ပြန်ရောက်ပြီ ပြန်လွတ်လာပြီဆိုတဲ့သတင်းမှားတွေဟာ မကြာခဏ လူတွေအကြား ဖြန့်ဝေနေတဲ့ သတင်းမှားတွေဖြစ်ပါတယ်။ Fact Crescendo Myanmar အချက်အလက်စိစစ်ထားတာ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာကြည့်ပါတယ်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၂ ရက်ကပဲ ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ထိန်းချုပ်ထားတဲ့ တရားရုံးက ထောင်ဒဏ်သုံးနှစ်ထပ်ချမှတ်လိုက်ပြီး ၁၄ မှုအတွက်စုစုပေါင်း ထောင်ဒဏ် ၂၆ နှစ်ကျခံရဖို့ရှိနေပါတယ်။ NLD အစိုးရလက်ထက် သဘာဝဘေး အန္တရာယ် ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေကနေ ရဟတ်ယာဉ်ဝယ်ယူ၊ ငှားရမ်း အသုံးပြုတဲ့ကိစ္စတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိအမှု ၅ မှုကိုလည်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ထပ်မံတရားရင် နေရဆဲဖြစ်ပါတယ်။
သုံးသပ်ချက်
ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်အချုပ်ထောင်မှာပဲဆက်လက်ရှိနေပြီး စစ်တပ်က စွပ်စွဲတရားစွဲဆို ထားတဲ့ အမှုတွေအတွက်လည်း ဆက်လက်တရားရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ပြန်လည် လွတ်မြောက်လာပြီ၊ လွတ်မြောက်လာဖို့ရှိတယ်ဆိုတာတွေဟာ မကြာခဏဖြန့်ချိနေတဲ့ သတင်းမှားဖြစ်လာ နေတာလည်းတွေ့ရပြီး မဟုတ်မှန်တာလည်းတွေ့ရပါတယ်။
ပြောဆိုချက် – ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်မယ်

Title:Fact Check: ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၁၁ ရက်မှာ ပြန်လွတ်မယ်ဆိုတဲ့ သတင်းမှား
Fact Check By: Nayar MaungResult: Misleading