Fact Check: NUG ရဲ့အကြမ်းဖက်လုပ်ရပ်ကို လက်မခံဘူးလို့ ဒေါ်အောင်ဆန်စုကြည် ပြောခဲ့တယ်ဆိုတာ မဟုတ်ပါ

False နိုင်ငံရေး | Politics

NUG ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို လက်မခံကြောင်း ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ရှေ့နေတွေကိုပြောတယ် လို့ ရေးသားပြီး ဖေ့စ်ဘွတ်မှာမျှဝေလျက်ရှိပါတယ်။ သတင်းစာတစ်စောင်က ရေးသားဖော်ပြချက်ဖြတ်ပိုင်း တစ်ခုလို့ ယူဆရတဲ့ ဓာတ်ပုံပို့စ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အကြမ်းဖက်လုပ်ရပ်ကို အားမပေးကြောင်းနဲ့ NUG ရဲ့လုပ်ရပ်တွေကို အံ့ြသဝမ်းနည်းရကြောင်း သူ့ရှေ့နေတွေကို ပြောကြားခဲ့တယ်လို့ ရေးသားထားပါတယ်။ 

သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေတစ်ဦးဖြစ်တဲ့ ဒေါ်မင်းမင်းစိုးက ဒီလိုပြောကြားခဲ့တာ မဟုတ်ကြောင်းငြင်းဆိုထားပါတယ်။ 

 “NUG ရဲ့အကြမ်းဖက်လမ်းစဥ်ကို လက်မခံကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော”လို့ရေးသားပြီး “နေဘုန်းခန့်” အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြု သူက မျှဝေထားတာ အောက်ပါအတိုင်းတွေ့ရပါတယ်။အလားတူ ရေးသားထားတဲ့ ပို့စ်ကို ဒီနေရာဒီ‌နေရာဒီနေရာဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါ တယ်။

C:\Users\Mi\Pictures\0910-assk-nug\Screenshot 2021-09-20 at 15-45-48 Han Nyein Oo News NUG ရဲ့အကြမ်းဖက်လမ်းစဥ်ကို လက်မခံကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော Facebook.png

မူရင်းလင်ခ့် – Fb linkArchive link

အချက်အလက်စိစစ်ချက်

 အွန်လိုင်းမှာ ပျံ့နေတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ NUG ရဲ့ အကြမ်းဖက်လုပ်ရပ်ကို မနှစ်သက်ဆိုတဲ့ ကိစ္စကို ဒေါ်အောင်ဆန်းစုကြည်က မပြောခဲ့သလို သူမကို ကိုယ်စားပြုထားတဲ့ ရှေ့နေ ကမှလည်း ပြောကြားခဲ့တာမရှိဘူး လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေတစ်ဦးဖြစ်တဲ့ ဒေါ်မင်းမင်းစိုးက ပြောတယ်လို့ Voice of Myanmar သတင်းဌာနက ရေးသားပါတယ်။ ဘီဘီစီ မြန်မာပိုင်းရဲ့ ဒီလင့်ခ်မှာလည်းတွေ့ရပါတယ်။

C:\Users\Mi\Pictures\0910-assk-nug\Screenshot 2021-09-20 at 17-37-58 Voice of Myanmar – Posts Facebook.png

မူရင်းလင်ခ့် – Voice of MyanmarArchive link

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ နေပြည်တော်ကောင်စီဉက္ကဌ ‌ဒေါက်တာမျိုးအောင်တို့ကို ရုံးထုတ်တဲ့ ဓာတ်ပုံဟာ မေ ၂၄ ရက်မှာ စစ်တပ်က အများပြည်သူကို ထုတ်ပြန်လာတဲ့ ပထမဆုံးအကြိမ်ရုံးထုတ် ဓာတ်ပုံဖြစ်ပါတယ်။

C:\Users\Mi\Pictures\0910-assk-nug\Screenshot 2021-09-20 at 17-44-43 Myanmar's Suu Kyi makes first in-person court appearance(1).png

မူရင်းလင်ခ့် – WWMTArchive link

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ NUG ရဲ့အကြမ်းဖက်လုပ်ရပ်တွေကို လက်မခံကြောင်း ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ရှေ့နေတွေကိုပြောတယ်ဆိုတာ သတင်းတုသတင်းမှားဖြစ်ပါတယ်။

Avatar

Title:NUG ရဲ့အကြမ်းဖက်လုပ်ရပ်ကို လက်မခံဘူးလို့ ဒေါ်အောင်ဆန်စုကြည် ပြောခဲ့တယ်ဆိုတာ မဟုတ်ပါ

Fact Check By: Zun Zee 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *