
မြန်မာလို့ “ကြယ်ပွင့်”လို့ဘာသာပြန်ဆိုနိုင်တဲ့ ခမာဘာသာနဲ့ “ផ្កាយ”လို့ရေးသားထားတဲ့ဖေ့စ်ဘွတ်စာမျက်နှာဟာ ထင်ယောင်ထင်မှားဖြစ်ဖွယ်ခေါင်းစဉ်တုတွေနဲ့ သတင်းတွေကို ဆက်တိုက်ဖြန့်ချိနေတာတွေ့ရပါတယ်။ လူမှုကွန်ယက်မှာ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ သတင်းမီဒီယာလုပ်ငန်းအချို့က သတင်းတွေကို သတင်းတုခေါင်းစဉ် ပေးပြီး ဗွီဒီယိုပုံစံ ယူကျူ့နဲ့ဘလော့ဂ်အချို့မှာ ပြန်လည်ဖော်ပြနေခြင်းဖြစ်ပြီး လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲစေနိုင်တာတွေ့ရပါတယ်။
အောက်ပါ screenshot ကတော့ လွန်ခဲ့တဲ့ နာရီအနည်းငယ်အတွင်းမှာ ဒီစာမျက်နှာဖော်ပြခဲ့တဲ့ နားလည်မှုလွဲ စေနိုင်တဲ့ သတင်းခေါင်းစဉ်တုနဲ့ ဗွီဒီယိုတွေပဲဖြစ်ပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
ဒီနေရာ၊ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာကြည့်ပါ။
အချက်အလက်စိစစ်ချက်
၂၀၂၁ ခုနှစ် အောက်တိုဘာမှစတင်ဖွင့်လှစ်ခဲ့တဲ့ ဖေ့စ်ဘွဝ်ဒီစာမျက်နှာဟာ ပြီးခဲ့တဲ့ တစ်ပတ်အတွင်းမှာ ဗွီဒီယို ပေါင်း ၂၂၀ ကျော်ကိုဖော်ပြခဲ့ပြီးဖြစ်ပါတယ်။

များသောအားဖြင့် ပို့စ်ပါစာသားနဲ့ ဗွီဒီယိုရုပ်သေမှာဖော်ပြထားတဲ့ ခေါင်းစဉ်ပါစာသားတွေ ဗွီဒီထဲမှာတဲ့ အကြောင်းအရာ မသက်ဆိုင်တာ၊ လူတွေကို နားလည်မှုလွဲစေတဲ့အထိ သတင်းခေါင်းစဉ်အတုတွေဖန်တီးဖော်ပြ ထားတာတွေများပါတယ်။ ဗွီဒီယိုထဲကို ဝင်ကြည့်မယ်ဆိုရင် လူမှုကွန်ယက်မှာ လူတွေ စိတ်ဝင် စားမှုများခဲ့တဲ့ Khit Thit Media၊ DVB TV News၊ Mizzima News in Burmese၊ Myammar Now၊ BBC Burmese ၊ RFA Burmese စတဲ့ ထိပ်တန်းသတင်းဌာနတွေက သတင်းတွေကို လူတွေစိတ်ဝင်စားမှုများတဲ့အလျှောက် ကူးယူဖော်ပြပြီး ဗွီဒီယိုအသံဖိုင်အနေနဲ့ မျှဝေနေခြင်းဖြစ်တာတွေ့ရပါတယ်။
သို့သော် ဗွီဒီယိုမကြည့်မိဘဲ ခေါင်းစဉ်တွေကိုသာဖတ်မိမယ်ဆိုရင် ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့ နားလည်မှုကို လွဲစေနိုင်ပြီး ဆန့်ကျင်ဘက်ဖြစ်နေတာတွေ့ရပါတယ်။
ပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာ Fact Crescendo Myanmar က နားလည်မှုလွဲစေနိုင်တဲ့ ခေါင်းစဉ်တု ဗွီဒီယိုတွေကို အချက်အလက်စိစစ်မှုတွေလုပ်ခဲ့ရာမှာ ဒီစာမျက်နှာဟာ တစ်ခုအပါဝင်ဝင်ဖြစ်ပါတယ်။ ဒီလင့်ခ်၊ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာကြည့်ပါ။
သုံးသပ်ချက်
ခမာဘာသာနဲ့ “ផ្កាយ”လို့ရေးသားထားတဲ့ဖေ့စ်ဘွတ်စာမျက်နှာဟာ လူတွေအကြားပျံ့နှံ့မှုအားကောင်းခဲ့တဲ့ နာမည်ကြီးသတင်းဌာနပါ သတင်းတွေကို နားလည်မှုလွဲစေနိုင်တဲ့ခေါင်းစဉ်တုတွေနဲ့ ပြန်လည်ဖြန့်ဝေနေခြင်း ဖြစ်တာတွေ့ရပါတယ်။ ဗွီဒီယိုတွေနဲ့ ပို့စ်ပါ စာသားတွေဟာ သတင်းတုသတင်းမှားတွေဖြစ်ပါတယ်။

Title:Fact Check: သတင်းခေါင်းစဉ်တုတွေဖြန့်ချိနေတဲ့ ခမာဘာသာ “ផ្កាយ” ဖေ့စ်ဘွတ်စာမျက်နှာ
By: Nayar MaungResult: Explainer